Tuesday, January 27, 2026

တောင်ကြီးသင်္ကြန်ကာလ အကြိုလုံခြုံရေးဆောင်ရွက်ရာတစ်ပတ်အတွင်း (၁၄) မှု အရေးယူနိုင်ခဲ့ဟုဆို

တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလ အကြိုလုံခြုံရေးအတွက်ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ တစ်ပတ်အတွင်း လက်နက်မှု (၃) မှုနှင့် မူးယစ်ဆေးဝါး မှု (၁၁) မှုစုစုပေါင်း(၁၄) မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်ထံမှသိရ သည်။

Photo by Ying Tai (SHAN) - တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်
Photo by Ying Tai (SHAN) – တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်

” သင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ် ပွားမှုတွေ ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ၊ အရက်သေစာ မူးယစ်သောက်စားတာတွေ ၊ ကာမ ရာဂ စိတ်ကြွဆေးတွေစားပြီး မှုခင်းကျူးလွန်တာတွေ သင်္ကြန်တွင်းမဖြစ်သင့် တဲ့အမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းဖြစ်တယ် ၊ တောင်ကြီးမြို့ပေါ် ၅ နေရာ လောက် ပိတ်ဆို့ ရှာဖွေမှုတွေပြုလုပ်သွားမှာ ဖြစ်တယ် ” – ဟု ရဲမှူးမောင်မောင်နိုင်က ပြောသည် ။

Photo by Ying Tai (SHAN) - တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်
Photo by Ying Tai (SHAN) – တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်

တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

Photo by Ying Tai (SHAN) - တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်
Photo by Ying Tai (SHAN) – တောင်ကြီး မြို့ပြင် ၊ သစ်တောဂိတ် Royal Taunggyi hotel အနီးတွင် ဧပြီလ (၁၀) ရက်နေ့ ည ရ နာရီ ဝန်းကျင် အချိန်၌ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးပိုင်းအဖွဲ့များပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်

” ခုခေတ်သင်္ကြန်က တစ်နှစ်ထက်တစ်နှစ် ရိုင်းလာတယ် ၊ လူငယ်တွေ ဆေးမူးမယ် ၊ အရက်မူးမယ် ၊ ရန်ဖြစ်ကြမယ် တော်တော် သတိထားရမယ့် အချက်တွေပါ ” ဟု တောင်ကြီးဒေသခံ အိုက်ထွန်းက ပြောသည် ။

တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလအတွင်း ဖျော်ဖြေရေး မဏ္ဍပ်နှင့် အများပြည်သူအပမ်းဖြေသည့်နေရာ များတွင် လုံခြုံရေးအင်အား (၁၈၈) ဦးခန့် ထား ရှိမည်ဖြစ်ပြီးလှည့်ကင်းများ နေ့ရောညပါ လှည့်လည်ဆောင်ရွက်သွားမည်ဟု ရဲမှူးမောင်မောင်နိုင်ထံမှဆက်လက်သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လွိုင်ကော်မြို့တွင် ကြိုတင်မဲကောက်ယူနေပြီး မဲမထည့်လျှင် လုံခြုံရေးအာမ,မခံကြောင်း ခြိမ်းခြောက်

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ ကောက်ယူနေပြီး မဲစာရင်းပါသည့်အတိုင်း မဲမထည့်သူများကို လုံခြုံရေး အာမ,မခံကြောင်း ခြိမ်းခြောက်မှုများပါ ရှိနေသည်ဟု စုံစမ်းသိရသည်။ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်ကော်မြို့ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများထံမှ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...