Thursday, January 29, 2026

အကြွေးများသည့် မူဆယ်မြို့ ပြည်သူ့စစ် တစ်ဦး အဆုံးစီရင်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြိုန့ယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးသည် အကြွေးများပြီး မဆပ်နိုင်သည့်အတွက် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်လိုက်ကြောင်း သတင်းသိရသည်။

မူဆယ် ဂရုဏာလူမှုကူညီရေးအသင်း

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် မနက်ပိုင်း ၉ နာရီကျော်ဝန်းကျင် မူဆယ်မြို့ရှိ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးသည် ၎င်းနေထိုင်သည့် စခန်းရှိ အိပ်ခန်းတွင် ကိုယ့်ကိုယ်ကို ကြိုးဆွဲချ စီရင်ခဲ့ကြောင်း နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မြို့မှာ လှုပ်ရှားတဲ့ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်လို့ သိရတယ်၊ အိပ်ခန်းထဲမှာပဲ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ လိုက်တာ၊ အရင်ကလည်း လောင်းကစားဝိုင်းက အကြွေးတွေကြောင့် စိတ်ညစ်တယ်လို့ မကြာခဏ ပြောဖူး တယ်၊ အခုလည်း အဲ့ဟာတွေကြောင့် စိတ်ဓာတ်ကျပြီး လုပ်တာလို့ ထင်တယ်” ဟု နီးစပ်သူ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူ ပြည်သူ့စစ်တပ်ဖွဲ့ဝင်သည် အသက် ၂၀ ကျော်ရှိ မိုင်းယိုင်ဝီ ဆိုသူဖြစ်ပြီး မန်တုံမြို့နယ် နားအော် ကျေးရွာမှ ဒေသခံဖြစ်ကြောင်းလည်း သတင်းသိရသည်။

သေဆုံးသွားသည့် Dead Body ကိုမူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းက သွားရောက် သယ်ဆောင်ခဲ့ရခြင်း ဖြစ်ပြီး မူဆယ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ၎င်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“ကျနော်တို့ကို ဖုန်းဆက်အကူအညီ တောင်းလာလို့ ရောက်သွားတဲ့အချိန် ၉ နာရီကျော်လောက်တော့ ရှိပါပြီ။ အဲ့နောက်တော့ ဆေးရုံကိုပို့တယ်၊ ဆေးရုံကနေ ရင်ခွဲရုံကို ပို့တယ်၊ ဘာကြောင့် သေရတယ် ဆိုတာတွေတော့ ကျနော်တို့ မသိပါဘူး” ဟု ဂရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
မူဆယ်မြို့နယ်သည် မြန်မာ – တရုတ် နယ်စပ်မြို့ ဖြစ်သည့်အတွက် ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များနှင့် လောင်းကစားဝိုင်းများ ပေါများသည့် မြို့ဖြစ်သည့် အပြင် ပြည်သူ့စစ် အဖွဲ့အစည်းများလည်း ပေါများသည့် မြို့လည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများတွင် ပြည်သူ့စစ်တပ်ဖွဲ့များမှ ပါဝင်ပတ်သက်နေပြီး၊ မူဆယ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များသည် တရုတ်လူမျိုး ဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းကစားဝိုင်းများကို စစ်ကောင်စီ နှင့် ပြည်သူ့စစ်တို့ ပူးပေါင်းပြီး လွတ်လပ်စွာဖွင့်ခွင့်ပေးထား သောကြောင့် သူခိုး၊ ဓားပြ နှင့် ပြန်ပေးဆွဲမှု ပိုများပြားလာနိုင်ကြောင်း မူဆယ်မြို့ ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။