မိုင်းယောင်းတွင် မဲသွားမထည့်လျှင် ငွေကောက်၊ အိမ်ထောင်စုပယ်၊ ခရီးသွားခွင့်မပြုဟု စစ်ကော်မရှင် ခြိမ်းခြောက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ မဲရုံတွင် မဲသွားမထည့်လျှင် ငွေကောက်ခံခြင်း၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်ခြင်း၊ ခရီးသွားလာ ခွင့်မပြုခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။

မဲရုံတွင် မဲသွားမထည့်ပါက ဒဏ်ငွေအနေဖြင့် ထပ်မံကောက်ခံသွားမည်ဟုလည်း ပြီးခဲ့ရက်ပိုင်းက မိုင်းယောင်းမြို့နယ်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မိုင်းယောင်းမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူတိုင်းမဲသွားထည့်ရတယ်။ မဲထည့်ရင် ငွေကောက်မယ်၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်မယ်၊ ခရီးသွားခွင့်မပြုဘူးလို့ နားမွန်းမိုင်ရွာက အုပ်ချုပ်ရေးမှူးက အမျိုးမျိုး ခြိမ်းခြောက်ထားတယ်။ ပြီးတော့ တစ်အိမ်ကို ၅,၀၀၀ ကျပ် မထည့်မနေရထည့်ရတယ်။ မဲမထည့်ရင်လည်း ဒဏ်ငွေအနေနဲ့ ထပ်ကောက်မှာတဲ့” ဟု မိုင်းယောင်းမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် အဝေးရောက်နေသည့် ဒေသခံများကိုလည်း နေရပ်ပြန်လာခိုင်းပြီး ပြန်မလာပါက အိမ်ထောင်စာရင်းထဲ ပယ်ထုတ်မည်ဟု အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ထားကြောင်း ၎င်းက ပြောသည်။

“အဝေးရောက်တဲ့သူကိုရော ပြန်လာခိုင်းတယ်။ ပြန်မလာရင် အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတယ်။ လူတွေလည်း အလုပ်ရှုပ်တယ်၊ အားလုံးက မဲရလဒ်ကို သိနေပြီးသား။ စိတ်အနှောက်အယှက် ဖြစ်တယ်” ဟု အထက်ပါမြို့ခံတစ်ဦးက ထပ်လောင်းပြောသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၁ စုတွင် မဲရုံပေါင်း (၄၀) မှ မဲဆန္ဒရှင်ပြည်သူ (၂၁၇၃၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...