Tuesday, January 27, 2026

နမ္မတူမြို့မစျေးအနီး နေအိမ်တန်းလျားမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက် မြို့မစျေးအနီး နေအိမ်တန်းလျားတစ်ခုတွင် ယနေ့ ၁၃ရက် ညသန်းခေါင်ယံ အချိန် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့ မြို့မစျေးအနီး ပန်ဟိုက် ၄ ရပ်ကွက်၊ ရပ်ကွက်ရုံးရှေ့ လေးခန်းတွဲပါသော အိမ်တန်းလျားတစ်လုံး ဝါယာရှော့ခ် ကြောင့် ညသန်းခေါင်ယံအချိန်တွင် မီးလောင်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“အိမ်ရှင်တွေ စစ်ရှောင်သွားကြတာ၊ နေအိမ်က တစ်လုံးထဲကို လေးခန်းပါ တယ်၊ သုံးခန်းက လူမနေဘူး၊ တစ်ခန်း က အငှားချထားပေးတယ်၊ လူမရှိတဲ့ အခန်းတွေကနေ ဝါယာရှော့ခ်ဖြစ်ပြီးမီးလောင်တာ၊ ထိခိုက် ဒဏ်ရာရသူ တော့ မရှိဘူး” ဟု ပြောသည်။

မီးလောင်ပျက်စီးသွားသောအိမ်၏ အိမ်ရှင်များသည် (၁၀၂၇) စစ်ဆင်ရေး ဒုတိယလှိုင်းကတည်းက စစ်ရှောင်သွား ပြီး (၄) ခန်းအနက် (၁) ခန်းကိုအငှားချထားပြီး လူသူမရှိတဲ့ အခန်းမှ မီးစတင်လောင်ကျွမ်းကြောင်းသိရသည်။

ထိုမီးလောင်မှုသည် ညအချိန် (၁၁) နာရီဝန်းကျင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒေသခံ မီးသတ်များနှင့် ပရဟိတ လုပ်သားများ ဝိုင်းဝန်းငြိမ်းသတ်မှု‌ကြောင့် ညသန်းခေါင်ယံ (၁၂) ဝန်းကျင်တွင် မီး ထိန်းနိုင်ခဲ့ကြောင်း ဒေသခံများ ပြောကြားချက် အရ သိရသည်။

အလားတူ ယမန်လ ဧပြီလ ထဲတွင် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်လည်း အိမ်ရှင်စျေးသွားနေစဉ် ဝါယာရှော့ခ်မှု ကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့သည်။

ယခုကာလသည် အပူချိန်မြင့်မားသော ရာသီဖြစ်သဖြင့် နေအိမ်တွင် လျှပ်စစ်မီးဖြစ်စေ၊ ထင်း၊ မီးသွေး၊ ဖယောင်း တိုင်မီးများ ဖြစ်စေ သုံးစွဲပြီးပါက လုပ်ငန်းကိစ္စပြီးမြောက်သည်အထိ အထူးစောင့်ကြည့်ရန်လိုအပ်သည့်အပြင် နေအိမ်မှ မထွက်ခွာမှီနှင့် ညအိပ်တော့မည့်အချိန်တိုင်း အသုံးပြုနေဆဲ လျှပ်စစ်မီး နှင့် ထင်း မီးသွေးမီးဖိုများကို သေချာစွာ ငြိမ်းသတ်သင့်ကြောင်းလည်း မီးဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့အစည်းက တိုက်တွန်းနိုးဆော်ထား သည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်​။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

TNLA ထိန်းချုပ် နမ္မတူမြို့ ဗုံးထပ်ကြဲခံရ၊ စစ်ဘေးရှောင် ၅၀၀ နီးပါး ထပ်မံထွက်ပြေး

0
သျှမ်းပြည် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထပ်မံထွက်ပြေးရသည့် စစ်ဘေးရှောင် (၅၀၀) ကျော် အကူအညီ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၃ ရက်) ည ၉ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့...

စစ်ကော်မရှင် TNLA ထိန်းချုပ် နမ္မတူနှင့် နမ့်ဆန် ဗုံးထပ်မံကြဲ၊ အရပ်သား ၃ဦးသေဆုံး

0
စစ်ကော်မရှင်သည် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်နှင့် နမ့်ဆန်မြို့နယ်ကို ယနေ့ (အောက်တိုဘာ ၁၇)ရက်တွင် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲကာ အရပ်သား (၃)ဉီး သေဆုံးပြီး၊ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထိုလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် သူများသည် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှ အမျိုးသား(၁)ဉီးနှင့် အမျိုးသမီး (၂)ဉီးဖြစ်ကြောင်း စစ်ရေး...

လားရှိုးမြို့ပေါ်ရောက် သီပေါ၊ နမ္မတူ စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်

0
စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် လားရှိုးမြို့ပေါ်သို့ရောက်ရှိလာသည့် သီပေါမြို့နှင့် နမ္မတူမြို့မှ စစ်ဘေးရှောင် ထောင်ချီအတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့ဘက်သို့ လေကြောင်းဖြင့်...

နမ္မတူဒေသခံ ရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်က လေကြောင်း ဆက်တိုက် ဗုံးကြဲမှုကြောင့် ဒေသခံများ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၂) ရက်မှ စတင်ပြီး အောက်တိုဘာ (၇)ရက်အထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ပေါ်သို့ စစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ပတ်အတွင်း...