တောင်ကြီးတွင် လိုင်စင်မဲ့ကားများကို ဦးတည်ဖမ်းဆီးနေပြီး ပြန်ရွေးခွင့်မပေး

သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ ကားများကို ဦးတည်ဖမ်းနေပြီး ပြန်ရွေးခွင့်မပေးတော့ကြောင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁)ရက်နေ့မှ စတင်၍ ယနေ့ ဇွန်လ (၅)ရက်နေ့အထိ တောင်ကြီးတွင် စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ လိုင်စင်မဲ့ ကားများကို ဦးတည်ဖမ်းဆီးနေပြီး စုစုပေါင်း ကားအစီးရေ ၄၀၀ ကျော်နှင့် ဆိုင်ကယ်အစီးရေ ၄၀၀ နီးပါး ဖမ်းဆီးထားကာ ဖမ်းဆီးထားသည့် ကားများကို မည်သူကိုမှ ပြန်လည်ရွေးထုတ်ခွင့် မပေးတော့ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“ကားတွေကိုပဲ အဓိကဖမ်းတာ၊ ဆိုင်ကယ်က စုတ်ပြတ်သတ်နေရင် မဖမ်းဘူး။ အကောင်းစား ဆိုင်ကယ်ဆို အမျိုးမျိုး ရစ်ပြီးဖမ်းတာ။ ဘက်မှန် မပါလို့၊ လိုင်စင်မပါလို့နဲ့ အမျိုးမျိူးရစ်တာ။ တကယ်လို့ ဆိုင်ကယ်ဖမ်းခံရရင် တန်းလိုက်ရွေးမှ၊ မဟုတ်ရင် သူတို့အပြီးသိမ်းတာတဲ့။ ကားဆိုရင်တော့ ရွေးလို့ကို မရဘူး။ သူတို့ သံရည်ကြိုစက်ထဲပဲ ထည့်မလား မသိဘူး” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများသည် လမ်းဆုံနှင့် မြို့ဝင်မြို့ထွက်တွင် အဓိကနေရာယူ ဖမ်းဆီးနေပြီး ကားနှင့် ဆိုင်ကယ် အရောင်းဆိုင်များထိလည်း လိုက်လံဖမ်းဆီးနေသည်ဟု ၎င်းက ဆက်ပြောသည်။

လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးခြင်း၊ ခိုးဆိုးလုယက်မှုများ များပြားလာခြင်းတို့ကြောင့် ညနေ (၇)နာရီမှစပြီး တောင်ကြီးမြို့ လမ်းမများပေါ်တွင် လူခြေတိတ်ဆိတ်လျက် ရှိနေပြီး ကားများ ဖမ်းဆီးခံရခြင်းကြောင့် ဈေးဝယ်ထွက်၍ မရဘဲ အခက်အခဲ ကြုံနေရသည်ဟု အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကဆို တောင်ကြီးမှာ ည ၁၀ နာရီအထိ လည်နေလို့ ကောင်းတုန်း။ ခုဆို ည ၇ နာရီဆို လူသူမရှိ ခြောက်ကပ်နေရော။ လိုင်စင်မဲ့ ဆိုပြီး ဖမ်းမှာ ကြောက်တာရယ်၊ လုယက်ခံရမှာ ကြောက်တာရယ်ကြောင့် ခုဆို ညနေကတည်းက တိတ်ဆိတ်နေတာ။ ကားဖမ်းခံရတာလည်း ဘာမှ လုပ်လို့ မရတော့ဘူး၊ အလှူလို့ပဲ သတ်မှတ်မှ ရတော့မယ်။ ဖမ်းလို့ရတဲ့ ကားတွေဆို အစိုးရ ဝန်ထမ်းတွေအတွက် ပေးမလားမသိဘူး” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

ဆိုင်ကယ်များသည် လိုင်စင်မပါလျှင် ကျပ်(သုံးသောင်း)၊ လိုင်စင်မရှိလျှင် ကျပ်(တစ်သိန်း)နှင့် ထောင်တစ်လ ချခံရမည် ဖြစ်ပြီး နံပါတ်ပြား မထင်ရှားပါက ပုဒ်မ ၈၄(က)၊ ၉၄ တို့ဖြင့် ထောင်ဒဏ် (၃)လမှ ငွေကျပ်(သုံးသိန်း) ကျခံရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ထို့အပြင် တောင်ကြီးမြို့ပေါ်တွင် ယနေ့ ဇွန်လ (၅)ရက်နေ့တွင် တိုက်လေယာဉ် တစ်စီး ပျံသန်းသွားသည့် အသံကြောင့် ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

အလားတူ နမ့်စန်မြို့နှင့် တာချီလိတ်မြို့တို့တွင်လည်း လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးလာခြင်းကြောင့် လမ်းမပေါ်တွင် ယာဉ်များ ကင်းရှင်းနေကာ တိတ်ဆိတ်လျှက် ရှိသည်ဟု မြို့ခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ (၂)ရက်နေ့တွင် စစ်ခေါင်းဆောင်မှ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် ညွှန်ကြားခဲ့ပြီး သျှမ်းပြည်တောင်ပိုင်းရှိ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်း၊ ရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့ဘက်တွင်လည်း ဈေးလာသုံးသည့် ပြည်သူများ၏ ဆိုင်ကယ်၊ ကားများ သိမ်းဆည်းခံခဲ့ရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...