Tuesday, January 27, 2026

အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည် ရေစီးထဲမျောပါသွားပြီး ရေနစ်သွားကြောင်း သိရသည်။

ရေနစ်သွားသည့် မောင်သော်သော်လင်း၏ ရုပ်အလောင်းကို ယနေ့ (စက်တင်ဘာ ၁၅)ရက် မနက်ပိုင်းတွင် ပြန်တွေ့ခဲ့သည်။

“ မနေ့က ကလေးတစ်ဉီး အိုင်းယားချောင်းထဲမှာ ရေနစ်သွားတယ်ဆိုပြီး ပြောလာတယ်။ သွားရှာတာ မတွေ့ဘူး။ ဒီမနက် မှာ သူရေနစ်တဲ့နေရာနားက သစ်ပင်အောက်ခြေမှာ သစ်ပင်ကို ဖက်ပြီး သေနေတာတွေ့တယ်” ဟု အောင်ပန်းမြို့ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင် တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုကဲ့သို့ မိုးတွင်းကာလ ရေစီးသန်ချိန်တွင် ကလေးငယ်များ ရေချောင်းထဲသို့ သွားရောက်မဆော့ကြရန် မိဘများအနေဖြင့် တားမြစ်သင့်ကြောင်းလည်း အောင်ပန်း ဒေသခံအမျိုးသားတစ်ဉီးက ပြောသည်။

“ ဒီလိုရာသီချိန်က ရေစီးသန်ချိန်ဖြစ်တယ်။ ချောင်းထဲရေမဆော့ဖို့ အထူးပြောချင်တယ်။ မိဘတွေလည်း ကလေးတွေကို ဂရုစိုက် တားမြစ်ထားသင့်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနစ် စက်တင်ဘာ ၁၄ရက်တွင်လည်း အောင်ပန်းမြို့တွင် မိုးသည်းထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ကလေးငယ်တစ်ဉီးနှင့် အသက် ၂၂အရွယ် အမျိုးသားတစ်ဉီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...

နွားပွဲစားနှစ်ဦး စကားများရန်ဖြစ်ပြီး ကားဖြင့်တိုက်သတ်

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် အမျိုးသားနှစ်ဦး နွားပွဲစားအချင်းချင်း ရန်ဖြစ် စကားများရာမှ ကားဖြင့် တိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် ‌အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး နွားပွဲစား အချင်းချင်း ရန်ဖြစ် စကားများခဲ့ကြရာ...

နမ့်ခမ်းမြို့ ရွှေလီမြစ်ထဲ ရေနစ်သေဆုံးသည့် ကလေးရုပ်အလောင်း ၃ ရက်အကြာမှာ ရှာဖွေတွေ့ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သင်္ကြန်အကျနေ့၌ ရွှေလီမြစ်အတွင်း ရေနစ်သေဆုံးသည့်ကလေး ရုပ်အလောင်းအား ၃ ရက်အကြာမှ ရှာဖွေတွေ့ရှိကြသည်ဟု စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ကစားရင်း ရေနစ်ပျောက်ဆုံးသွားသော အသက် ၁၅ နှစ်အရွယ် မိုင်းနိုင် ထက်၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့...

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

0
‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ်...

ရေကြီးခဲ့သည့်ဒေသများ မိုးထပ်ရွာပြီးနောက် ရေပြန်တက်လာ

0
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားခဲ့သော သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယခုအောက်တိုဘာလဆန်းမှ စတင်ကာ မိုးရွာသွန်းပြီးနောက် ရေပြန်တက်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)တွင် မိုးရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။ “မနေ့ညလည်း မယ်ဆိုင်ချောင်းရေ ပြန်တက်လာလို့ အချို့ရပ်ကွက်မှာလည်း...