Monday, April 29, 2024

မူဆယ်မြို့နယ် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

Must read

သျှမ်းပြည် မူဆယ်မြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ ယနေ့ (ဧပြီလ ၁၀) ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီမနက်မှာပဲဖြစ်သွားတာ။အဲ့ အမျိုးသမီးက စျေးဝယ်ဖို့ ဆိုင်ကယ်နဲ့လာတာ။ သူတို့ကထမင်းဆိုင်ဖွင့်ထားတာလေ။ ကားက နမ့်ခမ်းဘက်ကနေ တက်လာတာ၊ အဲ့မှာ ဆိုင်ကယ်ကလည်း သူ့ဟာသူလော၊ ကားကလည်း မြန်တော့ တိုက်တာပဲ။ အမျိုးသမီးက ပွဲချင်းပြီးဆုံးသွားတာ” ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို သေဆုံးသွားသည့် အမျိးသမီး၏ အလောင်းကို သဒ္ဓါဖြူစင် လူမှုကူညီရေး အသင်း မှ လာခေါ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ယနေ့ (ဧပြီလ ၉ ရက်‌)တွင်လည်း မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ရှိ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသည့် ဆေးခန်းတွင် ဒေါက်တာမိုးကျော်နိုင် အမည်ရှိ ဆရာဝန်သည် လူနာများကို ဆေးကုသမှု ပေးနေစဉ် အမည်မသိ လူ ၄ ဦးက ကားဖြင့် ရောက်ရှိလာပြီး ၎င်းဆရာဝန်အား ရိုက်နှက်ဖမ်းဆီး၍ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article