သင်္ကြန်ကာလအပြီး တောင်ကြီးတွင် လိုင်စင်မဲ့ ယာဉ်(၃၀)ကျော် ဖမ်းဆီးခံရ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ကာလအပြီး လိုင်စင်မဲ့ယာဉ်များ၊ စုံ-မ သတ်မှတ်ချက် မှားယွင်းမှုများ ဖမ်းဆီးနေပြီး ယာဉ်အစီးရေ (၃၀)ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီလ ၂၀ ရက်)တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း အလယ် ဘီအိုစီ စက်သုံးဆီဆိုင်ရှေ့နှင့် ဗိုလ်ချုပ်လမ်းဘက်တွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုင်စင်မဲ့ယာဉ်နှင့် စုံ၊မ ရက်အလိုက် ယာဉ်များကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရသည့် ယာဉ်အစီး (၃၀)ကျော်ကို ငွေကြေးဖြင့် ပြန်ရွေးခိုင်းပြီး တစ်ချို့သော ယာဉ်များကို အပြီးသိမ်းဆည်းလိုက်ကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“မနေ့က ဆီသွားတန်းတာ အဲ့နားမှာ ဖမ်းနေတာ အုပ်စုလိုက်ပဲ၊ သူတို့ဖမ်းထားတဲ့ ကားနဲ့ ဆိုင်ကယ်ကို သုံးဆယ်ကျော်လောက် ရှိမယ်။ တချို့ကျတော့ စုံ၊မ ဖမ်းတာဆို ပိုက်ဆံ သုံးသိန်းလောက်ပေးပြီး ပြန်ရွေးရင် ရတယ်လို့ ပြောတယ်။ လိုင်စင်မပါရင်တော့ အကုန်သိမ်းတာတဲ့ ပေးမရွေးတော့ဘူးပြောတယ်”ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးနေသောကြောင့် ပြည်သူများ အသွားအလာ သတိပြုကြရန်နှင့် စုံ၊မ ရက်အလိုက်ဆိုင်ကယ်မောင်းနှင်ပြီး သတိဖြင့် သွားလာကြရန် အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့၌ စက်သုံးဆီဝယ်ယူသည့် စနစ် ပြန်လည် ကန့်သတ်လိုက်သောကြောင့် တစ်ပတ်လျှင် နှစ်ကြိမ်သာ ဆီဖြည့်ခွင့်ရပြီး စုံ၊မ မခွဲပဲ ဆီဖြည့်ခွင့်ရသောကြောင့် ဒေသခံအများစုမှာ ဆီသွားတန်းရာ စုံ၊မ ရက်အလိုက်ပါ အဖမ်းခံနေရကြောင်း သိရသည်။

“သင်္ကြန်မတိုင်ခင်က စုံ၊မ မခွဲဘူး သွားတန်းလို့ရတယ်။ အခုသင်္ကြန်ပြီးတော့ စုံ၊မ ပြန်ဖမ်းနေတာ အရမ်းရှုပ်တယ်။ အရေးကြီးလို့ အပြင်ထွက်မယ်ဆို စုံ၊မ ပြန်စစ်ရအုံးမယ်၊ ဆီကလည်း တစ်ပတ်မှာမှ နှစ်ကြိမ်ဆိုတော့ အဆင်မပြေဘူးလေနော”ဟု တောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် အနိမ့်ဆုံး ၅၀၀၀ ကျပ်မှ အမြင့်ဆုံး ၈၅၀၀ အထိ ရှိနေပြီး လိုင်စင်မဲ့ယာဉ်များအတွက် ပြင်ပ ပေါက်ဈေး တစ်လီတာလျှင် ငွေကျပ် တစ်သောင်းခွဲအထိ ရှိနေပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...