လားရှိုးမြို့ သင်္ကြန်ကျင်းပရေး ပြည်သူပါဝင်ရန် MNDAA ကြိုးစားနေ

သျှမ်းပြည် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေး ခေါ်ယူပြီး ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များ ပြင်ဆင်လေ့ကျင့်နေကြောင်း စုံစမ်းသိရသည်။

မတ်လ ၁၆ ရက် နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီက အစည်းအဝေး ခေါ်ယူခဲ့ပြီး မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လားရှိုးမြို့ပေါ်မှာက တိုင်းရင်းသား ၁၀ မျိုး ရှိတော့ အားလုံးကို ခေါ်တယ်။ ပြီးတော့ ရပ်ကွက်အလိုက် ယိမ်းအကတွေ ထွက်ပေးဖို့ ကိုးကန့်တပ်က ပြောထားတယ်။ ဗဟိုမဏ္ဍပ် အကြီးဆုံးကတော့ မြို့တော်ခန်းမမှာ လုပ်သွားမယ်။ သင်္ကြန်ကို လူစည်အောင် အစီအစဉ် စုံနိုင်သမျှ စုံအောင် ထည့်သွားမယ်”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းအစည်းအဝေးကို MNDAA မှ ဖွဲ့စည်းထားသည့် ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီနှင့် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ အဖွဲ့ဝင် Li Xin Hai မှ ဦးဆောင်ကျင်းပခဲ့ပြီး သင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီမှ ယမန်နေ့ (မတ်လ ၁၈ ရက်) တွင် သတင်းထုတ်ပြန်သည်။

ပုံစာ – သင်္ကြန်ပွဲကျင်းပနိုင်ရန် လားရှိုးဒေသခံများကို MNDAA မှ အစည်းအဝေး ခေါ်ယူဆွေးနွေးစဉ် (ဓာတ်ပုံ – The Kokang)

ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့အတွင်း သင်္ကြန်အကြိုနေ့မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ငါးရက်တိုင်တိုင် လားရှိုးမြို့တော်ခန်းမတွင် ဗဟိုမဏ္ဍပ် ထားရှိကာ ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေနိုင်ရန် စီစဉ်နေကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၆ လပိုင်း မတိုင်ခင်အထိတော့ စစ်ရေးပိုင်း လှုပ်လှုပ်ရှားရှား မရှိလောက်သေးဘူး အခု အားလုံးပုံမှန်ပဲ၊ ၆ လပိုင်း ကျော်သွားရင်တော့ မပြောတတ်ဘူး။ အခုတော့ ပွဲလမ်းသဘင်တွေ လုပ်ပေးပြီး ပြည်သူပါဝင်မှု ထောက်ခံမှုရအောင် ကြိုးစားနေတာတော့ သတိထားမိတယ်။ အဓိကတော့ သူတို့ဘက်မှာ လုံခြုံရေး အာမခံချက် ရှိထားလို့ လုပ်နိုင်တယ်ထင်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ထပ်လောင်းပြောကြားသည်။

ထို့အပြင် မြို့သိမ်းတိုက်ပွဲ ကာလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအတွက် သာဓုခေါ် အမျှဝေ ဆုတောင်းပွဲကိုလည်း သင်္ကြန်ကာလအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီကြား တရားဝင် အပစ်အခတ်ရပ်စဲမှုသည် ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်အသက်ဝင်ခဲ့ကြောင်း တရုတ်နိုင်ငံဘက်မှ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ တစ်လပတ်လုံး ကျင်းပခဲ့သည်။

ပုံစာ – သင်္ကြန်ပွဲကျင်းပနိုင်ရန် လားရှိုးဒေသခံများကို MNDAA မှ အစည်းအဝေး ခေါ်ယူဆွေးနွေးစဉ် (ဓာတ်ပုံ – The Kokang)

အလားတူ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့တွင်လည်း တပေါင်းပွဲတော်ကို မတ်လ ၁၀ ရက်နေ့မှ စတင်၍ ဦးဆောင်ကျင်းပခဲ့ပြီး မတ်လ ၁၄ ရက်တွင် ကျရောက်ခဲ့သည့် ဟိန္ဒူရိုးရာ သင်္ကြန်ဖြစ်သည့် Holi ပွဲတော်ကိုလည်း လားရှိုးမြို့တွင် ကျင်းပခဲ့သည်။

အခြားတစ်ဘက်တွင် စစ်ကောင်စီဘက်မှ အချိန်မရွေး တိုက်ခိုက်လာနိုင်သည့် လေကြောင်းအန္တရာယ်ကိုလည်း စိုးရိမ်ရပြီး ကိုးကန့်တပ်ဖွဲ့ ဦးဆောင်မှုဖြင့် တရုတ်နှစ်သစ်ကူး ကာလမှ စ၍ တပေါင်းပွဲအချိန်ထိ ပွဲအကြောင်းပြကာ လောင်းကစားဝိုင်းများကို အဆက်မပြတ် ဖွင့်လှစ်ခွင့် ပြုထားခြင်းကြောင့် ခိုးဆိုးလုနှိုက်နှင့် ဓားပြတိုက်မှု အန္တရာယ်အပြင် လုံခြုံရေး စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

MNDAA ဖွဲ့စည်းသတ်မှတ်ထားသည့် ကိုးကန့်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် မုံးကိုးခရိုင်တို့မှ စစ်ဦးစီးမှူးများကို မတ်လ (၁၃) ရက်မှ စတင်၍ တရုတ်အာဏာပိုင်များမှ ကူမင်းမြို့သို့ အရေးပေါ် ခေါ်ယူတွေ့ဆုံနေပြီး မတ်လ (၂၂) ရက်တွင် စစ်ကောင်စီနှင့် ထပ်မံတွေ့ဆုံမည်ဖြစ်ရာ ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...