သင်္ကြန်အတွက်ဟုဆိုပြီး လားရှိုးမြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်၊ ကားသမားများထံ ပိုက်ဆံကောက်ယူ

သျှမ်းပြည် လားရှိုးခရိုင် ၊ လားရှိုးမြို့နယ်အတွင်း သင်္ကြန်ပြုလုပ်ရန်အတွက် စည်းကမ်းမဲ့ ယာဉ်မောင်း လာသူများကို စောင့်ဆိုင်းစစ်ဆေးနေပြီး ငွေကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ ဆိုင်ကယ်၊ ကားသမားများထံ ပိုက်ဆံကောက်ယူ

ယခု မတ်လ ပထမပတ်က စပြီး လားရှိုးမြို့နယ်အတွင်း ကား ၊ ဆိုင်ကယ် များကို စစ်ဆေးနေပြီး လိုင်စင်မပါရှိသည့် ဆိုင်ကယ်သမားကို ငွေ ၃ သောင်းထိ ကောက်ယူပြီး ကားသမားကို ၁ သိန်းအထိ ကောက်ယူလျက်ရှိကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ကယ်ဆိုရင် ဦးထုပ်၊ ဆိုင်ကယ်နံပါတ်ပြား၊ နောက်ကြည့်မှန်၊ လိုင်စင်တွေ စစ်တယ်။ မရှိရင် သူတို့ ၃ သောင်းထိတောင်းတယ်။ ကားဆိုရင်တော့ ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေ စစ်တယ်။ ကားဆိုရင် ၅ သောင်းကနေ ၁ သိန်းထိ တောင်းတယ်။ သူတို့ သင်္ကြန်ပွဲ အကြီးကြီးလုပ်ဖို့အတွက် ရန်ပုံငွေ ရှာပြီး စစ်ဆေးကောက်နေတာဖြစ်တယ်”ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ ရဲတပ်ဖွဲ့ ဆိုင်ကယ်၊ ကားသမားများထံ ပိုက်ဆံကောက်ယူ

အဆိုပါ စစ်ဆေးပြီး ငွေကြေးအများအပြား တောင်းခံနေသည့်အတွက် ပြည်သူများ သွားလာရန် ခက်ခဲမှုရှိကြောင်း သိရသည်။

ထိုအပြင် ငွေကြေးမဆောင်သည့် ဆိုင်ကယ်များကို သိမ်းယူထားပြီး နောက်နေ့ ငွေဖြင့် ပြန်လာရွေးယူခိုင်းကြောင်း လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

“ အဓိကတော့ ကျေးရွာကလာတဲ့ သူတွေကို စိတ်ပူတာပေါ့။ သူတို့က ဘာမှ မသိဘူးလေ။ သူတို့ မြို့ထဲဝင်လာရင် လမ်းမသိတော့ စစ်ဆေးခံရတယ်။ ကျနော်တို့ကတော့ လမ်းကြိုလမ်းကြားထဲကနေ သွားရတာပေါ့။ ပြီးတော့ ပိုက်ဆံ အများပေးရတယ်လေ။ ပြီးတော့ အခုကလည်း စီးပွားရေး မကောင်းဘူးလေ။ ပိုက်ဆံလည်း မရှိကြဘူး။ ပိုက်ဆံမပေးနိုင်ရင်လည်း ဆိုင်ကယ်ကို ထားထားခိုင်းပြီး ပြန်လာရွေးခိုင်းတာ” ဟု ၎င်းက ပြောသည်။

လက်ရှိ လားရှိုးမြို့နယ်ထဲတွင် တက္ကသိုလ်ကျောင်း အနီး ၊ လားရှိုးပန်းခြံ၊ မန်ဆူ ကားဂိတ်တွင် စစ်ဆေးနေလျက်ရှိ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...