တရားမဝင်အလုပ်လုပ်ကိုင်မှုကြောင့် ကျောင်းသားဗီဇာများကို ထိုင်းအစိုးရ ပြန်လည်စိစစ်မည်

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေမှုကိုတားဆီးရန် ခွင့်ပြုသည့်သက်တမ်းကို ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တို့ပူးပေါင်း ကာ ပြန်လည်စိစစ်သွားမည်ဟု သတင်းရရှိသည်။

ထိုင်းနိုင်ငံ၏ ဥပ‌ဒအရ နိုင်ငံတကာကျောင်းသားများ၏ ဗီဇာများကို တစ်ကြိမ်လျှင်ရက် (၉၀)နှင့် တစ်နှစ်ထက် မပိုသော ကာလထိ နေထိုင်ခွင့်ပြုထားပြီး ထိုဗီဇာဖြင့် တရားမဝင်အလုပ်လုပ်ကိုင် နေမှုများ စုံစမ်းတွေ့ရှိမှု ကြောင့် ခွင့်ပြုထားသော အချိန်ကာလ နှင့် အကြောင်းအရာပေါ်မူတည်ပြီး ပြန်လည်ပြင်ဆင် သတ်မှတ် သွားမည်ဟု ထိုင်းအာဏာပိုင်များက မီဒီယာများအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

ခွင့်ပြုကာလပြန်လည်သတ်မှတ်မည့်ကိစ္စနှင့်ပတ်သက်ပြီး အမှန်တကယ်ကျောင်းတက်နေသည့် ကျောင်းသား များအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်လာနိုင်ကြောင်းကို ရာ့ချဖတ်တက္ကသိုလ် လူမှုရေးသိပ္ပံဌာနမှ ဒေါက်တာ ဆုထိရာ ခနားထမ် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“အမှန်တကယ် ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ နေ့စဉ်လူနေထိုင်မှုဘဝကို အနှောက်ယှက်ဖြစ်လာနိုင် မှာပဲ၊ ဥပမာ ခနခန သက်တမ်းလိုက်တိုး နေမယ့်ကိစ္စလိုမျိုးပေါ့၊ ကျမတို့ နယ်ပယ်မှာတော့ Politic of Daily Life လို့ခေါ်တယ်၊ ကြောက်စိတ်ပေါ့၊ ကိုယ်မမှားရင်တောင် လဝကနဲ့ တခြားရုံးလိုမျိုး ခနခနသွား ရင်ကြောက် စိတ်က မသိမသာ ဖြစ်နေတတ်တယ်” ဟု ၎င်းကပြောသည်။

ထို့အတူ ထိုင်းနိုင်ငံရှိ တက္ကသိုလ်တစ်ချို့တွင် တရားမဝင်အလုပ်လုပ်ကိုင်နေသည့် ကိစ္စနှင့် ပတ်သက်ပြီး တင်းတင်းကြပ်ကြပ် သတိပေးထားတာမျိုးရှိပြီး ယခုလို ဥပဒကို ပြန်လည်စိစစ် တာက ကောင်းသည့်လုပ်ရပ် ဖြစ်ပြီး ဗီဇာ နှင့်လုပ်စားနေသည့်ကျောင်းတွေကို ပညာပေးလိုက်တာဖြစ်ကြောင်း မယ့်ဖလုံတက္ကသိုလ်တွင် တက်ရောက် သင်ကြား နေသည့် လူငယ်တစ်ဦးက ဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး … ကျောင်းကလဲ တရားမဝင်အလုပ်တွေ မလုပ်ဖို့ကို ခဏခဏ ပြောတယ်။ တခုခုဆိုသူတို့က လိုက်ရှင်းပေးနေရလို့ … မှန်မှန်ကန်ကန်လုပ်ရင်တော့ ကျောင်းသားတွေပေါ် Impact သိပ်မရှိနိုင်လောက်ဘူး၊ ကျောင်းမှာတော့ ဖြေရှင်းဖို့ဌာန(International Affair) တစ်ချို့ရှိတယ်လေ ၊ ပြီးတော့ Student Status ရှိနေသ၍ ကြောက်စရာမလိုဘူး၊ ဗီဇာရောင်းစား နေတဲ့ကျောင်း တွေနဲ့ အကျင့်ပျက်ဝန်ထမ်းကို ကောင်းကောင်းနှိပ်ကွပ်လိုက်တာပဲ၊ ကျောင်းသားဗီဇာက ကျောင်းသားအတွက်ပဲ ရှိသင့်တာ’’ ဟု ၎င်းလူငယ်ကပြောသည်။

ထိုင်း ED ဗီဇာ

ဗီဇာကိစ္စ ပြန်လည်စိစစ်ပြီး ပြင်ဆင်သတ်မှတ်မှုကို ထိုင်းနိုင်ငံအဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှု ဝန်ကြီးဌာနနှင့် လူဝင်ကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဥပဒေမူဘောင်တစ်ရပ် သတ်မှတ်ရန် အတွက် နားလည်မှုစာချွန်လွှာ (MoU) ကို မကြာမီ လက်မှတ်ရေးထိုးပြီး စိစစ်သွားဖို့ရှိကြောင်းသိရသည်။

မတ်လ ၂၈ ရက် ငလျင်ကြောင့် ပြိုကျသွားသော ဘန်ကောက်ရှိ အဆောက်အုံ၏ တာဝန်ရှိသူကို စုံစမ်း ဖော်ထုတ်ရာတွင် ကျောင်းသားဗီဇာဖြင့် တရားမဝင်လုပ်ကိုင်နေသော တရုတ်လူမျိုး အင်ဂျင်နီယာ ကိုတွေ့ရှိသဖြင့် ယခုကဲ့သို့ ပြန်လည်စိစစ်တာ ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...