CATEGORY
အထွေထွေ
- Cartoon
- Covid-19
- FACTCHECK
- Investigative
- Online TV
- Women and Gender
- ကျန်းမာရေး
- ငြိမ်းချမ်းရေး
- စစ်ရေး
- စီးပွားရေး
- ဆောင်းပါး
- နိုင်ငံရေး
- ပညာရေး
- ပေးစာ
- ဖျော်ဖြေရေး
- မှုခင်း
- မူးယစ်ဆေးဝါး
- မေး/ဖြေကဏ္ဍ
- ယဉ်ကျေးမှု
- ရွှေ့ပြောင်းအလုပ်သမား
- လူမှုရေး
- လူ့အခွင့်အရေး
- သတင်း
- သတင်းဆောင်းပါး
- သဘာဝပတ်ဝန်းကျင်း
- သဘာဝအရင်းအမြစ်
- သျှမ်းပြည်နယ်အစိုးရ
- အမြင်သဘောထား
- အယ်ဒီတာအာဘော်
- အာဘော်
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ရပ်စောက်မြို့ ဘက်တွင် လိုင်စင်မဲ့ ကားများကို နေအိမ်အထိဝင်ဖမ်းရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လျှိုဝှက်ညွှန်ကြားလာကြောင်း စုံစမ်းသိရှိရပါသည်။ အဆိုပါ ညွှန်ကြားချက်ထဲတွင် PDF အဖွဲ့နှင့် ဒုစရိုက်သမားများ အပါအဝင် ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်း လုပ်ကိုင်သူများသည် လိုင်စင်မဲ့ ကားများကို အသုံးပြု၍ ခရီးသွားလာခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း အပါဝင် လက်နက်ခဲယမ်းသယ်ဆောင်...
လွိုင်ကော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း စစ်ကောင်စီ နေရာပြောင်းရွှေ့ ဖွင့်လှစ်
ကရင်နီပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ အဝေးပြေးယာဉ် ရပ်နားစခန်းကို စစ်ကောင်စီမှ နေရာပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယခင်က နောင်ယားရပ်ကွက်တွင် ဖွင့်လှစ်ထားသော်လည်း လက်ရှိတွင် ကယားဒေးကွင်း အနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့်...
သျှမ်းလူငယ် ဘောလုံးသမား ထိုင်းနိုင်ငံတော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည်
အသက် ၁၅ နှစ်အရွယ်ရှိ သျှမ်းလူငယ် ဘောလုံးသမား စိုင်းဆိုင်ဟွမ်သည် ထိုင်းနိုင်ငံတော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အရွေးခံလိုက်ရကြောင်း သတင်းရရှိသည်။ စိုင်းဆိုင်ဟွမ်သည် မြန်မာရွှေ့ပြောင်းအလုပ်သမား မိဘ နှစ်ပါးမှ မွေးဖွားလာသူဖြစ်သည်။ လာမည့် မတ် ၂၂-၂၃ ရက်တွင် သူသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်းမှ...
တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား
Eugene -
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...
ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ကားမီးလောင်မှုဖြစ်ပွား၊ သတိထားသွားလာရန်လိုအပ်
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း တွင် တောင်အတက်အဆင်းလမ်း ကြမ်းတမ်း မှုကြောင့် ယာဉ်တိမ်းမှောက်မှု မီးလောင်မှုများ မကြာခဏဖြစ်ပွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၆) ရက်တွင် ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်း ပေါ်တွင် လားရှိုးမြို့သို့ ပြန်သည့် စစ်ဘေးရှောင် ကားတစ်စီးမီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီးကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျောက်တန်းလမ်းမှာ ကားမီးလောင်သွားတာ မနေ့က လားရှိုးပြန်တဲ့ကားပေါ့။ တော်သေးတယ်...
