တော်လှန်သင်္ကြန် နဲ့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြံအစည်

အာဏာသိမ်း စစ်ကောင်စီ လက်ထက် ဒုတိယအကြိမ်မြောက် သင်္ကြန်ကာလမှာ တော်လှန်သင်္ကြန်တွေ ပြုလုပ်ကြဖို့ လူငယ်တွေတိုက်တွန်းနေချိန် စစ်ကောင်စီကတော့ သူတို့လက်ထက်မှာ ပြည်သူတွေ ပျော်ပျော် ရွှင်ရွှင်နဲ့ သင်္ကြန်ကို ဆင်နွဲနေတယ်ဆိုတာကို ချပြနိုင်ဖို့ နည်းမျိုးစုံနဲ့ စည်းရုံး လှုံ့ဆော်တဲ့အပြင် ဖိအားပေးတာ တွေလဲရှိပါတယ်။

တောင်ကြီးမြို့မှာ စစ်ကောင်စီဉီးဆောင်ကျင်းပတဲ့ သင်္ကြန် ဆင့်ဆိုခံရတဲ့ယိမ်းအကအဖွဲ့

ဒီရိုးရာသင်္ကြန်ဟာ သျှမ်းပြည်မှာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်တဲ့အတွက် အာဏာသိမ်းတာ မသိမ်းတာနဲ့ မသက်ဆိုင်ဘူးလို့ သီပေါ ဒေသခံ နန်းမွန်းမွန်းပေါင်း က သူ့ရဲ့အမြင်ကို ပြောပါတယ်။

“ကျမတို့ တိုင်းရင်းသားဒေသမှာက ရိုးရာမပျက် ထုံးတမ်းစဉ်လာအတိုင်း လုပ်နေကြ၊ တိုင်းရင်းသားတွေရဲ့ ဓလေ့အရ အရင်ကတည်းက ချစ်မြတ်နိုးစရာ နှစ်တိုင်း လုပ်ခဲ့တာတွေ ရှိတယ်။ ဖက်ထုပ်လေးတွေ လုပ်မယ်၊ ပြီးရင် ဘုရားရေသပ္ပါယ်တာရှိမယ်၊ ဘုရားကို အပြင်ကို ပင့်ပြီး ရေပန်းတွေနဲ့ ရေသပ္ပါယ်တာပေါ့၊ ဒါတွေက အရင်ကတည်းက ရှိနေကြပဲ၊ ပန်းလေးတွေ ယူလာပြီး နှစ်သစ်ကို ကြိုတာ၊ သင်္ကြန်အကြိုနေ့မှာ ကြိုဆိုကြတာ၊ ဒါက ထုံးစံပဲလေ၊ ယဉ်ကျေးမှုက ယဉ်ကျေးမှုပဲ၊ အာဏာသိမ်းတာ မသိမ်းတာနဲ့ မဆိုင်ဘူးလို့တော့ ကျမ မြင်တယ်” 

လူထုအာဏာကို သိမ်းထားတဲ့ စစ်ကောင်စီကလဲ သင်္ကြန်ကာလ အခွင့်အရေးကို ယူပြီး တိုင်းပြည်ကို ထိန်းသိမ်းနိုင်ပြီဆိုတာ ပြဖို့ တောင်ကြီးမြို့မှာ သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

တောင်ကြီးမြို့တွင်းမှာတော့ ရေကစားတဲ့သူမရှိ ခြောက်ကပ်လို့နေ

တောင်ကြီးမြို့ရဲ့ ဗဟိုမဏ္ဍပ် အခမ်းအနားအတွက် မြို့ပေါ်ရပ်ကွက်အလိုက် နယ်မြေတစ်ခုမှ ၂၅ ဦးစီ တက်ရောက်ဖို့ စစ်ကောင်စီ ညွှန်ကြားခဲ့တယ်လို့ အငြိမ်းစားအရာရှိတစ်ဦးကလည်း ဆိုပါတယ်။

“သူတို့လုပ်တဲ့ သင်္ကြန်ပွဲ စည်တယ်ဆိုတာကို ပြချင်တာ၊ အခုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် နယ်မြေတစ်ခုကို ၂၅ ဦး တက်ဖို့ ပြောလာတယ်၊ ကျနော်တို့အသိုင်းအဝိုင်းကတော့ သွားမှာမဟုတ်ပါဘူး”

တဖက်မှာလည်း သျှမ်းပြည်အပါအဝင် ပြည်ထောင်စု တဝှမ်းလုံးက မငြိမ်းချမ်းသေးတဲ့ အချိန်ကာလမို့လို့ တော်လှန်သင်္ကြန် ပြုလုပ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ တိုက်တွန်းနိုးဆော်ထားတာတွေ တွေ့မြင်နေရပါတယ်။

တောင်ကြီးခရိုင်က လူထုကာကွယ်ရေးတပ်မှာ ပါဝင်တဲ့ လူငယ်တဉီးကတော့ သူ့ရဲ့ ရင်တွင်းစကားကို အခုလို ပြောပါတယ်။

ဒီနှစ်သင်္ကြန်က ပျော်စရာ သင်္ကြန်မဟုတ်ဘူး တော်လှန်သင်္ကြန်ဖြစ်တယ်။ သူတို့ လုပ်ချင်တာကလည်း နိုင်ငံတကာမှာ လူစည်းကားတယ်ဆိုတာပြချင်တယ်။ ကျနော်ပြောချင်တာက ဘယ်သူ့ကိုမှ အားမနာချင်နေ သူတို့လုပ်တာကို မပါဝင်ဘဲ ကိုယ့်ဟာကို အိမ်မှာဘဲ ဓလေ့ထုံးစံနဲ့ အကြို၊ အကျ၊ အကြပ်၊ အတက် ကိုယ့်ဟာကို အိမ်မှာဘဲ နေပြီး ဖြတ်သန်းပေးကြပါ။ သင်္ကြန်မဏ္ဍပ်သွားမှဘဲ သင်္ကြန်မဟုတ်ဘူး။

အာဏာသိမ်း စစ်ကောင်စီ ကို ဆန့်ကျင်တဲ့လူငယ်အများစုတော့  စစ်ကောင်စီဟာ လူစည်ကားရာ သင်္ကြန်မဏ္ဍပ်တွေမှာ၊ ရေပက်ခံနေရာတွေမှာ မိုင်းထောင်တာတွေ၊ ဖေါက်ခွဲရေးလုပ်တာတွေ၊ စနိုက်ဘာနဲ့ ပစ်တာတွေ ပြုလုပ်ပြီး လူထုကာကွယ်ရေးတွေကို အပစ်ပုံချဖို့ လုပ်လေ့လုပ်ထရှိလို့ သင်္ကြန်ပွဲ မသွားဖို့ တိုက်တွန်း နေကြတာဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သင်္ကြန်ကာလအပြီး တောင်ကြီးတွင် လိုင်စင်မဲ့ ယာဉ်(၃၀)ကျော် ဖမ်းဆီးခံရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ကာလအပြီး လိုင်စင်မဲ့ယာဉ်များ၊ စုံ-မ သတ်မှတ်ချက် မှားယွင်းမှုများ ဖမ်းဆီးနေပြီး ယာဉ်အစီးရေ (၃၀)ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီလ ၂၀ ရက်)တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း အလယ် ဘီအိုစီ စက်သုံးဆီဆိုင်ရှေ့နှင့် ဗိုလ်ချုပ်လမ်းဘက်တွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့်...