ကလော တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရန် စစ်ဝန်ကြီးချုပ် ဖိအားပေး

သျှမ်းတောင်၊ ကလောမြို့၌ တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရမည်ဟု သျှမ်းပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်က ဖိအားပေး သဖြင့် ပွဲကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း မြို့မိမြို့ဖ တစ်ဉီး ယမန်နေ့ (အောက်တိုဘာ ၂၈)ရက်တွင်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်က စတင်ခဲ့သည့် ရေကြီးမှုကြောင့် ကလောမြို့လယ် ရပ်ကွက် (၄) တခုလုံး၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) အစိတ်ပိုင်း တချို့ ရေနစ်မြုပ်ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သဖြင့် မြို့ခံများ အနေဖြင့် ပွဲမကျင်းပလိုသော်လည်း သျှမ်းဝန်ကြီးချုပ်၏ ဖိအားကြောင်း လာမည့် နိုင်ဝင်ဘာလ ၁၆၊ ၁၇၊ ၁၈ ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကလောရေကြီးမှု

“ရေကြီးပြီး သေဆုံးတာတွေရှိတော့ မြို့ခံတွေက မလုပ်ချင်ဘူး။ ဝန်ကြီးချုပ်က ဖိအားပေးလို့ လုပ်ရတာ။ ပွဲအတွက် သိန်း ၇၅၀ ရန်ပုံငွေ ချပေးမယ်တော့ ပြောတာတယ်။ အခုပြင်ဆင်နေကြပြီ” ၎င်းကရှင်းပြသည်။

တန်ဆောင်တိုင်ပွဲသည် ကလောမြို့၏ အထင်ကရပွဲ ဖြစ်သော်လည်း လက်ရှိ လုံခြုံရေး အခြေအနေအရ ယမ်းအသုံးပြုခွင့် မပေးလိုသဖြင့် မြို့နယ်ထွေအုပ်က ပွဲအကျဥ်းချုံးသာ ပြုပ်လုပ်လိုသော်လည်း ဝန်ကြီးချုပ်က စည်စည်ကားကား ဖြစ်စေရန် ဖိအားပေးနေသဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း မြို့နယ် ထွေအုပ်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“ရေကြီးပြီးတော့ ဗိုလ်ချုပ်မှူးကြီး (မင်းအောင်လှိုင်) ရောက်လာတယ်။ ပြန်လည် ထူထောင်ရေး အမြန်လုပ်ဖို့တို့ နောင်ရေထပ်မကြီးအောင်လုပ်ဖို့တို့ မှာတယ်။ အဲနောက်ပိုင်း ဝန်ကြီးချုပ် ခဏခဏလာပြီးတော့ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါပေါ့။ ချောင်းရေပြည့်နေတဲ့ ကာလကြီးမှာတောင် ဘက်ဟိုးတွေနဲ့ ချောင်းချဲ့ဖို့ လုပ်တယ် ဆိုတော့ ခင်ဗျား စဉ်းစားကြည့်ပေါ့။ ပြည်နယ် ရန်ပုံငွေကတောင့်တော့ အသုံးစာရင်းပြလို့ ကောင်းတယ်လေ” ဟု ၎င်းက ဆက်ပြောသည်။

ကလော ရေကြီးမှု

ထို့အပြင် ရေကြီးသည့် ဧရိယာနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းများကို ထွေအုပ်နှင့် စည်ပင်ကပင် ချဲ့ကား၍ စာရင်းတင်ထားကြောင်း၊ မီဒီယာများအား ချဲကားပြောဆိုသူများလည်း ရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ဌာနဆိုင်ရာက ဘတ်ဂျက်များများကျဖို့။ လူတချို့က အလှူများများလာဖို့ အဲလိုတွေရှိတယ်။ မြို့တမြို့လုံး အနေနဲ့ဆို ရေနစ်ဧရိယာက ဘယ်လောက်မှ မရှိဘူး။ မြို့ပေါ် ရပ်ကွက် ၁၁ ခုရှိတာမှာ ရေနစ်တာ ရပ်ကွက် ၂ ခုစာတောင် မရှိဘူး။ ဖြစ်တဲ့ ဧရိယာမှာတော့ တော်တော်ဆိုးတာပေါ့။ ဒါပေမယ့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ဟိုတယ် မရှိဘူး။ ၂ ခုပဲရေဝင်သွားတာ။ မီဒီယာတွေမှာ တမြို့လုံး ရေနစ်ကုန်ပြီ ရွှံ့ဖုံးကုန်ပြီ ရေးနေကြတာပဲ။ အခုတော့ ဧည့်သည်မလာတော့ဘူးပေါ့” ဟု ၎င်းကရှင်းပြသည်။

ရေကြီးပြီးနောက် နိုင်ငံတဝှမ်းမှ ကူညီကယ်ဆယ်ရေးအဖွဲ့များစွာ လာရောက်ကူညီ လှူဒါန်းရာတွင် အမှန်တကယ် ရေဘေးသင့်ခဲ့သူ တချို့ အကူအညီ အနည်းငယ်သာရကြောင်း ရပ်ကွက် (၃) နေ အမှန်တကယ် ရေဘေးကြုံတွေ့ပြီး နေအိမ် ပျက်စီးခဲ့ရသူ တဦးက ဆိုသည်။

“မင်းသမီး ခိုင်နှင်းဝေ ပေးတဲ့ တအိမ် သိန်း ၃၀ လည်းမရဘူး။ တော်တော်များများလာလှူတာ မရဘူး။ မျက်နှာပြောင်တဲ့လူတွေ အသံကျယ်ကျယ်နဲ့ ငိုပြတဲ့သူတွေပဲ အများဆုံးရတာ။ အဆိုးဆုံးက ရေမထိတဲ့ ရပ်ကွက်တွေက အုပ်စုလိုက်လာပြီး အလှူပစ္စည်းတွေ လာတန်းစီ ယူသွားတာ။ အဲဒါ နေ့တိုင်းပဲ။ သူရတယ် ငါမရဘူးနဲ့ ကလော facebook ဂရုတွေမှာ ရေးကြတာ ပွထနေတာပဲ။ ဒီမျက်နှာတွေ နေ့တိုင်းမြင်နေရတာ ရှက်စရာကြီး” ဟု ၎င်းကရှင်းပြသည်။

လက်ရှိ ကလော တန်ဆောင်တိုင်ပွဲ အတွက် ပြင်ဆင်နေရာ ပြိုင်ပွဲ အတွက် မီးရှော်တိုင် ၁၅ တိုင် စာရင်းပေးထားကြောင်း၊ တရက်လျင် မီးရှော်တိုင် ၅ တိုင် ထွန်းညှိမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက် ညနေပိုင်းတွင် ကလောမြို့ ရွာသစ် ဘုန်းကြီးကျော်၌ တန်ဆောင်တိုင်ပွဲ ပြင်ဆင်မှု အဖြစ် ယမ်းထောင်းရာမှ ပေါက်ကွဲမှု ဖြစ်ပွားရာ သံဃာတော် ၂ ပါးနှင့် လူ ၃ ဦး ဒဏ်ရာရရှိသဖြင့် ကလောဆေးရုံသို့ တင်ပို့ ကုသထားရကြောင်း မြို့ခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...