Tuesday, January 27, 2026

CATEGORY

အထွေထွေ

တောင်ကြီး အိုးရှင်းပတ်ဝန်းကျင်အနီး ဈေးသည်များကို အမိုးအကာများဖြင့် ဈေးရောင်းချခွင့်မပြု

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အိုးရှင်း‌ကုန်တိုက် အနီးပတ်ဝန်းကျင် ငလျင်အပြီး စည်ပင်မှ ဈေးသည်များကိုပြန်လည်ရောင်းချခွင့် ပြုခဲ့သော်လည်း အမိုးအကာများဖြင့် ဈေးရောင်းခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။ အိုးရှင်း ကုန်တိုက် အနီးပတ်ဝန်းကျင်ဖြစ်သည့် အရှေ့နှင့် လမ်းကြားများရှိ ဈေးဆိုင်များကို ငလျင်အပြီး ဧပြီလ ၃ရက်မှစ၍ ဈေးပြန်ဖွင့်ခဲ့သည်။ သို့သော် ထိုဈေးဆိုင်များကို ထီးဖွင့်ရောင်းချခွင့်မရသောကြောင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းရောင်းသည့်...

နမ့်ခမ်းမြို့ ရွှေလီမြစ်ထဲ ရေနစ်သေဆုံးသည့် ကလေးရုပ်အလောင်း ၃ ရက်အကြာမှာ ရှာဖွေတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သင်္ကြန်အကျနေ့၌ ရွှေလီမြစ်အတွင်း ရေနစ်သေဆုံးသည့်ကလေး ရုပ်အလောင်းအား ၃ ရက်အကြာမှ ရှာဖွေတွေ့ရှိကြသည်ဟု စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ကစားရင်း ရေနစ်ပျောက်ဆုံးသွားသော အသက် ၁၅ နှစ်အရွယ် မိုင်းနိုင် ထက်၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့...

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

Sky Villa Condo ပြိုကျမှုအောက်ပျောက်ဆုံးနေသည့် သမီးကို မူဆယ်ကနေမိဘများ လာရောက်ငိုယိုစောင့်ဆိုင်း  

စစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က ပြိုကျပျက်စီးသွားသည့် Sky Villa Condo တွင်ပိမိပျောက်ဆုံးနေသော သမီးဖြစ်သူအား မူဆယ်ကမိဘများကလာရောက်စောင့်ဆိုင်းကာ ငိုကြွေးအားပေးစကားပြောဆိုနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်စာမျက်နှာတွင်ပျံ့လာသည်။ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေး Sky Villa ကွန်ဒိုကြီးအောက် အသက် ၂၄ နှစ်အရွယ်မူဆယ်သူ...

“ရေနစ်တာထက် တအိမ်လုံးပြိုကျပြီး ရေအောက်ထဲပိသွားတဲ့အတွက် မိသားစုလိုက်ပါသွားတယ်” 

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်သည် မတ် ၂၈ရက်မွန်းလွဲပိုင်းတွင်လှုပ်ခတ်ခဲ့သည်။ ထိုငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း တို့တွင် အထိအခိုက်ပျက်စီးဆုံးရှုံးမှု နှင့် လူအသေပျောက်အများဆုံးဖြစ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များလည်း သွားရောက်ကူညီကြသည်။ အလားတူ သျှမ်းပြည်တွင်းလည်း ငလျင်ဒဏ်ကြောင့် တောင်ကြီး...

စစ်ကိုင်းမြို့ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂၂၀ကျော်ရှိပြီး၊ မကောက်နိုင်သေးသည့်အလောင်း အများအပြားကျန်နေ

စစ်ကိုင်းမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့်သေဆုံးသူ ၂၂၀ကျော် ထိရှိလာပြီး၊ ယနေ့အချိန်ထိ မကောက်နိုင်သေးသည့်အလောင်းအများအပြားရှိသေးကာ ပုတ်စော်နံနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံ သတင်းရရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့ မတ်လ (၂၈) ရက်နေ့ နေ့လည်ပိုင်းတွင် ရစ်ချက်စတာစကေး (၇.၇) ရှိသော အားပြင်းသည့် ငလျင်လှုပ်ခတ်ပြီးနောက် မြို့၏ ၈၀ ရာခိုင်းနှုန်းသည် ပြိုကျပျက်စီး...

ထိုင်းဝန်ကြီးချုပ်မှ ၂၄ နာရီအတွင်း  ငလျင်ပြန်လှုပ်ခတ်နိုင်သည့်အတွက် ထိုင်းတနိုင်ငံလုံးအား အရေးပေါ် ကြေညာချက်ထုတ် 

ယနေ့ (မတ်လ ၂၈) ရက် နေ့လ​ယ်ပိုင်းတွင် မြန်မာနိုင်ငံ စစ်ကိုင်းတွင်းဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။ ထို့ကြောင့် နောက် ၂၄ နာရီအတွင်း ပြင်းထန်မှုအင်းအားနည်းပါးနိုင်သော်လည်း သိသာသည့် အန္တရာယ်ရှိငလျင်များထပ်မံလှုပ်ခတ်နိုင်သည့်အတွက် တနိုင်ငံလုံးအား အရေးပေါ်အခြေအနေကြေညာကြောင်း ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်မှ ကြေညာထားသည်။ ယနေ့ (မတ် ၂၈)ရက် နေ့လ​​​ယ်ပိုင်းတွင်လည်း ထိုင်းနိုင်ငံအတွက်...

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း ထိခိုက်ပျက်စီးမှုများပြားပြီး လူသေဆုံးမှုများလည်းမြင့်တက်နေ 

ယနေ့ (မတ်လ ၂၈)  နေ့လယ်ပိုင်းတွင် စစ်ကိုင်း ရေခါးအင်း စာရေးရွာအနီး ဗဟိုပြု၍အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းထန်အင်အားရှိသော မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ထိခိုက်သေဆုံးမှုများ ဆက်တိုက်မြင့်တက်လျက်ရှိသည်။ ထို့အပြင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အချို့နေရာများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပျက်တောက်နေပြီး အဆက်အသွယ်များမရရှိကြောင်း ညောင်ရွှေမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့...

ညောင်ရွှေမြို့နယ် အင်းလေးထဲ စက်သုံးဆီ ကန့်သတ်ရောင်း စက်လှေသမားများ အခက်ကြုံ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချပေးနေသဖြင့် စက်လှေသမားများ အခက်ကြုံနေကြောင်း သတင်းရရှိသည်။ ‌ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စတင်ပြီး စက်သုံးဆီ ဒီဇယ်များကို အကန့်အသတ်ဖြင့်သာ ရောင်းချနေပြီး ကန့်သတ်မှုထက် ပိုသုံးလိုလျှင် ငွေပိုပေးရကြောင်း စက်လှေသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

Latest news