တန်ဆောင်တိုင်ပွဲ အခွင့်ကောင်းယူပြီး စစ်ကော်မရှင်လက်အောက်ခံများ ရသမျှနည်း ငွေညှစ်နေ

သျှမ်းပြည် တောင်ကြီးမြို့တွင် နာမည်ကြီး တန်ဆောင်တိုင်ပွဲတော် ရောက်ရှိလာတော့မည် ဖြစ်သဖြင့် စစ်ကော်မရှင် လက်အောက်ခံများသည် ရသမျှနည်းဖြင့် ငွေညှစ်တောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

လာမည့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ တောင်ကြီးမြို့တွင် စစ်ကော်မရှင်က တန်ဆောင်တိုင်ပွဲတော်ကို ဦးဆောင်ကျင်းပမည်ဖြစ်ပြီး၊ ထိုပွဲတော် နာမည်ခံကာ လိုင်စင်မဲ့ ကားများ ဖမ်းဆီးခြင်း၊ ပွဲတော်အတွင်း ဆိုင်ခန်းများကို စျေးနှုန်းအဆမတန် ငှားရမ်းခြင်းတို့ ပြုလုပ်နေသည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) နေ့လည်ပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများသည် တန်ဆောင်တိုင် ပွဲတော်ရက် အတွင်း ယာဉ်လမ်းကြောင်း ရှင်းလင်းရန် ဟု အကြောင်းပြကာ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေကြောင်း တောင်ကြီးမြို့ခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ပွဲတော်ရက်မှာ ယာဉ်တွေ ရှင်းလင်းဖို့ ဆိုပြီး လိုင်စင်မဲ့ဆိုင်ကယ်၊ ကားတွေ ဖမ်းနေတာ။ အခုခေတ်က လိုင်စင်လုပ်ဖို့ကလည်း မလွယ်ဘူး။ အရေးမကြီးရင် အပြင်မထွက်ဖို့ပဲ၊ ထွက်ရင်လည်း လိုင်စင်ရှိတဲ့ ယာဉ်နဲ့ သွားဖို့လိုပါတယ်” ဟု တောင်ကြီးဒေသခံ ၎င်းအမျိုးသားက ပြောဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများသည် အေးသာယာမြို့အထိ ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်နေပြီး၊ ဖမ်းဆီးခံထားသည့် လိုင်စင်မဲ့ယာဉ်များမှာ တပိုင်တနိုင် စျေးရောင်းနေသည့် ကားများ၊ အိမ်တွင်းမုန့် လုပ်ငန်းသုံးကားများ အပါအဝင် စုစုပေါင်း ၂၀ စီးခန့် ရှိကြောင်း အေးသာယာဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များ ဖမ်းဆီးခံရစဉ် (ဓာတ်ပုံ – ဒေသခံ

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်လည်း တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ရက်အနီးတွင် ယာဉ်လမ်းကြောင်းများ ရှင်းလင်းစေရန် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခဲ့ရာ အစီးရေ ၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဆက်လက်ပြီး စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများသည် တောင်ကြီးတန်ဆောင်တိုင် ပွဲတော်အကြို စျေးရောင်းရန်အတွက် ဆိုင်ခန်းအငှားများကို တစ်ခန်းလျှင် ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၄၅ သိန်းထိ ပေါက်စျေးသတ်မှတ်ထားသည်။

သို့သော်လည်း ပွဲကျင်းပရေးကော်မတီနှင့် ပွဲစားများက တစ်ဆင့်ရောင်းချရာတွင် ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်ငွေ သိန်း ၇၀ ထိ ဈေးပေါက်နေကြောင်း ပွဲစျေးရောင်းရန် ပြင်ဆင်နေသည့် တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တကယ်တော့ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၃၀ ကနေ ၄၅ သိန်းထိပဲ ရှိတယ်။ အခုက ပွဲစားတွေက လေလံဆွဲ ပေါက်စျေးထက် များများပေးနိုင်တဲ့သူက ရတော့ တချို့ဆိုရင် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၇၀ ထိပေးရတယ်။ တစ်ရက်ကို ကျပ် ၆ သိန်း ရောင်းရမှ မဟုတ်ရင် အိပ်ရေးပျက် အလုပ်ရှုပ်ခံပြီး ကိုယ့်အတွက် ဘာမှ မကျန်ဘူး ဟု တောင်ကြီးဒေသခံ ၎င်းအမျိုးသမီးက ဆိုသည်။

တောင်ကြီးတန်ဆောင်တိုင်

စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် လာမည့်သူများသည် ပွဲတော်ရက်မတိုင်ခင် ဟိုတယ်ဘွတ်ကင် ကြိုတင်ထားရပြီး လက်ရှိ သျှမ်းသံတော်ဆင့် စုံစမ်းမှုအရ တောင်ကြီးမြို့ရှိ ဟိုတယ်များ အားလုံးနီးပါးတွင် အခန်းကြိုတင် စာရင်းပေးထားခြင်း ပြည့်နေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်ကြီးမြို့ရှိ ဟိုတယ်၊ တည်းခိုခန်းတွင် တည်ခိုမည့်သူများသည် ဧည့်စာရင်း တိုင်ကြားရမည်ဖြစ်ပြီး၊ ယမန်နှစ်ကဲ့သို့ ဓာတ်ပုံနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့ပေါ်သို့ အနယ်နယ် အရပ်ရပ်မှ ပြည်သူများ ရွှေ့ပြောင်း လာရောက်နေထိုင်ခြင်း၊ အလုပ်လာရောက်လုပ်ကိုင်ခြင်းတို့ ရှိနေပြီး ဒုစရိုက်သမားများလည်း ပေါများသည့် ဒေသတစ်ခု ဖြစ်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...