တောင်ကြီးမြို့ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးနေသည့်ကိစ္စ ဆန္ဒပြရန် ထီလက်မှတ်နှင့်ငွေစက္ကူပေါ် စာရေးပြီးစည်းရုံး

သျှမ်းပြည် တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကိစ္စကို ပြည်သူများ ဆန္ဒပြရန် ထီလက်မှတ်နှင့် ငွေစက္ကူပေါ်တွင် ရေးပြီး လမ်းမပေါ်တွင် ဖြန့်ကြဲထားကာ စည်းရုံးလှုံ့ဆော်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (မေလ ၃၁ ရက်) နံနက်အစောပိုင်းတွင် တောင်ကြီးမြို့ City Square Shopping Center ၊ အမှတ် ၅ စျေး နှင့် မြို့မစျေး အနီးအနားရှိ လမ်းမပေါ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲများ၊ ယာဉ်ထိန်းရဲများ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များ ဖမ်းဆီးမှုပြုလုပ်နေသည့်ကိစ္စကို ပြည်သူများအနေဖြင့် ကန့်ကွက်ဆန္ဒပြရန်အတွက် နှိုးဆော်စာများကို ငွေစက္ကူပေါ်တွင် ရေးသားပြီး ဖြန့်ကြဲချထားကြောင်း အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီလိုင်စင်မဲ့ ဖမ်းတာကြောင့်နဲ့ပဲ ဆန္ဒပြတော့မှာလား၊ သူတို့က (စစ်ကောင်စီ) ၄ နှစ်ကျော် နည်းပေါင်းစုံ တစ်မျိုးမဟုတ်တစ်မျိုး အခက်တွေ့အောင်လုပ်လာတာလေ။ လိုင်စင်မဲ့ယာဉ်တွေကို သူတို့လည်း စီးနေတာပဲ၊ သူတို့ကြတော့ စီးပြီး ပြည်သူတွေကြ မစီးရဘူး ဆိုတာ မဟုတ်သေးဘူး”ဟု ၎င်းအမျိုးသားက ပြောသည်။

လိုင်စင်မဲ့ကားဖမ်းဆီးနေသည့်အပေါ် ဆန္ဒပြရန် စည်းရုံးမှု

ထိုငွေစက္ကူနှင့် ထီလက်မှတ်များပေါ်တွင် လာမည့် (ဇွန်လ ၁ ရက်) နံနက် ၁၀ နာရီတွင် ဟွန်တီး ဆန္ဒပြရန် ရေးသားထားသည်။

သျှမ်းပြည်အတွင်း သာမက မြန်မာပြည်တဝှမ်းတွင် လိုင်စင်မဲ့ Without ယာဉ်များကို ဒေသခံလူထုသာမက ဌာနဆိုင်ရာများ၊ စစ်ကောင်စီ ဝန်ထမ်းများ၊ ပြည်သူ့စစ်များ၊ ဘုန်းတော်ကြီးများလည်း အသုံးပြုမောင်းနှင် နေကြသည်။

လိုင်စင်မဲ့ကားဖမ်းဆီးနေသည့်အပေါ် ဆန္ဒပြရန် စည်းရုံးမှု

လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များသည် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အခွန်အခများ နစ်နာခြင်းကြောင့် ဖမ်းဆီးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့ကို မေလ (၂၀)ရက် နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး ဒုတိယနေ့တွင် အမိန့်ပေးညွှန်ကြားခဲ့သည်။

၎င်းနောက် ပြီးခဲ့သည့် မေလ (၂၁) ရက်တွင် တောင်ကြီးမြို့ ကံသာရပ် ဓမ္မာရုံလမ်းထောင့်တွင် စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများက လမ်းပိတ်ဆို့၍ စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ် အစီးရေ (၁၀၀)ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...