လိုင်စင်မဲ့ကား ဖမ်းဆီးမှုကြောင့် လူမှုကူညီရေးအသင်းများ ခက်ခဲ

သျှမ်းပြည်အတွင်း စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းအဖွဲ့မှ လိုင်စင်မဲ့ကားများ ဖမ်းဆီးသိမ်းဆည်းနေ သောကြောင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပရဟိတ အသင်းများ ခက်ခဲ လာကြောင်း သတင်း ရရှိသည်။

သျှမ်းပြည်အတွင်း အသုံးပြုနေသော လူမှုကူညီရေးအသင်းများ၏ လူနာတင်ယာဉ်များမှာ လိုင်စင်မဲ့ ကားများ ဖြစ်ကြပြီး စစ်ကောင်စီက လိုင်စင်မဲ့ကားများ ဖမ်းဆီးနေသောကြောင့် နယ်ဝေး လူနာပို့ဆောင်ရာတွင် အခက်ခဲများ ကြုံတွေ့နေရကြောင်း အမည်မဖေါ်လိုသည့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် အတွင်းရှိ လူမှုကူညီရေးအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကျနော်တို့ ပရဟိတအသင်းကားတွေရဲ့ ၉၀ရာခိုင်နှုန်းက လိုင်စင်မဲ့ပါ၊ အဲ့ဒီကားတွေနဲ့ပဲ လူနာတွေကို ဆေးရုံ တို့၊ နာရေးပို့ဆောင်တဲ့နေရာတွေမှာ လိုင်စင်ကား မဝယ်သုံးနိုင်ဘူးဗျ၊ ခုဖမ်းနေတယ်ဆိုလို့ ကျနော်တို့တောင် မထွက်ရဲ ဘူး၊ နယ်ဝေးလူနာပို့ဆို လုံးဝရပ်လိုက်ပြီ၊ ဖမ်းခံရရင် ကျနော်တို့ ပြန်မဝယ်နိုင်ဘူးလေ” ဟု ၎င်းကပြောသည်။

ထို့ပြင် ယခု ဇွန် ၂ရက်တွင် မော်လမြိုင်မြို့မှ လူနာတင်ယာဉ်တစ်စီး လူနာပို့ဆောင်စဉ် လိုင်စင်မဲ့ယာဉ်ဖြစ်သဖြင့် ဖမ်းဆီးသိမ်းဆည်းခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

ထို့ကြောင့် ပရဟိတ လူမှုကူညီရေးအသင်းကားများကို သက်ဆိုင်ရာမှ ခွင့်ပြုလိုင်စင်များ လုပ်ပေးစေလိုကြောင်း လည်း ၎င်းပရဟိတ အဖွဲ့ဝင်တစ်ဉီးက ဆိုပြန်သည်။

“ဦးသိန်းစိန်အစိုးရလက်ထက်တုံးကတော့ အဲ့လိုလိုင်စင်မဲ့ကားတွေကို တရားဝင်လိုင်စင် ဖြစ်အောင် ဆောင်ရွက် ပေးခဲ့တာ ရှိတယ်၊ အဲ့ချိန်က တစ်စီးမှ သုံးသောင်းပဲကျတယ်၊ ခုက ပရဟိတအသင်းကားလေးတွေတော့ သွားသွား လာလာ လုပ်လို့ရအောင်၊ တရားဝင်ဖြစ်အောင် ဆောင်ရွက်ပေး စေချင်တယ်။” ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မေလဆန်းတွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို ထိထိရောက်ရောက်ဖမ်းဆီးရန် အာဏာသိမ်း စစ်ခေါင်းဆောင် ညွှန်ကြားပြီးနောက် သျှမ်းပြည်တောင်ပိုင်းရှိ ဟဲဟိုး၊ တောင်ကြီး၊ အောင်ပန်း၊ ဆီဆိုင်စသည့် မြို့များတွင်ဖမ်းဆီးသိမ်းဆည်းနေပြီး တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းခန်းထိပါ လိုက်လံစစ်ဆေး ဖမ်းဆီး နေသည်ဟု ဒေသခံများပြောကြားချက်အရသိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...