ရွှေကုက္ကိုလ်အတွင်းပိတ်မိနေသော ၁၃ မျဉ်းစောင်းကိုင်ဆောင် လူငယ်များနေရပ်ပြန်ရန် စိုးရိမ်နေရ
Eugene -
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကျားဖြန့်လုပ်ငန်းခွင်များအတွင်း ပိတ်မိနေသော ၁၃ မျဉ်းစောင်း နိုင်ငံသားစီစစ်ရေးကဒ်ကိုင်ဆောင်သည့် လူငယ်များ နေရပ်ပြန်ရန် စိုးရိမ်နေရကြောင်း သတင်းရရှိသည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်၍ ကျားဖြန့်လုပ်ငန်းများ အခြေစိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အား လျှပ်စစ်မီးနှင့် လောင်စာဆီများ ဖြတ်တောက်ရန် ထိုင်းအစိုးရ စီစဉ်ခဲ့သည်။ ထို့ကြောင့်...
စစ်ကောင်စီလက်အောက်ခံဌာနများ တာချီလိတ်မြို့ ကားပြခန်းထဲအထိ လိုင်စင်မဲ့ကား ဖမ်းဆီးနေ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့က လိုင်စင်မဲ့ကားများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကားအရောင်းပြခန်း Car Showroom များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်၍ ကျိုင်းတုံမြို့မှ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့က ကားလိုင်စင်များကို နေ့စဉ် ဝင်ရောက်စစ်ဆေးပြီး...
မိုင်းဖြတ်မြို့ လျှပ်စစ်မီး ပုံမှန်မရသော်လည်း မီတာခ တိုးကောက်နေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့တွင် လျှပ်စစ်မီးပုံမှန်မရသော်လည်း မီတာခ ကို တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ် မှစတင်ပြီး မိုင်းဖြတ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်းကြီးဌာန မှ လျှပ်စစ်မီတာကို ယခင်တွင် တစ်ယူနစ် ကျပ်(၂၀၀) မှ လက်ရှိ တစ်ယူနစ်လျှင် ကျပ် (၈၀၀)အထိ တိုးမြှင့်ကောက်ခံနေကြောင်း...
ညောင်ရွှေ ကြံစိုက်သူများ စစ်ကောင်စီကို ငွေပေးမှသာလျှင် ခုတ်ပြီးသားအပင်များ မီးရှို့ခွင့်ပြုမည်
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်အတွင်း ခုတ်ပြီးသားကြံပင်များအား မီးရှို့ခွင့်မပြုသည့်အတွက် ကြံစိုက်တောင်သူများ နောက်တကြိမ်စိုက်ပျိုးရန် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဇန်နဝါရီလ ပထမပတ်အတွင်း ညောင်ရွှေမြို့နယ်အတွင်းရှိ ကြံပင်စိုက်ပျိုးသည့် ကျေးရွာများမှ ကြံစိုက်တောင်သူများအား ခုတ်ပြီးသားကြံပင်များအား မီးရှို့ခြင်းမပြုလုပ်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခေါ်ယူသတိပေးစာထုတ်ထားကြောင်း လိုက်နာခြင်းမရှိပါက အရေးယူခံရမည်ဟု သတိပေးထားကြောင်း သိရသည်။ “မီးမရှို့ခိုင်းတဲ့အချက်ထဲမှာ ရှို့လိုက်တဲ့...
မူဆယ် စက်သုံးဆီဈေးမြင့်တက်မှုကြောင့် တရုတ်ထုတ်ဘက်ထရီဆိုင်ကယ် ပိုမိုအသုံးပြုလာ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် စက်သုံးဆီဈေး အဆမတန် မြင့်တက်နေခြင်းကြောင့် ပြည်သူများ တရုတ်ထုတ် ဘက်ထရီဆိုင်ကယ်များကို ပိုမိုအသုံးပြုလာကြကြောင်း စုံစမ်းသိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့တွင် တရုတ်အာဏာပိုင်များမှ စက်သုံးဆီနှင့် စားသောက်ကုန်များကို မြန်မာဘက်သို့ သယ်ယူခွင့် ပိတ်ပင်လိုက်ပြီးနောက် ယမန်နှစ် နိုဝင်ဘာလခန့်မှ စတင်ပြီး စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့သည်။ ထို့နောက် လျှပ်စစ်အားသွင်းပြီး...





