အာဏာသိမ်းစစ်ကောင်စီ မှ ပြုလုပ်မည့်သင်္ကြန်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် လူငယ်များပြော

မကြာမီ ရောက်ရှိလာမည့် သင်္ကြန်ပွဲတော်ကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ က ကျင်းပရန် စီစဉ်နေကြပြီး သင်္ကြန်ပွဲတော်ကို ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်း မပြုကြရန် သျှမ်းပြည်လူငယ်များက တောင်းဆိုကြသည်။

ဖေဖော်ဝါရီ ၁ရက်မှစတင်ကာ ပြည်သူ့ အာဏာကို စစ်တပ်က သိမ်းပိုက်ပြီးနောက် “ စစ်အာဏာ အလိုမရှိကြောင်း” မြန်မာတဝှမ်း တွင် ဆန္ဒထုတ်ဖော်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူ (၆၀၀)နီးပါး ကို သတ်ဖြတ်ခဲ့ပြီး၊ ထောင်ချီ ဖမ်းဆီး ချုပ်နှောင်ခဲ့သည်။

နိုင်ငံရေး အခြေအနေ မတည်ငြိမ်သည့် ကြား အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီသည် မြန်မာနှစ်သစ်ကူး သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ကြိုးစားနေခြင်းသည် မရိုးသားကြောင်း၊ တစုံတရာ ဖြစ်ပွားလာနိုင်ကြောင်း သျှမ်းမြောက် လူငယ်များက ပြောသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ကျင်းပမည့် သင်္ကြန် ကို သွားရောက်ပါဝင်ပါက စစ်အာဏာရှင်တော်လှန်ရေး တွင် ကျဆုံးသွားသည့် သူရဲကောင်းများကို မလေးစားရာ ရောက်မည် ဟု လည်း လားရှိုး လူငယ်တဦး ကပြောသည်။

“ကျနော်တို့ ဒီနှစ် သင်္ကြန်ကို တော့ ဆော့မှာ မဟုတ်ဘူး။ အခု စစ်တပ် က သင်္ကြန်လုပ်မယ်ဆိုတော့ ပိုပြီးတော့ မလုံခြုံဘူး။ သူတို့က လူငယ်တွေကို ရာချီပြီးသတ်နေတာ။ တစ်ခုခုဖြစ်လာနိုင်တယ်” အထက်ပါ လားရှိုး လူငယ်က ဆိုသည်။

အဆိုပါ အာဏာသိမ်း စစ်ကောင်စီမှ ပြုလုပ်ပေးသည့် သင်္ကြန်ကို မပါဝင်ဘဲ ဆုံးရှုံးသွားသည့် ဒီမိုကရေစီ မရမခြင်း စစ်အာဏာရှင်ကို ဆက်လက် ပြီး မကျင်းပခြင်းဖြင့်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြသွားမည်ဟု လူငယ်များက ပြောသည်။

သကြန်ပွဲတော်သည် မျိုးရိုးထုံးတမ်းဖြစ်သည့်အလောက် ထုံးတမ်းမပပျောက်အောင် ကိုယ်နည်း ကိုယ်ဟန်ဖြင့် ပြုလုပ်နိုင်ကြောင်း သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ လူငယ်ကပြောသည်။

“ မျိုးရိုးအစဉ်လာတော့လုပ်မယ်။ ဒါပေမယ့် လမ်းပေါ်ထွက်ပြီး ဟို အရင်နှစ်တွေလိုတော့မလုပ်ဘူး။ ဥပမာ ဘုန်းကြီးကျောင်းတက်တာ။ အိမ်ကဘုရားကို ရေလောင်းပေးတာ။ ကျမတို့ နှစ်သစ်ကူးသွားနိုင်တာဘဲ။ ဒါဆိုရင် အစဉ်လာကိုထိန်းသိမ်းသလို၊ ကျမ တို့လည်း ဘေးကင်းတာပေါ့ ” ဟု ပင်လုံမြို့ လူငယ်ကပြောသည်။

ယခုနှစ်အတွင်း နှစ်သစ်ကူးသင်္ကြန်ကို မပြုလုပ်ကြရန်အတွက် မြို့နယ်အလိုက်စာထုတ်ထားကြောင်း၊ ကျဆုံးသွားသည့် သူများကို လေးစားခြင်းအားဖြင့် မပြုလုပ်ကျင်းပရန် အတွက် မေတ္တာရပ်ခံစာထုတ်ထားကြသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး အကြမ်းဖက်စစ်ကောင်းစီမှ အာဏာသိမ်းယူပြီးနောက်ပိုင်း လူ ( ၆၀၀ )နီးပါး သေဆုံးသွားပြီး၊ ထိုထဲတွင် ကလေးငယ် ၄၀ ကျော်ပါရှိကြောင်း AAPP မှထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...