နမ္မတူ-လားရှိုး ကားလမ်းကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၈ တွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် ၆ ရက်မြောက်ကြာ အဆက်သွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

လားရှိုး-နမ္မတူလမ်းကြားပျောက်ဆုံးသွားသည့် စိုင်းလှသိန်း

အဆိုပါပျောက်ဆုံးသွားသူသည် အသက် (၃၅)နှစ်အရွယ်ရှိ စိုင်းလှသိန်းဖြစ်သည် နိုဝင်ဘာ ၅ရက် မနက် (၉)နာရီခွဲတွင် ဆိုင်ကယ် အနီရောင်ဖြင့် နမ္မတူမြို့ နေအိမ်မှ လားရှိုးနေအိမ်သို့ ပြန်သွားသည့် လမ်းတွင် အဆက်အသွယ်ပြတ်ပြီး ယနေ့(နိုဝင်ဘာ ၁၁)ရက် ထိ ပျောက်ဆုံးနေကြောင်း ၎င်း၏ ညီဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ နမ္မတူအိမ်ကနေ လားရှိုးအိမ်ကို ပြန်သွားရင်း လမ်းမှာပျောက်သွားတယ်။ ဓာတ်ဆီသွားဖြည့်ပြီးတာနဲ့ လာရှိုးကိုတစ်ခါတည်း ပြန်မယ်လို့ပြောပြီး လာရှိုးကိုမရောက်ဘူး။ အစ်ကိုက လားရှိုးမှာနေပြီး ပန်းရံအလုပ် လိုက်နေတယ်” ဟု ပျောက်ဆုံးသွားသူ၏ ညီက ပြောသည်။

လက်ရှိမှာ ပျောက်ဆုံးသွားသည့် စိုင်းလှသိန်းနှင့် ပတ်သက်ပြီး ရဲစခန်းသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ နယ်မြေရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကိုလည်း အသိပေးထားကြောင်း သိရသည်။ 

“ ဒီလိုနိုင်ငံရေးမကောင်းတဲ့အချိန် နောက်ဒီနယ်မြေက လက်နက်ကိုင်ပေါင်းစုံရှိတော့ ဘယ်သူတွေက ခေါ်သွားလဲ။ ဘာဖြစ်နေလဲဆိုတာကိုတော့ စိတ်ပူနေရတယ်” လို့ စိုင်းလှသိန်း၏ ဆွေမျိုးတော်ဆက်သူတစ်ဦးက ဆိုသည်။ 

စိုင်းလှသိန်းသည် သာမာန်အရပ်သားတစ်ဦးဖြစ်ပြီး၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိကြောင်းလည်းသိရသည်။ 

ထိုပျောက်ဆုံးသွားသည့် နမ္မတူ-လားရှိုးလမ်းကြားတွင် တိုင်ရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်အမျိုးသားလွှတ်လပ်ရေး တပ်မတော် (KIA)၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ လှုပ်ရှားသော နယ်မြေတစ်ခု ဖြစ်ကြောင်း သိရသည်။ 

အလားတူ နိုဝင်ဘာလ ၅ ရက်တွင် သီပေါမြို့မှ အသက် (၂၂) နှစ်အရွယ် မဆောင်းဟေမာန်ငြိမ်းကိုလည်း ကားအမည်းရောင် တစ်စီးနဲ့ အမည်မသိအမျိုးသား (၃) တို့က ဖမ်းဆီခေါ်ဆောင်သွားကာ လက်ရှိအချိန်ထိ  ပျောက်ဆုံး နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...
Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

0
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

0
စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး...