တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ဆက်ပိတ်ထားပေးမည်ဟု တရုတ်က စစ်ကောင်စီကို ကတိပေး

တိုင်းရင်းသား လက်နက်ကိုင်များ ထိမ်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက် ပိတ်ထားပေးမည်ဟု တရုတ်ဘက်က စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်၊ တရုတ်ဘက်ခြမ်း ရွှေလီမြို့သို့ သွားရောက်သည့် စစ်ကောင်စီ လဝက ဝန်ကြီးကို တရုတ်ဘက်က အထက်ပါအတိုင်း ကတိပေးခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်တပ် ထိန်းချုပ်ထားသည့် ချင်းရွှေဟော် အပါအဝင် စစ်ကောင်စီ ဆုံးရှုံးခဲ့သည့် နယ်စပ်ဂိတ်များ အဝင်အထွက် ပိတ်ထားကြောင်း၊ စစ်ကောင်စီနှင့်တရုတ်အစိုးရ ညှိနှိုင်းပြီး တည်ငြိမ်မှုရှိမှသာ ပြန်ဖွင့်လှစ်ပေးမည်ဟု ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး ကျန်းပင်းက ကတိပေးခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီ လဝက ဝန်ကြီးသည် မိုင်ထောင်ချီ ရှည်လျှားသည့် တရုတ်-မြန်မာ နယ်စပ် တလျှောက် စစ်ကောင်စီ ထိမ်းချပ်မှုအောက် တခုတည်း ကျန်ရှိနေသည့် မူဆယ်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ခြမ်းမှ ဝင်ရောက် စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်စစ်ဆေးနေစဉ်

ပြီးခဲ့သည့် နိုဝင်ဘာလ အစပိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယူနန်ပြည်နယ်သို့ သွားရောက်စဉ် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များ ပိတ်ပေးရန် တရုတ်အစိုးရထံ တောင်းဆိုပြီးနောက် တရုတ်ဘက်မှ နယ်စပ် ပိတ်ဆို့မှုများ ဆက်တိုက် ပြုလုပ်လာသည်။

ယင်းသို့ နယ်စပ်ပိတ်ဆို့ သဖြင့် သျှမ်းမြောက် ဒေသခံလူထု ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် အလုပ်အကိုင် ရှားပါးမှုများ ကြုံတွေ့နေပြီး ဒုက္ခရောက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုထားသည်။

သျှမ်းမြောက်ကို သိမ်းပိုက်ထားသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များ ရိက္ခနှင့် ပစ္စည်း ကိရိယာများ ပြတ်တောက်စေရန် ရည်ရွယ်၍ တရုတ်ဘက်က နယ်စပ် ပိတ်ဆို့ထားစဥ် စစ်ကောင်စီက ပြည်သူများကို နေ့စဥ် ဗုံးကြဲ တိုက်ခိုက်နေသည်။

တရုတ်−မြန်မာနယ်စပ် နယ်စပ်ဂိတ်အားလုံးနီးပါးကို MNDAA၊ KIA နှင့် TNLA တို့ သိမ်းပိုက်ထားပြီး ကချင်ပြည်နယ် ကန်ပိုင်တည်မြို့ကို KIA က ယခုရက်အတွင်း ထပ်မံ သိမ်းပိုက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

တရုတ်သမ္မတနှင့် အာဏာသိမ်းသမ္မတ ပေကျင်းမြို့ တွေ့ဆုံ

0
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...