မိုင်းပွန်မြို့ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ကားများ သိမ်းဆည်း

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ စစ်ဆေးရေးဂိတ်တွင် နိုင်ငံခြားကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်နေပြီး လိုင်စင်မဲ့ကားများကိုပါ သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေးဂိတ်သည် နိုင်ငံခြားကုန်ပစ္စည်း စစ်ဆေးမှုများ ပိုမို တင်းကြပ်လာကာ လိုင်စင်မဲ့ ကုန်တင်ကားများကိုပါ စစ်ဆေး သိမ်းဆည်းမှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဂိတ်တွေမှာ ကားလိုင်စင်တွေလည်း စစ်တယ်၊ ဒီနောက်ပိုင်း စစ်တာ နည်းနည်းကြမ်းတယ်။ လိုင်စင်မပါရင် ကားကို သိမ်းတယ်။ ကားလိုင်စင်တွေ၊ ယာဉ်မောင်းလိုင်စင်ကတ်တွေ၊ ကုန်ပစ္စည်းတွေ ခရီးသည်တွေ အကုန်ကို စစ်တယ်။ ဒီနောက်ပိုင်း သွားလာတဲ့ ကားတွေ လျော့နည်းလာတယ်”ဟု အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကားသမားတစ်ဦးက ပြောသည်။

မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် လက်အောက်ခံ စစ်ဆေးရေးဂိတ်တွင် အဖွဲ့စုံ ဌာနပေါင်းစုံ ပူးပေါင်းစစ်ဆေးမှုရှိပြီး လိုင်စင်မဲ့ကားများ ဖမ်းဆီးစစ်ဆေးမှုကြောင့် သိမ်းဆည်းခံလိုက်ရသည့် ကုန်တင်ကားကြီးနှင့် ကားငယ်အချို့လည်း ရှိကြောင်း၊ ထို့အပြင် လိုင်စင်မဲ့ကား မောင်းနေသူအချို့လည်း လိုင်စင်ရှိကားများကို ပြောင်းလဲမောင်းနှင်နေရကြောင်း သိရသည်။

“လိုင်စင်မဲ့ကားတွေနဲ့ လိုင်းကားမောင်းနေတဲ့ လူတွေကြတော့ အခုက လိုင်စင်ကား ပြောင်းရတယ်။ မတတ်နိုင်တဲ့ လူတွေကြတော့ သူများကားကို မောင်းနေရတာ။ လိုင်းကား နားတာမျိုး မရှိပေမဲ့ သူများကားတွေနဲ့ မောင်းနေရတာ ဆိုတော့ သိပ်မကျန်ဘူး။ မရှိဘဲနဲ့ လုပ်စားနေရတာ ဒီလိုဖြစ်တော့ အဆင်မပြေကြဘူး” ဟု အသက် ၃၅ နှစ်အရွယ်ရှိ လိုင်းကားမောင်းသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများသည် လိုင်စင်မဲ့ကားများကို တင်သွင်းခဲ့ပြီး လက်ရှိမှာ လိုင်စင်မဲ့ကားများကို ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းသည် မတရားကြောင်း၊ အချို့လည်း ဝမ်းရေးအတွက် အဆင်ပြေရန် လိုင်စင်မဲ့ကားများကို ဝယ်ယူကာ လိုင်းကားပြေးဆွဲနေကြောင်းလည်း ၎င်းကားသမားက ဆိုသည်။

လိုင်စင်မဲ့ယာဉ်များသည် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အခွန်အခများ နစ်နာခြင်းကြောင့် ဖမ်းဆီးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၅ မေလ (၂၀) ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကော်မရှင် အစည်းအဝေးတွင် အမိန့်ပေး ညွှန်ကြားခဲ့သည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်းနှင့်အရှေ့ပိုင်းရှိ မြန်မာ-ထိုင်းနယ်စပ်၊ သျှမ်းပြည်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်တို့တွင်လည်း နိုင်ငံခြားထုတ်ကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်း နှင့် ဒေသတွင်း ထွက်ကုန်ပစ္စည်းအချို့ကိုပါ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားခြင်းကြောင့် ကူးလူးရောင်းဝယ်မှု ပိုပြီး ခက်ခဲလာကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ နိုင်ငံခြားထုတ် ကုန်ပစ္စည်းများကို စစ်ကော်မရှင်ဘက်က ကန့်သတ်တားမြစ်မှုများ ပြုလုပ်လာခြင်းကြောင့် သျှမ်းပြည်တောင်ပိုင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းသို့ လိုင်းကား ပြေးဆွဲနေသည့် ကားသမားအချို့ ရပ်နားသွားခဲ့ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...