Tuesday, January 27, 2026

သင်္ကြန်

နမ့်ခမ်းမြို့ ရွှေလီမြစ်ထဲ ရေနစ်သေဆုံးသည့် ကလေးရုပ်အလောင်း ၃ ရက်အကြာမှာ ရှာဖွေတွေ့ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် သင်္ကြန်အကျနေ့၌ ရွှေလီမြစ်အတွင်း ရေနစ်သေဆုံးသည့်ကလေး ရုပ်အလောင်းအား ၃ ရက်အကြာမှ ရှာဖွေတွေ့ရှိကြသည်ဟု စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ကစားရင်း ရေနစ်ပျောက်ဆုံးသွားသော အသက် ၁၅ နှစ်အရွယ် မိုင်းနိုင် ထက်၏ ရုပ်အလောင်းကို ယမန်နေ့ ဧပြီ ၁၇ ရက်နေ့...

လားရှိုးမြို့ သင်္ကြန်ကျင်းပရေး ပြည်သူပါဝင်ရန် MNDAA ကြိုးစားနေ

သျှမ်းပြည် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေး ခေါ်ယူပြီး ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များ ပြင်ဆင်လေ့ကျင့်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လားရှိုးဧရိယာ...

သင်္ကြန်ကာလအတွင်း သတိပြု သွားလာရန် PDF တပ်ဖွဲ့ တိုက်တွန်း

လာမည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ဦးဆောင်ကျင်းပပေးမည့် သင်္ကြန် မဏ္ဍပ်တွင် အသွားလာ သတိထားရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တိုက်တွန်းလိုက်ကြောင်း စုံစမ်းသိရသည်။ ယခုနှစ်အတွင်း သျှမ်းပြည်တစ်ဝှမ်းတွင် သင်္ကြန်ပွဲကျင်းပရန်အတွက် စစ်ကောင်စီက ဦးဆောင်ပြီး ရေကစားမဏ္ဍပ်များကို အကြီးအကျယ် ပြုလုပ် ပေးနေလျက်ရှိကြောင်း သိရသည်။ အလားတူ သျှမ်းပြည် တောင်ကြီးမြို့တွင်...

သင်္ကြန်အတွက်ဟုဆိုပြီး လားရှိုးမြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်၊ ကားသမားများထံ ပိုက်ဆံကောက်ယူ

သျှမ်းပြည် လားရှိုးခရိုင် ၊ လားရှိုးမြို့နယ်အတွင်း သင်္ကြန်ပြုလုပ်ရန်အတွက် စည်းကမ်းမဲ့ ယာဉ်မောင်း လာသူများကို စောင့်ဆိုင်းစစ်ဆေးနေပြီး ငွေကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လ ပထမပတ်က စပြီး လားရှိုးမြို့နယ်အတွင်း ကား ၊ ဆိုင်ကယ် များကို စစ်ဆေးနေပြီး လိုင်စင်မပါရှိသည့် ဆိုင်ကယ်သမားကို ငွေ ၃...

တော်လှန်သင်္ကြန် နဲ့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြံအစည်

အာဏာသိမ်း စစ်ကောင်စီ လက်ထက် ဒုတိယအကြိမ်မြောက် သင်္ကြန်ကာလမှာ တော်လှန်သင်္ကြန်တွေ ပြုလုပ်ကြဖို့ လူငယ်တွေတိုက်တွန်းနေချိန် စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ ပြည်သူတွေ ပျော်ပျော် ရွှင်ရွှင်နဲ့ သင်္ကြန်ကို ဆင်နွဲနေတယ်ဆိုတာကို ချပြနိုင်ဖို့ နည်းမျိုးစုံနဲ့ စည်းရုံး လှုံ့ဆော်တဲ့အပြင် ဖိအားပေးတာ တွေလဲရှိပါတယ်။ ဒီရိုးရာသင်္ကြန်ဟာ သျှမ်းပြည်မှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေတဲ့...

အာဏာသိမ်းစစ်ကောင်စီ မှ ပြုလုပ်မည့်သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် လူငယ်များပြော

မကြာမီ ရောက်ရှိလာမည့် သင်္ကြန်ပွဲတော်ကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ က ကျင်းပရန် စီစဉ်နေကြပြီး သင်္ကြန်ပွဲတော်ကို ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်း မပြုကြရန် သျှမ်းပြည်လူငယ်များက တောင်းဆိုကြသည်။ ဖေဖော်ဝါရီ ၁ရက်မှစတင်ကာ ပြည်သူ့ အာဏာကို စစ်တပ်က သိမ်းပိုက်ပြီးနောက် “ စစ်အာဏာ အလိုမရှိကြောင်း” မြန်မာတဝှမ်း တွင်...

တောင်ကြီးသင်္ကြန်ကာလ အကြိုလုံခြုံရေးဆောင်ရွက်ရာတစ်ပတ်အတွင်း (၁၄) မှု အရေးယူနိုင်ခဲ့ဟုဆို

တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလ အကြိုလုံခြုံရေးအတွက်ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ တစ်ပတ်အတွင်း လက်နက်မှု (၃) မှုနှင့် မူးယစ်ဆေးဝါး မှု (၁၁) မှုစုစုပေါင်း(၁၄) မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်ထံမှသိရ သည်။ " သင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ် ပွားမှုတွေ ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ၊...

Latest news