နောင်ချို- ပြင်ဦလွင် ကြား စစ်ကောင်စီနှင့် မန္တလေး PDF တိုက်ပွဲဖြစ် စစ်ကောင်စီ အရာရှိတစ်ဦးသေဆုံး

သျှမ်ပြည်မြောက်ပိုင်း နောင်ချို- ပြင်ဦးလွင်ကြားစစ်ကောင်စီနှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံးကြောင်း စုံစမ်းသိရသည်။

MDY PDF

ယခုလ နိုဝင်ဘာ ၈ ရက် နှင့် ၉ရက် တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာသည့်အတွက် စစ်ကောင်စီနှင့် မန္တလေး PDF တို့တိုက်ပွဲဖြစ်ပွဦးကာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံသွားကြောင်း မန္တလေး PDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ တိုက်ပွဲက ၂ ရက်ဖြစ်တာ။ သူတို့ဘက်က ထိုးစစ်ဆင်းလာလို့ တိုက်ပွဲဖြစ်တာပါ။ သူတို့ဘက်ကတော့ သေဆုံးမှု ၁၀ ကျော်ပါတယ်။ ရာထူးကြီးတဲ့ အရာရှိတစ်ဦးလည်းပါတယ်။ ဒါကတော့ ကျနော်တို့ အနီးကပ်ဆုံး စုံစမ်း သိရှိရတဲ့ အချက်လက်ပါ” ဟု မန္တလေး PDF မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသော နေရာသည် ပြည်သူများနေထိုင်သည့် ကျေးရွာနှင့်ဝေးကွာသော်လည်း တိုက်ပွဲကြီး ဆက်ဖြစ်ပွားမည်ကို နောင်ချိုပြည်သူများက စိုးရိမ်နေကြသည်။

MDF PDF

ထိုအပြင် လက်ရှိတောင်ယာ၊ လယ်ယာများကို ရိတ်သိမ်းချိန် ဖြစ်သောကြောင့် တိုက်ပွဲကို မလိုလားကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ တိုက်ပွဲဖြစ်ပွားတာက ရွာတွေနဲ့တော့ဝေးတယ်။ စစ်ဘေးရှောင်ရတာတွေ၊ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ ဒါမဲ့တိုက်ပွဲဆက်ဖြစ်ပွားပြီး ရွာတွေဖက်လာမှာကိုတော့ စိုးရိမ်တယ်။ အခုက ကျနော်တို့ လယ်ယာတွေ ရိတ်သိမ်းချိန်ဖြစ်တယ်လေ။ ဒီဘက်ကိုတော့ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု နောင်ချိုမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ နောင်ချို- ပြင်ဦးလွင်ကြားတွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ စစ်ရေးတင်းမာနေလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒိုးပင်ကျေးရွာ၊ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာမှ ပြည်သူ ၁ထောင် ဝန်းကျင်က စစ်ဘေးတိမ်းရှောင် လာခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...