လိုင်စင်မဲ့ကားများဖမ်းဆီးရန် စစ်ခေါင်းဆောင် ညွှန်ကြားပြီးနောက် တောင်ကြီးတွင် ဆိုင်ကယ်ပါမချန် ဆက်တိုက်ဖမ်းဆီးနေ

လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အခွန်အခများ နစ်နာခြင်းကြောင့် ဖမ်းဆီးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ကို အမိန့်ပေးညွှန်ကြားလိုက်သည်။

မေလ (၂၀)ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး ဒုတိယနေ့တွင် ထိုသို့ ဖမ်းဆီးရန် စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် မေလ (၂၁) ရက်တွင် တောင်ကြီးမြို့ ကံသာရပ် ဓမ္မာရုံလမ်းထောင့်တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများက လမ်းပိတ်၍ စစ်ဆေးလျက်ရှိရာ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ် အစီးရေ (၅၀)ကျော်ကို ဖမ်းဆီးထားသည်ဟု လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့လမ်းဘက်မှာ အများစု ဖမ်းမိတာက မြို့မဘက်ကနဲ့ ကံသာဘက်က လူတွေရဲ့ ဆိုင်ကယ်နဲ့ ကားတွေပဲ၊ ၅၀ ကျော်မယ် ထင်တယ်။ ဆိုင်ကယ် ဖမ်းပြီးပြီးချင်း တစ်ခါတည်းရွေးရင် ၈ သောင်း၊ တရားရုံးမှာ လက်မှတ်ထိုးပြီး ရွေးရင် တစ်သောင်းခွဲ ပေးရတယ်။ ကားတွေကိုတော့ ဘယ်လို လုပ်လဲတော့ မသိဘူး”ဟု အဆိုပါ အမျိုးသားက ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များ၊ လိုင်စင်နံပါတ် အတုနှင့် လိုင်စင်အတု ပြုလုပ်ပေးသူများကိုလည်း အရေးယူမည်ဟု အဆိုပါ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးခံရစဉ် (ဓာတ်ပုံ – ဒေသခံ

အလားတူ တောင်ကြီး အရှေ့မြို့ပတ်လမ်းတွင်လည်း ယာဉ်ထိန်းရဲများမှ ယာဉ်မောင်းလိုင်စင်များ စစ်ဆေးနေပြီး အမျိုးသားများကို ပစ်မှတ်ထား ဖမ်းဆီးနေသည်ဟု တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရှေ့မြို့ပတ်လမ်းမှာ မော်တော်ပီကယ် ဖမ်းနေတယ်။ ကျနော်တို့က ဦးထုပ်လည်း ပါတယ်၊ ဒါပေမဲ့ ဖမ်းတယ်။ လူငယ်ကောင်လေးတွေ စီးလာရင်ကို ဖမ်းတာ၊ လိုင်စင် ပါ မပါ စစ်တာ။ ဦးထုပ်ပါလည်း သော့ကို တန်းဖြုတ်ထားတာ။ မော်တော်ပီကယ် အသစ်တွေ၊ အရင်က မြင်နေကြလူတွေ မဟုတ်နေဘူး”ဟု လူငယ် အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က လိုင်စင်မဲ့ ကားများကို တောင်ကြီးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားပြီး သိန်း (၂၀)ကျော်ဖြင့် လိုက်လံ ရွေးထုတ်ရသော်လည်း ယခုအချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း တောင်ကြီးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများက လိုင်စင်မဲ့ ကားများကို ဖမ်းဆီးပြီး ကားပိုင်ရှင်များကို ပြန်လွှတ်ပေးကာ ဖမ်းဆီးခံရပြီး သိမ်းယူခံလိုက်ရသည့် ကားများကို သျှမ်းပြည်မြောက်ပိုင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပုံစာ – တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးခံရစဉ် (ဓာတ်ပုံ – ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...