Thursday, December 1, 2022

စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျပေါက်ကွဲ စစ်ရှောင် ထပ်မံရွှေ့ပြောင်းရ

Must read

ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စစ်ရှောင်များ နေရာသစ်တို့ ထပ်မံပြောင်းရွေ့ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

မိုးမောက်စစ်ရှောင်

ယခုလ ( နိုဝင်ဘာလ ၁၁ )ရက်တွင်  ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်း အနီးတွင် စစ်ကောင်စီမှ ပစ်လိုက်သော လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ ခဲ့ပြီးနောက်  စစ်ရှောင်များလည်း နေရာသစ်ထံ ထပ်မံရွှေ့ပြောင်းခဲ့ရကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လက်နက်ကြီးကျပေါက်ကွဲတာ ကျနော်တို့ ကျောင်းတိုက်နဲ့  မီးဓာတ်တိုက် ၃ တိုင်လောက်ပဲ ဝေးတယ်။  အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်။ ခြေထောက်နှစ်ဖက်နဲ့ ပုခုံးက လက်နက်ကြီး ကျည်စထိ သွားတယ်။ ပြည်သူနေအိမ် ၂ လုံးလည်း မီးလောင်သွားတယ်။ အခုကျောင်းတိုက်မှာ စစ်ရှောင်တွေခိုလှုံဖို့ မလုံခြုံတော့ သျှမ်းစာပေယျဉ်ကျေးမှုကျောင်း နဲ့ နေရပ်အိမ်မှာ ပြန်သွားနေရတယ် “ ဟု ၎င်းကော်မတီဝင် တစ်ဦးကပြောသည်။

မိုးမောက်စစ်ရှောင်

လောကမာရဇိန်ကျောင်းတွင် ခိုလှုံနေသော စစ်ရှောင်များသည် လုံဂျာကျေးရွာမှ စစ်ရှောင်များဖြစ်ပြီး လက်ရှိ သျှမ်းစာပေယဉ်ကျေးမှုကျောင်းတွင် စစ်ရှောင်ဦးရေ အိမ်ထောင်စုဝင် (၁၆) စု ရွှေ့ပြောင်းခဲ့ပြီး အချို့မှာလည်း နေရပ်အိမ်သို့ ပြန်လည်နေထိုင်ကြောင်း သိရသည်။

ထို့အပြင် မိုးမောက်တိုက်ပွဲအတွင်း ထွက်ပြေးသိမ်းရှောင်နေဆဲ ဖြစ်သော စစ်ရှောင်ဦးရေ (၆၀၀) ကျော်သည် လက်ရှိတွင် သောက်သုံးရေ၊ ဆေးဝါး နှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

မိုးမောက်စစ်ရှောင်

“ သောက်ဆုံးကတော့ အခက်ခဲရှိနေသေးတယ်။ ကျနော်တို့ဆီမှာရှိတဲ့ ရေက မသန့်ရှင်းဘူး၊ ဝယ်သောက်ရတယ်။ အခုက ရာသီဉတုကလည်း အေးလာတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ ကဖျားနာနေကြတယ်။ ကျနော်ဆီမှာ လည်း ဆရာဝန်မရှိတော့ ဆေးခန်းမှာဆေးဝယ်ယူရတယ်။အအေးမိ ဖျားပျောက်ဆေး အရင်က တစ်ကဒ်ကို (၅၀၀) ဆိုပေမယ့် အခုတစ်ကဒ်ကို (၈၀၀) ကျော်ထိ ပေးရတယ် “ ဟု ၎င်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ကချင်ပြည် မိုးမောက်မြို့နယ် လုံဂျာ နှင့် နောင်ပေါင်းကျေးရွာဒေသခံ ၆၀၀ ကျော်ဝန်းကျင်က အောက်တိုဘာ ၂၀ ရက်နေ့ကစ KIA, PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၄ ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article