Tuesday, January 27, 2026

နယ်စပ်ကုန်စည်ပစ္စည်းတင်သွင်းခွင့် ပိတ်သိမ်းရပ်ဆိုင်းမှုကြောင့် ယာဉ်ပြေးဆွဲမှု ရပ်နားရ

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် စစ်‌ကော်မရှင်ဘက်မှ ပစ္စည်းတင်ပို့ခွင့် မပြုခြင်းကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နားထားရကြောင်း စုံစမ်းသိရသည်။

သြဂုတ်လ တတိယပတ်မှ စတင်ပြီး တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ သယ်ဆောင်ခွင့်မပြုခြင်း၊ ခရီးသည် သွားလာမှု နည်းပါးခြင်းတို့ကြောင့် ခရီးသည်တင်ယာဉ်အချို့ ရပ်နားထားရကြောင်း တာချီလိတ်ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားမထွက်ရတာ ၃ ရက်လောက် ရှိနေပြီ။ သူတို့ကတော့ ကုန်ပစ္စည်းတွေကို ဂိတ်တွေမှာလည်း လုံးဝ ပေးမဖြတ်တော့ဘူး။ ကျနော်အသိတွေလည်း တစ်ယောက်မှ ကားမထွက်ကြတော့ဘူး။ ကုန်လည်းမတင်ရ လူလည်းမရှိ ဖြစ်နေတာ၊ ဒီလကုန်ထိတော့ နားရတော့မယ် ထင်တယ်”ဟု တာချီလိတ် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကားသမားများသည် ကုန်ပစ္စည်းများကို ယခင်ကဲ့သို့ လွတ်လပ်စွာ သယ်ဆောင်ခွင့် မရှိသည့်အပြင် ခရီးသည် သွားလာမှု နည်းပါးနေခြင်း၊ လမ်းကြေးကုန်ကျစရိတ် များလာခြင်းကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်ပြီး တာချီလိတ်မြို့မှ အခြားမြို့သို့ တင်ပို့မည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှု တင်းကြပ်ခဲ့သည်။

သြဂုတ် ၁၃ ရက်တွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊ ပင်လယ်ရေကြောင်းဂိတ်များမှ စ၍ ကုန်ပစ္စည်း ၃၅ မျိုးကို တင်သွင်းခွင့် ယာယီပိတ်လိုက် ကြောင်း အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လူသုံးကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပြီးနောက် ကားသမားများ အလုပ်အကိုင် ကြပ်တည်းလား

0
စစ်ကော်မရှင်တပ်မှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် လက်ဆက် ပိတ်ပင်ထားခြင်းကြောင့် သျှမ်းပြည် အ‌ရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ကားသမားများ အလုပ်အကိုင် ကြပ်တည်းမှု ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊...

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ဆက်ပိတ်ထားပေးမည်ဟု တရုတ်က စစ်ကောင်စီကို ကတိပေး

0
တိုင်းရင်းသား လက်နက်ကိုင်များ ထိမ်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက် ပိတ်ထားပေးမည်ဟု တရုတ်ဘက်က စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ...

တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေး

0
တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁ ရက်)တွင် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ...

စစ်ပွဲကြားက တရုတ်၏ နယ်စပ်ကုန်သွယ်ရေး အိပ်မက် အလုပ်ဖြစ်နိုင်လား

0
“စစ်ပွဲ ယာယီ ရပ်စဲရေး” လက်မှတ်ထိုးခဲ့ပြီ ဖြစ်သည်။ သို့သော် မြေပြင်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ရာ စစ်ပွဲ ယာယီ ရပ်တန့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စလိုသည့် တရုတ်၏ အိပ်မက် လက်တွေ့ကျ မကျမှာ မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ သျှမ်းမြောက် စစ်ပွဲများ အရှိန်ပြင်းထန်နေပြီး...

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေး တင်းကြပ်၊ကုန်သည်များက အခက်တွေ့နေရ

0
သျှမ်းပြည်  မူဆယ်ဘက်ရှိ မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်မှုတွင် ကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်လာသည့် အတွက်ကုန်သည်များက အခက်တွေ့နေရကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် (ကျင်စန်းကျော့ဂိတ်) မှ တစ်ဆင့် တရုတ်ဘက်မှ မြန်မာပြည်ဘက် တင်သွင်းသည့်ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည့်အပြင် ဒဏ်ကြေး ပေးဆောင်မှုများလည်း ရှိနေကြောင်းကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။ “တင်သွင်းတဲ့ ကုန်ပစ္စည်းကို တံဆိပ်၊ အလေးချိန်တွေကို တိတိကျကျမှတ်ပြီးတော့ ပစ္စည်းအမျိုးအစား တူပြီး တံဆိပ်ကွဲပြားတာ၊အလေးချိန်ကွဲတာမျိုးတွေဆိုရင် ဒဏ်ရိုက်တယ်၊ တချို့ကလည်း  ပစ္စည်းသိမ်းတဲ့ အထိ လုပ်တယ်” ဟု ကြုံတွေ့ရသည့် အမည်မဖော်လိုသူ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မတ်လ အစပိုင်းမှ စတင်ကာ တင်သွင်းကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှု စတင်လုပ်ဆောင်လာ ခဲ့ခြင်းဖြစ်ပြီးပစ္စည်း စစ်ဆေးမှု တင်းကျပ်သည့်အပြင် ဒဏ်ငွေပေးဆောင်ရခြင်း၊ ပစ္စည်းသိမ်းခံရခြင်းတို့လည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။   ကျင်စန်းကျော့ဂိတ်မှ တစ်ဆင့် တင်သွင်းသည့် ကုန်ပစ္စည်းများသည် လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ တောင်ယာသုံးထွန်စက် စသည့်ပစ္စည်းများ ဖြစ်ကြကြောင်း သိရသည်။ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။ “ဝန်ကြီးဌာနက ကြေညာထားတာလည်း ရှိတယ်။ နိုင်ငံတော် မူဝါဒ အရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင်လိုင်စင်မလိုတာ အခု လိုင်စင်လုပ်ရတယ်။ ဒီစစ်ဆေးမှုကလည်း ကျင်စန်းကျော့ဂိတ်ကနေ ၁၀၅ မိုင် ထိ တိုက်ရိုက်မောင်းနိုင်ဖို့စစ်ဆေးမှုတွေ လုပ်တယ်လို့ ပြောတယ်” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။ ထို့အပြင် ကုန်ပစ္စည်း တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သည့် ပစ္စည်း အရေအတွက်တွင် ဆေးနှင့် ဆက်စပ်ပစ္စည်း၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအပါအဝင် တခြားပစ္စည်းပေါင်း တစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်မှ တင်သွင်းသည့် ကုန် ပစ္စည်းများသည် ပလတ်စတစ်နဲ့ နို့ထွက်ပစ္စည်းများ၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ၊လျှပ်စစ်ပစ္စည်းများ၊ သံနှင့် အိမ်ဆောက်ပစ္စည်းများ၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းများ ဖြစ်ကြကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ တင်သွင်းကုန်ပစ္စည်းများကိ စစ်ဆေးမှု တင်းကြလိုက်သည့်အတွက် ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာမှု ရှိသလိုငွေကြေးကောက်ခံမှုနှင့် ပစ္စည်းသိမ်းယူမှုမျာကြောင့် အချို့သွင်းကုန် လုပ်ငန်းမျာ ရပ်နားရသည် အထိရှိ နေကြောင်းလည်းကုန်သည်များထံမှ  သိရသည်။