Tuesday, January 27, 2026

ကလောမြို့နယ် ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ဆိုင်ကယ်ယာဉ်မောင်း ၁ ဦးသေဆုံး

သျှမ်းပြည် ကလောမြို့နယ် မြင်းမထိရွာနှင့် နန်းတိုင်းရွာကြား ကားလမ်းမပေါ်တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြရာ ဆိုင်ကယ်ယာဉ်မောင်း ၁ ဦးသေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကလော ယာဥ်တိုက်မှု

ယနေ့ (အောက်တိုဘာလ ၂၅) ရက် ၁၁ နာရီခွဲတွင် ကလောမြို့နယ် မြင်းမထိရွာနှင့် နန်းတိုင်းရွာကြား ကားလမ်းမပေါ် အကွေ့တစ်နေရာ၌ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြရာ ဆိုင်ကယ်ယာဉ်မောင်း အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် အောင်ပန်းနားရေး ကူညီမှုအသင်းမှ ပြောသည်။

“ ကျနော်တို့ကို အကြောင်းကြားလာလို့ သွားကူညီခဲ့တာ။ ယာဉ်တိုက်ထားတာတော့ တော်တော်ကြမ်းတယ်။ ဘယ်လိုတိုက်မိကြတာလဲတော့ မသိရဘူး။ ဒါပေမယ့် အဲ့မှာတော့ လမ်းအကွေ့တစ်ခုရှိတယ်။ ကွေ့ရင်း တိုက်မိကြသလားတော့ မပြောတတ်ဘူး။ ဆိုင်ကယ်ယာဉ်မောင်းတော့ ဆေးရုံအရောက်မှာဘဲ ဆုံးသွားတယ်။ ကားသမားတော့ ထွက်ပြေးသွားတယ် “ ဟု ၎င်းနားရေးကူညီမှုအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိမှာ ကားတိုက်ခံရပြီး သေဆုံးသွားသည့် အမျိုးသားတစ်ဦးကို ကလောဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပေးသည်။

သေဆုံးသွားသူသည် မည်သူဖြစ်ကြောင်း မသိရှိရသေးဘဲ ၎င်းနှင့်နီးစပ်သူ မိသားစုထံသို့ ဆက်သွယ်ရန် ကြိုးစားနေကြောင်း ၎င်းကဆိုသည်။

ထို့အပြင် အောက်တိုဘာလ (၁ ရက်နေ့မှ ၂၅ ရက်) အထိ ကလောမြို့နယ်နှင့် အောင်ပန်းမြို့နယ်အတွင်း စုစုပေါင်း ယာဉ်တိုက်မှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နားရေးကူညီမှုအသင်းမှ သွားရောက်ကူညီခဲ့သည့် မှတ်တမ်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလော စစ်တပ်မြေဟောင်းဟုဆိုပြီး အိမ်ခြေ ၃၀ ကျော်ဖယ်ရှားခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူပိုင်မြေ များကို စစ်တပ်မြေ အမည်ပေါက်သည်ဟုဆိုကာ အိမ်ခြေ ၃၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများက ပြောသည်။ ကလောမြို့ အမှတ် (၃) ရပ်ကွက်ရှိ စစ်တပ်မြေဟောင်း နေရာအတွင်း ကျူးကျော်ပြီး ကျော်တိုင်ခြံစည်းရိုး ကာရံထားသည့် အကွက်ပေါင်း...
ကလော ရေကြီးမှု

ကလော ရေကြီးမှု မှတဆင့် အင်းလေးကန်လည်း ရေကြီးလာနိုင်

0
ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သျှမ်းပြည် ကလောမြို့မှာ ရေကြီးမှုဖြစ်ပွားပြီး နေအိမ်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလောမြို့ရှိ ကလောချောင်း ရေကြီးရေလျှံမှုဖြစ်ပြီး ချောင်းဘေးရှိ နေအိမ်များ ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း ကလောဒေသခံတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ မနက်ပိုင်းကတော့ ကလောချောင်းရေ တော်တော်တက်၊ နေအိမ်တွေ...

ကလောတွင် ကျောက်မီးသွေးသုံးရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ကလောဘူတာတွင် ကျောက်မီးသွေးသုံး ရထားဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်နေကြောင်း ကလောမြို့ဒေသခံများထံမှ သတင်းရရှိသည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုများပြားသည့် ကလောမြို့နယ်ရှိ ကလောဘူတာမှ တဆင့် ဟဲဟိုးမြို့ ဘဝသံသရာတံတားအထိ ကျောက်မီးသွေးသုံး မီးရထားအသုံးပြုကာ အပျော်စီးရထားပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း ကလောမြို့ဒေသခံများကပြောသည်။ “ပြေးဆွဲမယ့်ရက် အတိအကျတော့ မသိရသေးဘူး၊ ရထားစက်ခေါင်းကို ပြန်ပြင်ပြီးရင်ဆွဲမယ်လို့တော့ကြားတယ်၊...

ကလောမြို့နယ် မြေပြိုပြီး ရွှံ့နွံလွှမ်းခဲ့ ရွာများ ပြန်လည်မထူထောင် နိုင်သေး

0
သျှမ်းပြည် ကလောမြို့နယ်တွင် မြေပြိုမှုဒဏ်ကြောင့် ရွှံ့နွံလွှမ်းခဲ့သော ရွာများ ပြန်လည် မထူထောင် နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလ ဒုတိယပတ်တွင် မိုးသည်ထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ကလောမြို့နယ် လွန်းထိုး ကျေးရွာ၊‌ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ရွာ(၁) ၊ ရွာ (၂)တို့သည်...

ကလော တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရန် စစ်ဝန်ကြီးချုပ် ဖိအားပေး

0
သျှမ်းတောင်၊ ကလောမြို့၌ တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရမည်ဟု သျှမ်းပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်က ဖိအားပေး သဖြင့် ပွဲကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း မြို့မိမြို့ဖ တစ်ဉီး ယမန်နေ့ (အောက်တိုဘာ ၂၈)ရက်တွင်ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်က စတင်ခဲ့သည့် ရေကြီးမှုကြောင့် ကလောမြို့လယ်...