ကွတ်ခိုင်မြို့နယ် တောထဲ ဟင်းရှာရာမှ မြွေကိုက်ခံရသူများလာ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တောထဲသို့ ဟင်းရှာထွက်သည့်သူနှင့် စပါးရိတ်သည့် ပြည်သူများ မြွေကိုက်ခံရမှု များပြားလာကြောင်း သတင်းသိရသည်။

မြွေကိုက်ခံရပြီး ဆေးရုံတက်နေသည့်သူ

ယခုနှစ် နိုဝင်ဘာလ ၈ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် နမ့်ဖတ်ကာနေ အသက် ၄၁ နှစ်ရှိ ဦးလောရွှေက လယ်ထဲ စပါးရိတ်နေစဥ် မြွေကိုက်ခံရပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသ နေရကြောင်း နီးစပ်သူ ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စပါးရိတ်နေတဲ့အချိန် ဘယ်ဘက်လက်ကို မြွေကိုက်ခံရတာပါ၊ သူကမြွေကိုက်ခံရတယ်လို့ အော်လိုက်တော့ အနီးမှာ ရှိတဲ့သူတွေက မြွေကိုလိုက်ဖမ်းပြီး အဲ့မြွေနဲ့အတူ ကွတ်ခိုင်ဆေးရုံကို ပို့ပေးကြတာ၊ ဆေးရုံရောက်တော့ မြွေဆိပ် က တော်တော်ပျံ့နေပြီ၊ သွေးတွေလည်း အန်တယ်။ ဆီးသွားရင်တောင် သွေးပဲဖြစ်နေတာ”ဟု မြွေကိုက် ခံရသူ၏ ဆွေမျိုးတစ်ဦးက သျှမ်းသံတော်ငဆ့်ကို ပြောသည်။

ကွတ်ခိုင် တောထဲဟင်းရှာသည့်သူကို ကိုက်ခဲ့သည့် မြွေ

မြွေကိုက်ခံထားရသည့် နေရာတွင် ညိုမည်းယောင်ကိုင်းနေပြီး သွေးအန်နေသည့်အတွက် အရေးပေါ် သွေးသွင်း ရန် အကူအညီ လိုအပ်နေကြောင်း သတင်းသိရသည်။

အဆိုပါ အမျိုးသားကို ကိုက်သည့်မြွေသည် အစိမ်းရောင်ဖြစ်ပြီး အမြီးပိုင်းတွင် အနီရောင်သန်းနေကြောင်း အထက်ပါ ဆွေမျိုးက ဆက်ပြောသည်။

“သူ့ကိုကိုက်တဲ့မြွေက သာမာန်ကြည့်လိုက်ရင် အဆိပ်မရှိတဲ့ မြွေစိမ်းလိုမျိုးပဲ၊ ဒါပေမဲ့ သေချာကြည့်ရင်တော့ ခန္ဓာကိုယ်ထက် ခေါင်းက နည်းနည်းကြီးတယ်၊ အမြီးမှာလည်း အနီရောင်သန်းနေတယ်၊ မြွေစိမ်းမြီးနီလို့ ခေါ်တယ်လို့ သိရတယ်၊ တော်တော်အဆိပ်ပြင်းတဲ့မြွေတဲ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြွေကိုက်ခံရသည့် အမျိုးသားသည် တစ်နေ့လုပ်တစ်နေ့စားသာ ဖြစ်ကြသည့်အတွက် နောက်ထပ် သွေးအလှူရှင်နှင့်အတူ ဆေးဖိုးဝါခ ကူညီထောက်ပံ့ပေးမှုလည်း လိုအပ်နေကြောင်း သိရသည်။

အလားတူပင် ပြီးခဲ့သည့် အောက်တိုလာအတွင်းတွင်လည်း မော်ဟစ်ကျေးရွာမှ အမျိုးသားတစ်ဦး တောထဲ ဟင်းရှာထွက်စဥ် မြွေကိုက်ခံရပြီး ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း လည်း သိရသည်။


ယခု အောက်တိုဘာလဆန်းပိုင်းတွင်လည်း ကွတ်ခိုင်မြို့ ရပ်ကွက် ၂ မှ အမျိုးသမီး တစ်ဦးလည်း မြွေကိုက်ခံရပြီး ဆေးရုံသို့ ၅ ရက်ခန့် တက်ရောက်ဆေးကုသမှု ခံခဲ့ရကြောင်းလည်း သိရသည်။

မြွေကိုက်ခံရသည့်သူ

ယင်းကဲ့သို့ မြွေကိုက်ခံရသည့် ဒဏ်ရာရရှိပါက အကိုက်ခံရသော နေရာအား ရေခဲ (သို့မဟုတ်) အခြားအေးစေသော မည်သည့်အရာကိုမျှ မတင်ရန်နှင့် အနာပေါ် တင်းကျပ်စွာ ကြပ်စည်းခြင်း မပြုလုပ်ရန်လည်း ကွတ်ခိုင်မြို့နယ် မှ ပရဟိတ အသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မြွေကိုက်ဒဏ်ရာကို ရေခဲ တွေကပ်တာမျိုးတွေ မလုပ်သင့်ပါဘူး၊ အနာပေါ်ကို တင်းကျပ်စွာ ကြပ်စည်းခြင်းက သွေးကြောကို ပိတ်သွားစေလို့ အကိုက်ခံရတဲ့ နေရာကို သွေးမရောက်တော့ အဲ့နေရာက သွေးခဲပြီး ခြေလက်ဆိုရင် ဖြတ်ရတဲ့ အထိ ဖြစ်နိုင်တယ်” ဟု အထက်ပါ ပရဟိတက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အောက်တိုဘာမှစတင်ပြီး ယနေ့အချိန်ထိ မြွေကိုက်ခံသည့်သူ ၅ဦးရှိပြီး၊ထိုထဲမှ ၂ဦးသေဆုံး သွားကြောင်း သိရသည်။

သျှမ်းပြည် အပါအဝင် မြန်မာပြည် တစ်ဝန်းလုံးရှိ မြို့ရွာများ၌ နှစ်စဉ် မေလနှင့် ဇွန်လများတွင် မြွေကိုက်ခံရမှု အဖြစ်များလေ့ရှိပြီး တောရွာများတွင်မူ စိုက်ပျိုးရိတ်သိမ်းချိန်ဖြစ်သော အောက်တိုဘာလမှ ဒီဇင်ဘာလများ အတွင်းတွင် ပိုမိုဖြစ်ပွားတတ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...