ကလောမြို့နယ် မြေပြိုပြီး ရွှံ့နွံလွှမ်းခဲ့ ရွာများ ပြန်လည်မထူထောင် နိုင်သေး

သျှမ်းပြည် ကလောမြို့နယ်တွင် မြေပြိုမှုဒဏ်ကြောင့် ရွှံ့နွံလွှမ်းခဲ့သော ရွာများ ပြန်လည် မထူထောင် နိုင်သေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလ ဒုတိယပတ်တွင် မိုးသည်ထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ကလောမြို့နယ် လွန်းထိုး ကျေးရွာ၊‌ ညောင်ကုန်းကျေးရွာ နှင့် မိုင်းတောင်း ရွာ(၁) ၊ ရွာ (၂)တို့သည် ရွှံ့နွံများ ဖုံးလွှမ်းသွားခဲ့သည်။

လက်ရှိ ထိုကျေးရွာများသည် ၃ လကျော်ကြာခဲ့သော်လည်း ပြန်လည် ထူထောင်ရေးများပြုလုပ်သဖြင့် နလံပြန်ထူရန် အခက်အခဲများရှိနေပြီး လာရောက်ကူညီပေးသည့်အဖွဲ့အစည်းများမရှိကြောင်း ကလောမြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြန်လည်ထူထောင်ရေးတော့လုပ်နေပါတယ်။ ဒါမဲ့ ၃ လလောက် လုပ်လာတာအရင်လိုတော့ ပြန်မဖြစ်သေးဘူး။ အခု‌နောက်ပိုင်းတော့ လမ်းသွားလာဖို့တော့ အရင်ထပ်နည်းနည်းတော့ အဆင်ပြေပါတယ်။ တာဝန်ယူပြီး ကူညီပေး တဲ့ အဖွဲ့အစည်းဆိုတာမျိုးတော့မရှိဘူး။ဌာနဆိုင်ရာတွေတာဝန်ယူဖြေရှင်းပေးတာမျိုးမတွေ့ရတော့ ပြီးမြောက် ဖို့ကတော့ အလှမ်းဝေးတာပေါ့”ဟု ကလောမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကလောရေကြီးမှု

လက်ရှိမှာ အိမ်ခြေ ရာနှင့်ချီ ပြန်လည်တည်ဆောက်ရန် ခက်ခဲသဖြင့် ကျေးရွာအနီးတဝှိက်ရှိ ကွင်းပြင်တွင် မိုးကာတဲထိုးပြီး နေထိုင်နေကြကြောင်း သိရသည်။

နိုင်ငံတဝှမ်း စံချိန်တင် ရေဘေးကြုံတွေ့နေရစဉ် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀၀၀ ကျော် အမြင့်တွင် တည်ရှိသော ကလောမြို့တွင်လည်း ရေကြီးမှု ကြုံတွေ့နေရရာ ဆယ်စုနှစ်များစွာ အတွင်း အဆိုးဆုံး အခြေအနေ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုအများဆုံး နေရာက သျှမ်းပြည်နယ် ဖြစ်သည်ဟု ပတ်ဝန်း ကျင်ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှုကို စောင့်ကြည့်လေ့လာနေသည့် ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) အဖွဲ့ က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

ဒုဋ္ဌဝတီမြစ်ရေ စံချိန်တင် မြှင့်တက်၊ သီပေါအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ စတင်ပြောင်းရွှေ့

0
သျှမ်းပြည် သီပေါမြို့နယ်တွင် ဖြတ်သန်းစီးဆင်းသွားသည့် ဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ် စံချိန်တင် ရေမြှင့်တက်လာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များ စတင်ရွှေ့ပြောင်းနေရကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ (ဩဂုတ်လ ၄ ရက်) ညပိုင်းမှ စတင်ပြီး ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာခြင်းကြောင့် သီပေါမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် မြစ်ကမ်းဘေးရှိ...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...