CATEGORY

အထွေထွေ

တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို ဦးတည်ဖမ်းဆီးနေပြီး ပြန်ရွေးခွင့်မပေး

သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ ကားများကို ဦးတည်ဖမ်းနေပြီး ပြန်ရွေးခွင့်မပေးတော့ကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ စတင်၍ ယနေ့ ဇွန်လ (၅)ရက်နေ့အထိ တောင်ကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ ကားများကို ဦးတည်ဖမ်းဆီးနေပြီး စုစုပေါင်း ကားအစီးရေ...

ရွာငံမြို့နယ် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ် မီးတက်ပြင်ရာမှ ဓာတ်လိုက်သေဆုံး

သျှမ်းပြည် ရွာငံမြို့နယ်တွင် အမျိုးသားတစ်ဦး ဓာတ်တိုင်ပေါ် လျှပ်စစ်မီး တက်ပြင်ရာမှ မတော်တဆ ထိခိုက်မိခြင်းကြောင့် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၄ ရက်) နေ့လယ်ပိုင်း၌ ရွာငံမြို့နယ် သိမ်ကုန်းရွာနှင့် အင်းကြီးရွာကြားရှိ ဓာတ်တိုင်ပေါ်သို့ အမျိုးသားတစ်ဦး လျှပ်စစ်မီးကြိုး တက်ပြင်ရာမှ မတော်တဆ ထိခိုက်မိခြင်းကြောင့်...

ပင်လုံမြို့လယ် ရေကန်ထဲတွင် ငါးများ အဆိပ်သင့်ကာ အစုလိုက်အပြုံလိုက်သေဆုံးနေ

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ မြို့လယ်ရေကန်ထဲတွင် ငါးများ အဆိပ်သင့်ကာ အစုလိုက်အပြုံလိုက် သေဆုံးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန်လ ၂ ရက်) နံနက်ပိုင်းတွင် ပင်လုံမြို့ရှိ မြို့လယ် ရေကန်ထဲတွင် ငါးများ အစုလိုက်အပြုံလိုက် အဆိပ်မိပြီး သေဆုံးနေကြောင်း စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ငါးတွေ...

တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ မော်တော်ကားနှင့် ဆိုင်ကယ်များကို နေအိမ်၊ ဘုန်းကြီးကျောင်းထဲအထိ ဝင်ရောက်ဖမ်းဆီးနေသောကြောင့် သွားရေးလာရေးအတွက် အဆင်မပြေ ဖြစ်နေကြရသည်ဟု စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇွန်လ ၁ ရက်)တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲများက တောင်ကြီးမြို့ လမ်းဆုံ၊ ရပ်ကွက်လမ်းများတွင် လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များကို...

တောင်ကြီးမြို့ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးနေသည့်ကိစ္စ ဆန္ဒပြရန် ထီလက်မှတ်နှင့်ငွေစက္ကူပေါ် စာရေးပြီးစည်းရုံး

သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကိစ္စကို ပြည်သူများ ဆန္ဒပြရန် ထီလက်မှတ်နှင့် ငွေစက္ကူပေါ်တွင် ရေးပြီး လမ်းမပေါ်တွင် ဖြန့်ကြဲထားကာ စည်းရုံးလှုံ့ဆော်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၃၁ ရက်) နံနက်အစောပိုင်းတွင် တောင်ကြီးမြို့ City Square Shopping Center ၊...

ဟိုပုံးမြို့ စည်ပင်သာယာရေးမှ အမှိုက်ခွန်ကောက်ခံသော်လည်း လိုက်လံသိမ်းဆည်းမှုအားနည်း

သျှမ်းပြည် ဟိုပုံးမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ လစဉ် အမှိုက်ခွန်များ ကောက်ခံနေသော်လည်း အမှိုက်သိမ်းသည့်ကားများ ပုံမှန်မရောက်လာပဲ အမှိုက်ရှင်းလင်းမှု အားနည်းနေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ပြည်သူများထံ လစဉ် အမှိုက်ခွန်များ ကောက်ခံထားသော်လည်း အမှိုက်သိမ်းဆည်းသည့် ကားများမှာ ပုံမှန် လာရောက်သိမ်းဆည်းမှု မလုပ်သည့်အတွက်ကြောင့် ပြည်သူများ...

သျှမ်းလူငယ်ချိတ်ဆက်မှုများလာရန် တွေ့ဆုံပွဲပြုလုပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီး သျှမ်းလူငယ်များ တွေ့ဆုံပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၂၅ ရက်နေ့တွင် ချင်းမိုင်မြို့ သျှမ်းလူငယ်အဖွဲ့အစည်း ထူထောင်ခြင်း (၂၅) နှစ်ပြည့်အနေဖြင့် ထိုင်းနိုင်ငံ ဒေသအသီးသီးရှိ သျှမ်းလူငယ်များ ချိတ်ဆက်မှုရရှိရန်နှင့် သျှမ်းလူငယ်များ စုစည်းညီညွတ်ပြီး လှုပ်ရှားမှုတရပ်...

ဘဝအိမ်မက်ကို အကောင်အထည်ဖေါ်ဖို့  စပိန် ရောက်နေတဲ့ သျှမ်းပြည်တောင်ပိုင်းက လူငယ်

၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် လူငယ်အများအပြားက နေရပ် စွန့်ခွါပြီး မိမိဘဝ တိုးတက်ရာ တိုးကြောင်း ရှာဖွေနေကြေပါတယ်။ ထိုလူငယ်များထဲတွင် သျှမ်းပြည် တောင်ပိုင်းက သျှမ်းလူငယ် စိုင်းပင်းဖ (Liam) လဲနိုင်ငံစွန့်ခွါပြီး စပိန်နိုင်ငံ တက္ကသိုလ်တခုမှာ ပညာသွားရောက်ဆည်းပူးနေ ပါတယ်။  ဘာ့ကြောင့် စပိန်နိုင်ငံကို ရွေးပြီး ပညာသွားသင်ရပါသလဲ။...

လိုင်စင်မဲ့ကားများဖမ်းဆီးရန် စစ်ခေါင်းဆောင် ညွှန်ကြားပြီးနောက် တောင်ကြီးတွင် ဆိုင်ကယ်ပါမချန် ဆက်တိုက်ဖမ်းဆီးနေ

လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အခွန်အခများ နစ်နာခြင်းကြောင့် ဖမ်းဆီးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ကို အမိန့်ပေးညွှန်ကြားလိုက်သည်။ မေလ (၂၀)ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး ဒုတိယနေ့တွင် ထိုသို့ ဖမ်းဆီးရန် စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် မေလ (၂၁)...

လားရှိုးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်သွားမည်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်ကို ပြန်လည်ပြုပြင်ပြီး မကြာခင်ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်၏ လေယာဉ်ပြေးလမ်းကြောင်းများကို ယခုရက်တပတ်အတွင်း ပြန်လည်းပြုပြင်နေပြီး မကြာခင် ပြန်လည်ဖွင့်လှစ်ရန် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ လေယာဉ်ပြေးလမ်းတွေပြန်ပြင်နေတယ်ဆိုတာ သိရတယ်။ပြန်ပြင်နေတာ‌တော့ ၄...

Latest news