ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များကို ဒုက္ခသည်ဟု အမည်ပြောင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းများသည် နေရပ်ကို မပြန်နိုင်သေးသောကြောင့် ဒုက္ခသည်များဟု အမည်ပြောင်းခေါ်ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲ စစ်ရှောင်စခန်း

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန်အတွက် စစ်ရှောင်ကော်မတီများနှင့် ညှိနှိုင်းခဲ့ပြီး စစ်ဘေးရှောင်များနေရပ်သို့မပြန်နိုင်သေးသဖြင့် စစ်ဘေးရှောင်စခန်းများကို ဒုက္ခသည်စခန်းအဖြစ်ပြောင်းလဲခေါ်ဆိုကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရသည်။

“ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့ သွားညှိနှိုင်းထားတာတော့မရှိဘူး။ နောက်ကျရင်သူတို့တွေ လာမေးလို့ရှိရင် စစ်ဘေးရှောင်စခန်းမဟုတ်တော့ဘူး။ ယာယီလာရောက်တည်ခိုးနေတဲ့ ဒုက္ခသည်စခန်းလို့ ပြောင်းပြောလိုက်ပြီ” ဟု စစ်ဘေးရှောင်များကို ကူညီပေးသည့်သူက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များကို စစ်ကောင်စီဌာနဆိုင်ရာများက နေရပ်ကို ပြန်ရန်ဖိအားပေးထားသော်လည်း နေရပ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များက နေရပ်မပြန်ရဲသဖြင့် စစ်ကောင်စီက ဒုက္ခသည်ဟု ပြောင်းဆိုခေါ်ထားလိုက်ကြောင်း သိရသည်။

“ သူတို့ကတော့ ပြန်ခိုင်းနေတာပေါ့။ ဒါမဲ့ ကျေးရွာတွင်းမှာ လက်နက်ကိုင်တွေက နေထိုင်နေသေးတယ်။ သူတို့ကလည်း မပြန်လာသေးနဲ့လို့ပြောတယ်။ အဲကြောင့် စစ်ဘေးရှောင်တွေက ပြန်လို့မရသေးဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးသည့် အမျိုးသမီးက ပြောသည်။

အဆိုပါ ကျောက်မဲမြို့နယ်တွင်း စစ်ဘေးရှောင်များသည် ယခုနှစ် ဒီဇင်ဘာလ ကုန်ထိ နေထိုင်ရန်အတွက် စစ်ကောင်စီ၏ ဌာနဆိုင်ရာများကို တောင်းဆိုထားကြသည်။

(၂၀၂၁) ခုနှစ် အတွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကော်စီ၊သျှမ်းပြည်တပ်မတော်(RCSS/SSA) ၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့တွင်းရှိ ကျေးရွာ (၂၈) ရွာ နှင့် အိမ်ခြေ (၅,၀၀၀) မှာ နေရပ်မှ စွန့်ခွာရလာပြီး လက်ရှိအချိန်ထိ စစ်ရှောင်နေရဆဲကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...