တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေး

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁ ရက်)တွင် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ ကုန်သွယ်ရေးကိစ္စရပ်များနှင့် အွန်လိုင်းလောင်းကစား လိမ်လည်မှုများ ပပျောက်ရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်နေသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း ဆိုသည်။

တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက စစ်ခေါင်းဆောင်နှင့် ယမန်နေ့ (ဧပြီ ၁ ရက်)က တွေ့ဆုံဆွေးနွေးပြီးနောက် တပြိုင်နက် တရုတ်-မြန်မာ နယ်စပ်အနီး တရုတ်နိုင်ငံဘက်ခြမ်းတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ၏ စစ်ရေးလေ့ကျင့်မှု စတင်ကြောင်း သတင်းထုတ်ပြန်လာသည်။

၎င်းစစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ပြုလုပ်မည်ဖြစ်ပြီး နှစ်စဉ်ပြုလုပ်နေကျ အစီအစဉ်အဖြစ် လေ့ကျင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်က နယ်စပ်အနီး စစ်ရေးလေ့ကျင့်မှုသည် မြန်မာ-တရုတ် နယ်စပ်တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်ခန်းများကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခြင်းနှင့် တိုက်ဆိုင်နေပြီး ၂၀၂၃ နိုဝင်ဘာလ နောက်ဆုံးပတ်ကလည်း “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲပြင်းထန်နေသည့် ကာလတွင် တရုတ်ဘက်ခြမ်း၌ အလားတူ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ဖူးသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် ကူမင်းမြို့၌ (၄)ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး “ဟိုင်ဂင် သဘောတူညီချက်”ဖြင့် သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲနိုင်ခဲ့သော်လည်း တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင်ပါ အပစ်ရပ်နိုင်ရန် တရုတ်နိုင်ငံက ကြိုးစားနေကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၁ ရက်နေ့အထိ ကူမင်းမြို့၌ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား စတုတ္ထအကြိမ် တွေ့ဆုံခဲ့ပြီးနောက် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရေးနှင့် နယ်စပ်တည်ငြိမ်ရေးတို့ကို ကတိပြုခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က မတ်လ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၎င်းနောက်တွင် လောက်ကိုင်မြို့နယ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို စစ်‌ကောင်စီနှင့် ညီနောင်မဟာမိတ် တို့ အပေးအယူလုပ်ပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်ဖွင့်ပေးခဲ့ကြောင်း ချင်းရွှေဟော် ဒေသခံများက ပြောသည်။

သို့သော် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက လမ်းကြောင်းဖြစ်သည့် မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းမကြီးမှာ လုံခြုံရေး အခြေအနေများကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် မသေချာသေးဘဲ တစ်နှစ် ဒေါ်လာ ဘီလီယံ ဆယ်ချီ ကုန်သွယ်ရေး လမ်းကြောင်း အမြန် ပြန်ဖွင့်နိုင်ရန် ယူနန်ပြည်နယ် ကုန်သည်ကြီးများ အသင်းက ယူနန်ပြည်နယ် အစိုးရကို ဖိအားပေးနေသည်ဟု သတင်းရင်းမြစ်များက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...