နမ့်ခမ်းမြို့ ရွှေလီမြစ်ထဲ ရေနစ်သေဆုံးသည့် ကလေးရုပ်အလောင်း ၃ ရက်အကြာမှာ ရှာဖွေတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သင်္ကြန်အကျနေ့၌ ရွှေလီမြစ်အတွင်း ရေနစ်သေဆုံးသည့်ကလေး ရုပ်အလောင်းအား ၃ ရက်အကြာမှ ရှာဖွေတွေ့ရှိကြသည်ဟု စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ကစားရင်း ရေနစ်ပျောက်ဆုံးသွားသော အသက် ၁၅ နှစ်အရွယ် မိုင်းနိုင် ထက်၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်တွေ့ရှိကြောင်း ပါဝင်ကူညီပေးနေ သည့် အမည်မဖေါ်လိုသူ ပရဟိတအဖွဲ့ ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သင်္ကြန်အကျနေ့တုံး ဟိုဆိုင်းချောင်းသာမှာ ရေနစ်သွားတဲ့ ကလေးရဲ့ရုပ်အလောင်းကိုသွားယူတာပေါ့၊ မနေ့ညနေလောက် ရွာခံတွေဖုန်းဆက်လာလို့ သွားယူပေးရတာ၊ နောင်မရွာနဲ့မန့်ဆွမ်းရွာ ကူးတို့ဆိပ်နားလေးမှာ ပြန်တွေ့တာ” ဟု ထိုအမျိုးသားက ပြောသည်။

ရေနစ်သေဆုံးသွားသည့် ကလေးရုပ်အလောင်း

ထိုနေရာသို့ စေတနာမွန်လူမှုကူညီရေး၊ နမ့်ခမ်းသွေးလှူရှင်အသင်း၊ NMBG ပရဟိတ လူမှုကူညီရေးအသင်းနှင့် ဂရုဏာ ပရဟိတအသင်း တို့ပူးပေါင်းပြီး အလောင်းကို ရွှေလီမြစ်ထဲမှ ဆယ်ထုတ်ပေးခဲ့ကြောင်း စုံစမ်းသိရ သည်။

သေဆုံးသူသည် ပြီးခဲ့သည့် ဧပြီလ ၁၄ ရက် ညနေပိုင်းအချိန်တွင် နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ရွှေလီမြစ် ထဲတွင်ရေဆော့ကစားရင်း ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဧပြီ ၁၇ ရက်နေ့မှသာ ပုပ်ပွသည့် အနေ အထား ဖြင့်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်တစ်လျှောက်တွင် ပြည်သူများ နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလ အပန်းဖြေကြသည့် နေရာဖြစ်ပြီး ရေနစ်သေဆုံးမှုလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု နမ့်ခမ်းဒေသခံများက ပြောသည်။

အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

သင်္ကြန်ကာလအပြီး တောင်ကြီးတွင် လိုင်စင်မဲ့ ယာဉ်(၃၀)ကျော် ဖမ်းဆီးခံရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ကာလအပြီး လိုင်စင်မဲ့ယာဉ်များ၊ စုံ-မ သတ်မှတ်ချက် မှားယွင်းမှုများ ဖမ်းဆီးနေပြီး ယာဉ်အစီးရေ (၃၀)ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီလ ၂၀ ရက်)တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း အလယ် ဘီအိုစီ စက်သုံးဆီဆိုင်ရှေ့နှင့် ဗိုလ်ချုပ်လမ်းဘက်တွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့်...

တောင်ကြီး သင်္ကြန်မဏ္ဍပ် (၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါး

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း ဆောက်လုပ်ထားသော်လည်း စိတ်ဝင်စားသူ နည်းပါးကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်းဘက်တွင် အတာသင်္ကြန် မဏ္ဍပ် (၉) ခုထက်မနည်း ဆောက်လုပ်ထားပြီး စစ်ကော်မရှင်က စက်သုံးဆီချွေတာရန်ဟုဆိုကာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်လည်း ပြုလုပ်ထားသည်။ ထိုသို့ သင်္ကြန်ပွဲတော် ဆင်နွှဲရန် တောင်ကြီးမြို့တွင် စိတ်ဝင်စားသူ...