အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည် ရေစီးထဲမျောပါသွားပြီး ရေနစ်သွားကြောင်း သိရသည်။

ရေနစ်သွားသည့် မောင်သော်သော်လင်း၏ ရုပ်အလောင်းကို ယနေ့ (စက်တင်ဘာ ၁၅)ရက် မနက်ပိုင်းတွင် ပြန်တွေ့ခဲ့သည်။

“ မနေ့က ကလေးတစ်ဉီး အိုင်းယားချောင်းထဲမှာ ရေနစ်သွားတယ်ဆိုပြီး ပြောလာတယ်။ သွားရှာတာ မတွေ့ဘူး။ ဒီမနက် မှာ သူရေနစ်တဲ့နေရာနားက သစ်ပင်အောက်ခြေမှာ သစ်ပင်ကို ဖက်ပြီး သေနေတာတွေ့တယ်” ဟု အောင်ပန်းမြို့ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင် တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုကဲ့သို့ မိုးတွင်းကာလ ရေစီးသန်ချိန်တွင် ကလေးငယ်များ ရေချောင်းထဲသို့ သွားရောက်မဆော့ကြရန် မိဘများအနေဖြင့် တားမြစ်သင့်ကြောင်းလည်း အောင်ပန်း ဒေသခံအမျိုးသားတစ်ဉီးက ပြောသည်။

“ ဒီလိုရာသီချိန်က ရေစီးသန်ချိန်ဖြစ်တယ်။ ချောင်းထဲရေမဆော့ဖို့ အထူးပြောချင်တယ်။ မိဘတွေလည်း ကလေးတွေကို ဂရုစိုက် တားမြစ်ထားသင့်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနစ် စက်တင်ဘာ ၁၄ရက်တွင်လည်း အောင်ပန်းမြို့တွင် မိုးသည်းထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ကလေးငယ်တစ်ဉီးနှင့် အသက် ၂၂အရွယ် အမျိုးသားတစ်ဉီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...