Wednesday, January 28, 2026

တာလေ ယာဥ်တိုက်မှုဖြစ် အမျိုးသားတစ်ဦး ဦးခေါင်းကွဲ ဒဏ်ရာရ

သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ် နားယောင်းကျေးရွာအုပ်အတွင်းရှိ လိမ္မော်ခြံအတွင်းတွင် ကား နှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသူမှာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တာလေ ယာဥ်တိုက်မှု

ယမန်နေ့( နိုဝင်ဘာလ ၁၃) ရက် နေ့လည်ပိုင်း ၃ နာရီဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲပြီး ဆိုင်ကယ်မောင်းနှင် လာသူ အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဦးခေါင်း၏ နောက်ဆက်ကွဲပြီး သတိလစ်မေ့သွားကြောင်း တာလေမြို့ ပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိတစ်ဦးက ပြောသည်။

“ လိမ္မော်ခြံ အတွင်းဖြစ်ပြီး တာလေဆေးရုံကို ခေါ်လာတယ်။ ယာဉ်တိုက်မိတဲ့ နေရာအထိ မသွားလိုက်ရဘူး။ ဆိုင်ကယ်က မောင်းလာတဲ့သူက ဦးခေါင်းနောက်ဆက်တွဲပြီး သတိလစ်သွားတယ်။ ထိခိုက်ဒဏ်ရာတော့ စိုးရိမ်ရတယ် “ ဟု ၎င်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

တာလေ ယာဥ်တိုက်မှု

အဆိုပါ မူခင်းဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာတစ်ဦးကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ပို့ဆောင်ခဲ့ပြီး ကားမောင်းနှင်သူတစ်ဦးလည်း ထိခိုဏ်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်း ၆ နာရီဝန်းကျင် နားယောင်းအုပ်စု ရန်ကင်းကျေးရွာ ဆီပန့်ဆိုင်ရှေ့တွင် ဆိုင်ကယ်နှင့် စက်ဘီး တိုက်မိပြီး စက်ဘီးမောင်းနှင်လာသူတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိကာ တောလေဆေးရုံတွင် ပို့ဆောင်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး တက္ကသိုလ်အနီး ယာဉ်တိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးတစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် အနီးတွင် ယာဉ်တိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ်ရှိ ကျောင်းသူ တစ်ဦးကပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၁ ရက်) တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမပေါ် တောင်ကြီး တက္ကသိုလ် နှင့် ဧရာဝတီ လက်ဖက်ရည်ဆိုင် အကြားတွင်...

ဆိုင်ကယ်နှင့် ၁၀ ဘီး တွဲကား တိုက်မိကာ အမျိုးသားတစ်ဦးသေဆုံး

0
သျှမ်းပြည် အောင်ပန်းမြို့ တွင် ဆိုင်ကယ်နှင့် ၁၀ ဘီး တွဲကား ယာဉ်တိုက်မှု ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် အောင်ပန်မြို့၊ ညောင်ပင်တာရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့ (မေ ၁၈)ရက် ညနေ ၄နာရီဝန်းကျင်၌ ၁၀ ဘီး တွဲကားတစ်စီး နှင့်...

‘ဝ’ဒေသ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကား ၃ စီးဆင့် ယာဉ်တိုက်မှုဖြစ်ပွား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကား ၃ စီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၉ ရက်) ည ၆ နာရီခန့်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်း(ပန်ခမ်း)မြို့လယ်ရှိ နားလော့ရပ်ကွက်၌ ကားတစ်စီးသည် လူနာတင်ယာဉ်အား...

မူဆယ်မြို့နယ် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ ယနေ့ (ဧပြီလ ၁၀) ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဒီမနက်မှာပဲဖြစ်သွားတာ။အဲ့...

ကလောမြို့နယ် ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ဆိုင်ကယ်ယာဉ်မောင်း ၁ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ် မြင်းမထိရွာနှင့် နန်းတိုင်းရွာကြား ကားလမ်းမပေါ်တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြရာ ဆိုင်ကယ်ယာဉ်မောင်း ၁ ဦးသေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၅) ရက် ၁၁ နာရီခွဲတွင် ကလောမြို့နယ် မြင်းမထိရွာနှင့် နန်းတိုင်းရွာကြား ကားလမ်းမပေါ် အကွေ့တစ်နေရာ၌ ကားတစ်စီးနှင့်...