ရွာငံမြို့နယ် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ် မီးတက်ပြင်ရာမှ ဓာတ်လိုက်သေဆုံး

သျှမ်းပြည် ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ် လျှပ်စစ်မီး တက်ပြင်ရာမှ မတော်တဆ ထိခိုက်မိခြင်းကြောင့် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၄ ရက်) နေ့လယ်ပိုင်း၌ ရွာငံမြို့နယ် သိမ်ကုန်းရွာနှင့် အင်းကြီးရွာကြားရှိ ဓာတ်တိုင်ပေါ်သို့ အမျိုးသားတစ်ဦး လျှပ်စစ်မီးကြိုး တက်ပြင်ရာမှ မတော်တဆ ထိခိုက်မိခြင်းကြောင့် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးခဲ့ရကြောင်း ရွာငံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့မှာကော ရွာဖက်မှာကော မိုးရွာပြီး သစ်ပင်တွေ ကျိုးလို့ မီးတွေပျက်နေတာ ကြာပြီ။ မီးက မလာတော့ သိမ်ကုန်းနဲ့ အင်းကြီးကြားမှာရှိတဲ့ မီးတိုင်ပေါ်ကို သူက မီးတက်ပြင်တာ။ တစ်ဘက်ကလည်း မသိဘဲ မီးစမ်းဖွင့်ကြည့်တာ နေမယ်၊ အဲ့မီးတိုင်ပေါ်မှာပဲ ချက်ချင်း ဓာတ်လိုက်ပြီး ပွဲချင်းပြီး ဆုံးသွားတာ။ မီးတော့ အခုထိ မလာသေးဘူး”ဟု ရွာငံမြို့ ဒေသခံ ၎င်းအမျိုးသမီးက ပြောသည်။

ဓာတ်လိုက်သေဆုံးသွားသည့် အမျိုးသားသည် ရေချမ်းပြင်ရွာနေ အသက် ၂၀ ဝန်းကျင်ရှိ ကိုသားလေး ဆိုသူ ဖြစ်ကြောင်း သိရသည်။

ထိုသိမ်ကုန်းရွာမှ ရွာငံမြို့သို့ သွားရောက်လိုပါက မိနစ် ၄၀ ဝန်းကျင်ခန့်သာ ကြာမြင့်ကြောင်း သိရသည်။

ရွာငံမြို့နယ်တွင် မိုးများ အဆက်မပျက် ရွာသွန်း၍ သစ်ပင်သစ်ကိုင်းများ ကျိုးကျကာ မေလ နောက်ဆုံးပတ်မှစ၍ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးများ ပြတ်တောက်နေသည့်အပြင် အချို့ကျေးရွာများတွင် ရေပိုက်လိုင်းများ၊ ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီလရှင်များ လိုက်ပါလာသည့်ယာဉ် ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် သီလရှင်များ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး သီလရှင် (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...