Tuesday, January 27, 2026

သင်္ကြန်ကာလအတွင်း သတိပြု သွားလာရန် PDF တပ်ဖွဲ့ တိုက်တွန်း

လာမည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ဦးဆောင်ကျင်းပပေးမည့် သင်္ကြန် မဏ္ဍပ်တွင် အသွားလာ သတိထားရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တိုက်တွန်းလိုက်ကြောင်း စုံစမ်းသိရသည်။

ပုံ – ၂၀၂၂ (တောင်ကြီးမြို့မှာ စစ်ကောင်စီဉီးဆောင်ကျင်းပတဲ့ သင်္ကြန်)

ယခုနှစ်အတွင်း သျှမ်းပြည်တစ်ဝှမ်းတွင် သင်္ကြန်ပွဲကျင်းပရန်အတွက် စစ်ကောင်စီက ဦးဆောင်ပြီး ရေကစားမဏ္ဍပ်များကို အကြီးအကျယ် ပြုလုပ် ပေးနေလျက်ရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည် တောင်ကြီးမြို့တွင် သင်္ကြန် ရေကစား မဏ္ဍပ် အတွက် (၇) နေရာတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ တောင်ကြီးမှာတော့ အခုက မဏ္ဍပ်တွေ စလုပ်နေပြီ ။ စစ်ကောင်စီက လုပ်ပေးတဲ့ဟာကတော့ ၇ ခုလောက်တော့ရှိတယ်။ သူတို့က အကြီးကြီး လုပ်ပေးတယ်။ မြို့မဈေးနား နဲ့ လွှတ်တော်ရုံးတွေဘက်မှာလည်း လုပ်ပေးနေတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအပြင် သျှမ်းပြည်တစ်ဝှမ်း မြို့ကြီးများဖြစ်သည့် လားရှိုးမြို့ ၊ မူဆယ်မြို့ ၊ တောင်ကြီးမြို့ စသည့် မြို့ကြီးများထဲတွင် စစ်ကောင်စီက သင်္ကြန်ပွဲအတွက် အကြီးအကျယ် ကျင်းပပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အလားတူ ယခုနှစ် အတွင်းတွင် ဒုတိယအကြိမ်အဖြစ် အင်းလေးရေပေါ်သင်္ကြန်ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ကြန်အတွင်းတွင် သွားလာရန်အတွက် အထူးသတိပြု သွားလည်ကြပါရန်အတွက် သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပြောသည်။

“တပ်တွင်း မိသားစု မဟုတ်တဲ့ မိဘပြည်သူတွေ အနေနဲ့တော့ အဲ့လိုနေရာတွေကို သွားရင် အထူးသတိထားစေချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အဖွဲ့ထဲကပဲ မိုင်းထောင်ထားပြီးတော့ PDF တွေလုပ်မယ်ဆိုပြီး သူတို့ သတင်းတွေမှာ လွင့်နေမယ်။ ကျနော်တို့အနေနဲ့လည်း သွားလာတာ သတိထားဖို့ပဲ မှာချင်တယ်” ဟု ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ခွဲ ၂ ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း စစ်ကောင်စီက သင်္ကြန်ပွဲအတွက် မဏ္ဍပ်များကို ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့သော်လည်း သွားရောက်လည်ပတ်သူ မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...