တောင်ကြီးမြို့ပေါ် တွဲကားများ ဖြတ်သန်းခွင့်ပြုထားခြင်းကြောင့် မြို့ခံများ စိုးရိမ်ထိတ်လန့်

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် တွဲကားများကို ဖြတ်သန်းခွင့်ပြုထားပြီး မြို့ခံများက ယာဉ်အသံများကြောင့် စိုးရိမ်ထိတ်လန့်မှုများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ရှောင်လမ်းတွင် လမ်းကျဉ်းခြင်း၊ မတ်စောက်ကာ လမ်းအကွေ့အကောက် များခြင်းနှင့် လမ်းချော်ခြင်းတို့ကြောင့် အဆိုပါ မြို့ရှောင်လမ်းကို အသုံးမပြုခိုင်းတော့ဘဲ သက်ဆိုင်ရာ အာဏာပိုင်များမှ ယမန်နေ့ မေလ (၅)ရက်နေ့မှ စ၍ တွဲကားများကို အနောက်မြို့ပတ်လမ်း မှတစ်ဆင့် ယာယီပြန်လည် ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း မြို့ခံများက ပြောသည်။

တောင်ကြီးမြို့ရှိ အနောက်မြို့ပတ်လမ်းတွင် ကုန်ကားကြီးများဖြင့် လမ်းအပြည့် နေရာယူ မောင်းနှင်နေကြပြီး ကားဟွန်းတီးသံနှင့် ကားကြီးအသံများကြောင့် ကလေးငယ်များနှင့် အသက်ကြီးရွယ်အိုများ အပါအဝင် စိုးရိမ်ထိတ်လန့်နေကြပြီး ယာဉ်အန္တရာယ်များအတွက်ပါ စိုးရိမ်မှုရှိနေကြသည်ဟု အသက် (၃၀)ဝန်းကျင် တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့ညတုန်းက အနောက်မြို့ပတ်လမ်းမှာ မုန့်သွားစားတာ၊ ဆိုင်ထဲတောင် ငလျင်လှုပ်တာလား ထင်ရတယ် လန့်ပါလန့်တယ်။ ကုန်ကားတွေ အရမ်းများတယ်၊ ကားကြီးတွေက ယာဉ်ငယ်တွေကို အရမ်းကျော်တက်တာ။ ကားဟွန်းတီးသံတွေကြောင့် အဲဒီဆိုင်ထဲက ကလေးငယ်လေးဆို အရမ်းလန့်နေရှာတာ။ အသက်ကြီး နှလုံးရောဂါရှိသူဆို မလွယ်ဘူး”ဟု အဆိုပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အနောက်မြို့ပတ်လမ်းတွင် ကျောက်မီးသွေးကား၊ ဘိလပ်မြေတင်ကားနှင့် ကုန်စိမ်းကားများ ဖြတ်သန်းကြပြီး အခြားသော ကုန်ကြမ်းပစ္စည်းကားများလည်း ဖြတ်သန်းသွားလာနေကြသည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး ကုန်တင်ကားသမားများကို စည်းကမ်းရှိစွာ မောင်းနှင်စေချင်ကြောင်းနှင့် ကားသမားများသည် အသက်နှင့်ရင်း၍ ကုန်ကားမောင်းနေရပြီး အများပြည်သူလူထုနှင့် သဟဇာတဖြစ်အောင် မောင်းနှင်စေလိုသည်ဟု ကားသမားတစ်ဦးက ပြောသည်။

“မြို့ခံပြည်သူကိုလည်း ကိုယ်ချင်းစာပါတယ်၊ ကျနော်တို့ ကားသမားတိုင်းတော့ မဆိုလိုဘူး။ တချို့သော ကားသမားတွေက အရမ်းဆိုးတယ်။ ကားဟွန်းကို အသားကုန် တီးတာ၊ ပြီးရင် ရှေ့ကို ကျော်တက်ကြတာ။ လူထုတွေကိုလည်း စာနာစေချင်တယ်၊ ကျနော်တို့ကလည်း မြို့ရှောင်လမ်းက အရမ်းအန္တရာယ်များတော့ အခုလို မြို့ပေါ်ကနေပြီး ဖြတ်သန်းရတာပါ” ဟု ကားသမား တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ရှောင်လမ်းသည် ညောင်ရွှေမြို့မှ ညိုမီးရွာအနီးသို့ လမ်းပြန်ပေါက်ကာ တောင်ကြီးနှင့် အေးသာယာကို ရှောင်ကွင်းသွားလာနိုင်သော လမ်းဖြစ်သည်။

မိုင်းပွန်-တောင်ကြီး လမ်းပိုင်းတွင်လည်း စစ်ကောင်စီဂိတ်များက ကုန်ကားများကို အစစ်အဆေး တင်းကြပ်ထားပြီး ကားတစ်စီးလျှင် ငွေကျပ်(၄သောင်း)မှ (ငါးသောင်း) အထိတောင်းခံပြီးမှ ဖြတ်သန်းခွင့်ပြုသည်ဟု ခရီးသွားများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...