တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ မော်တော်ကားနှင့် ဆိုင်ကယ်များကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေသောကြောင့် သွားရေးလာရေးအတွက် အဆင်မပြေ ဖြစ်နေကြရသည်ဟု စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇွန်လ ၁ ရက်)တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများက တောင်ကြီးမြို့ လမ်းဆုံ၊ ရပ်ကွက်လမ်းများတွင် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို ပိတ်ဆို့ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသည့် ကားနှင့် ဆိုင်ကယ်များကို ပြန်လည်ရွေးထုတ်၍ မရတော့ကြောင်း မြို့ခံများက ပြောသည်။

“ကျနော်ပင်ပင်ပန်းပန်းစုပြီး ဝယ်ထားတဲ့ ကားလေးကတော့ ပါသွားပြီဗျာ။ မြင်းရုပ်နားမှာ မနေ့က ဖမ်းခံရတာ၊ ဒီတိုင်းပဲ သိမ်းသွားတာ။ ဘယ်မှာ လိုက်ရွေးလို့ ရတယ်ဆိုတာလည်း ဘာမှ မပြောခဲ့ဘူး၊ သူတို့က အကုန်ကို သိမ်းတော့တာပဲ။ တချို့က ဘုန်းကြီးကားဆို မသိမ်းလောက်ဘူး ဆိုလို့ ဘုန်းကြီးကျောင်း သွားထားတာ၊ ဘုန်းကြီးကျောင်းထဲပါ ဝင်ဖမ်းတာ။ သတင်းပေးတဲ့လူရှိရင် နေအိမ်အထိပါ ဝင်စစ်ပြီး ဖမ်းတာ” ဟု ကားသိမ်းခံလိုက်ရသည့် တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ လိုင်စင်မဲ့ကားများ ဖမ်းဆီးရာတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ အစရှိသည့် အရာရှိများနှင့် ရင်းနှီးမှုရှိလျှင် ပြန်လည်ရွေးထုတ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

မော်တော်ကားနှင့် ဆိုင်ကယ်များကို လိုင်စင်လုပ်ဆောင်လျှင် နှစ်စီးစာ ကုန်ကျသောကြောင့် လိုင်စင်မလုပ်ကြဘဲ စစ်ဆေးခံရ၍ ဖမ်းဆီးမိသည့်အခါ ငွေအနည်းငယ်မျှ ပေးပြီး ဖြေရှင်းသွားလာ ခဲ့ကြသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“လိုင်စင်တစ်ခါလုပ်ရင် သူ့ရဲ့ လမ်းစဉ်က အရမ်းကြာတယ်။ ကားဝယ်တာက ကျပ်သိန်း(၁၀၀)ဆို လိုင်စင်လုပ်တာက သိန်း (၂၀၀)လောက် ကုန်တာ။ ကိုယ်ဝယ်တဲ့ ဆိုင်ကယ်နဲ့ ကားရဲ့ နှစ်စီးစာဆိုတော့ ဘယ်သူက လုပ်တော့မလဲ။ နောက်ပြီး အစိုးရဝန်ထမ်းပိုင်းတွေနဲ့ ဆက်ဆံတဲ့ အခါ အဆင်မပြေတာတွေ များတော့ မလုပ်ကြတာပါတယ်။ လမ်းမှာ အစစ်အဆေးတွေ့ရင် ကျပ်(၅၀၀၀) (၁၀၀၀၀) ပေးပြီး စီးလာတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းအထိ လိုင်စင်မဲ့ ဆိုင်ကယ်များအား ယမန်နေ့ (ဇွန်လ ၁ ရက်) တွင် လိုက်လံ စစ်ဆေးဖမ်းဆီးနေကြောင်း ၎င်းက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမှု ပိုမိုများပြားလာသောကြောင့် ဈေးဝယ်ရန်နှင့် ကလေးကျောင်းကြိုပို့ရန်အတွက် အခက်အခဲဖြစ်နေရပြီး လမ်းသွားလမ်းလာများအား သတိထား သွားလာရန်၊ ကားနှင့်ဆိုင်ကယ်များကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားရန် မြို့ခံ အမျိုးသမီးတစ်ဦးက အကြံပြုပြောကြားသည်။

ပြီးခဲ့သည့် မေလ (၃၁)ရက်တွင်လည်း လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုက်လံဖမ်းဆီးနေသောကြောင့် ဆန္ဒပြရန် ထီလက်မှတ်နှင့် ငွေစက္ကူပေါ်တွင် “ဟွန်းတီး ဆန္ဒပြပါ” ဟု စာရေးသား၍ လူအများ စုဝေးတတ်သည့် နေရာများတွင် ဖြန့်ကြဲထားကာ စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း မြို့ကြီးများဖြစ်သည့် အောင်ပန်း၊ ရပ်စောက်၊ ပင်လောင်း၊ ဟဲဟိုး၊ ညောင်ရွှေ အပါအဝင် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်လည်း လိုင်စင်မဲ့ ယာဉ်များကို စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးပြီး သိမ်းယူနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...