သင်္ကြန်ကာလအတွင်း သတိပြု သွားလာရန် PDF တပ်ဖွဲ့ တိုက်တွန်း

လာမည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက ဦးဆောင်ကျင်းပပေးမည့် သင်္ကြန် မဏ္ဍပ်တွင် အသွားလာ သတိထားရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က တိုက်တွန်းလိုက်ကြောင်း စုံစမ်းသိရသည်။

ပုံ – ၂၀၂၂ (တောင်ကြီးမြို့မှာ စစ်ကောင်စီဉီးဆောင်ကျင်းပတဲ့ သင်္ကြန်)

ယခုနှစ်အတွင်း သျှမ်းပြည်တစ်ဝှမ်းတွင် သင်္ကြန်ပွဲကျင်းပရန်အတွက် စစ်ကောင်စီက ဦးဆောင်ပြီး ရေကစားမဏ္ဍပ်များကို အကြီးအကျယ် ပြုလုပ် ပေးနေလျက်ရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည် တောင်ကြီးမြို့တွင် သင်္ကြန် ရေကစား မဏ္ဍပ် အတွက် (၇) နေရာတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ တောင်ကြီးမှာတော့ အခုက မဏ္ဍပ်တွေ စလုပ်နေပြီ ။ စစ်ကောင်စီက လုပ်ပေးတဲ့ဟာကတော့ ၇ ခုလောက်တော့ရှိတယ်။ သူတို့က အကြီးကြီး လုပ်ပေးတယ်။ မြို့မဈေးနား နဲ့ လွှတ်တော်ရုံးတွေဘက်မှာလည်း လုပ်ပေးနေတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုအပြင် သျှမ်းပြည်တစ်ဝှမ်း မြို့ကြီးများဖြစ်သည့် လားရှိုးမြို့ ၊ မူဆယ်မြို့ ၊ တောင်ကြီးမြို့ စသည့် မြို့ကြီးများထဲတွင် စစ်ကောင်စီက သင်္ကြန်ပွဲအတွက် အကြီးအကျယ် ကျင်းပပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အလားတူ ယခုနှစ် အတွင်းတွင် ဒုတိယအကြိမ်အဖြစ် အင်းလေးရေပေါ်သင်္ကြန်ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ကြန်အတွင်းတွင် သွားလာရန်အတွက် အထူးသတိပြု သွားလည်ကြပါရန်အတွက် သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ပြောသည်။

“တပ်တွင်း မိသားစု မဟုတ်တဲ့ မိဘပြည်သူတွေ အနေနဲ့တော့ အဲ့လိုနေရာတွေကို သွားရင် အထူးသတိထားစေချင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ အဖွဲ့ထဲကပဲ မိုင်းထောင်ထားပြီးတော့ PDF တွေလုပ်မယ်ဆိုပြီး သူတို့ သတင်းတွေမှာ လွင့်နေမယ်။ ကျနော်တို့အနေနဲ့လည်း သွားလာတာ သတိထားဖို့ပဲ မှာချင်တယ်” ဟု ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ခွဲ ၂ ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း စစ်ကောင်စီက သင်္ကြန်ပွဲအတွက် မဏ္ဍပ်များကို ဦးဆောင်ပြီး ပြုလုပ်ပေးခဲ့သော်လည်း သွားရောက်လည်ပတ်သူ မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...