Tuesday, April 16, 2024

တောင်ကြီးမီးပုံးပျံကွင်းထဲ အဝေရာယာယီပျံကျဈေး ဖွင့်လှစ်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မီးပုံးပျံကွင်းထဲတွင် ပျံကျဈေးသည်များအတွက် အဝေရာ ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယမန့်နေ့ နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်း စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခန်းများ အနေဖြင့် စည်ပင်မှ သတ်မှတ်ထားသောနှုန်းဖြင့် ပျံကျဈေးသည်များကို အငှားပေးပြီး ရောင်းချနေကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဝေရာ ပျံကျစျေး

“ အရင်က ဇရပ်တွေနားရောင်းချတဲ့ ပျံကျဈေးသည်တွေအတွက်ဆိုပြီး သူတို့အသစ်ဖွင့်လိုက်တာ။ သူတို့အမိုးနဲ့ အခန်းလေးတွေ လုပ်ပေးထားတယ်။ ဆိုင်ခန်းတွေလည်း များပါတယ်။ ဒါပေမယ့် စည်ပင်က ဈေးဆိုင်တစ်ခန်း ကို ဘယ်လောက်လောက်နဲ့ဆိုပြီး အငှားပေးတာ။ တချို့ဈေးသည်တွေတော့ စည်ပင်ကလုပ်နေတာကို သိပ်သဘောမကျဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စည်ပင်မှ ဆိုင်ခန်းဌားပေးနေသော်လည်း ဆိုင်ခန်းတစ်ခန်း၏ ဈေးနှုန်းမှာ မသိရှိရသေးပေ။

ယခင် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်ကစပြီး မီးပုံးပျံကွင်းရှိ ပျံကျဈေးသည်များသည် နေရာအတိ မကျမရှိဘဲ ကားလမ်းမကြီးဘေးနှင့် ဇရပ်အနီးနားတွင် ရောင်းချခဲ့ရသည့်အတွက်ကြောင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ဆိုင်ခန်းများကို မီးပုံးပျံ အားကစားကွင်းဘေးကပ်ရက်မှာ ဆောက်လုပ်ပေးကြောင်း သိရသည်။

ထို့အပြင် ပျံကျဈေးသည် တချို့ ရောင်းချနိုင်ရန်အတွက် စည်ပင်ထံ အခွန်ပေးဆောင်မှုများ၊ ဆိုင်ခန်းခများ ပေးဆောင်ရခြင်းကြောင့် မတတ်နိုင်သူများက အခက်ခဲရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article