Wednesday, January 28, 2026

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ တစ်ထောင် အတု ပြန်နှံ့နေ

မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (တစ်ထောင်) တန် စက္ကူအတု ပြန့်နှံ့လာနေကြောင်း စုံစမ်းသိရသည်။

ထိုင်းဘတ် ၁၀၀၀ တန် အတုနဲ့ အစစ်

တာချီလိတ်တွင် အဓိကအားဖြင့် ထိုင်းဘတ်ငွေများကို အသုံးပြုနေရသဖြင့် ဘတ်ငွေ (တစ်ထောင်) တန် ငွေစက္ကူအတု ပြန့်နှံ့လားခြင်းနှင့်ပတ်သက်ပြီး သတိထားကိုင်ဆောင်ရန် လိုအပ်ကြောင်း တာချီလိတ်ဒေသခံ ဆန်ဆိုင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ပုံမှန်ဘတ်ငွေ အစစ်နဲ့တွေတော့ တကယ်တူပါတယ်။ သေချာမကြည့်ရင် အတုနဲ့ အစစ်ကို မခွဲခြားနိုင်ပါဘူး။ ငွေစက္ကူ အတုတွေက ကြည့်မယ်ဆို (๑๐๐๐) ဂဏန်းရဲ့ အပေါ်မှာထိုင်းဘုရင်ပုံ မပါဘူး။ ထိုင်းဘုရင်ပုံ ပါ၊ မပါကတော့ အလင်းရောင်ရှိတဲ့ဘက်ကို ငွေနဲ့ကာပြီး အဲ့(๑๐๐๐) ဂဏန်းရဲ့ အပေါ်ကွက်လပ်လေးက ကြည့်ရတယ် “ ဟု ၎င်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ထိုင်းဘတ်ငွေ (တစ်ထောင်) တန် ငွေစက္ကူအတုများ ကိုင်ဆောင်ထားသူများက ပြန်လည် အသုံးပြု၍ မရလျှင် နစ်နာမှုများစွာရှိကြောင်း ၎င်းကဆက်ပြောသည်။

“ ကိုယ့်ဆီကို ဈေးလာဝယ်ရင် သေချာစစ်ဆေးဖို့ လိုတယ်။ ဈေးသည်တွေဆိုရင် ပိုတောင်သတိထားရတယ်။ ကိုယ်ဆီကဝယ်သွားပြီး ကိုယ့်ကဒီငွေအတုကို ပြန်သွားသုံးလို့ မရရင် အလကား ရှုံးတယ်။ ထိုင်းဘတ်ငွေ (တစ်ထောင်) ဆိုတာက တန်ဖိုးအများကြီးရှိပါတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိတွင် ငွေကြေးရေး ပြဿနာများနှင့် ပတ်သတ်၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ (စစစ) မှာ တာဝန်ရှိသော်လည်း ယနေ့အချိန်ထိ ထိုကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

တာချီလိတ်မြို့နယ် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်အတူ အမျိုးသား ၇ ဦးကိုဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ၆ ဘီလီယံကျော်တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုနှင့်အတူ အမျိုးသား ၇ ဦးကို ဖမ်းမိရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄...