ထိုင်းအစိုးရမှ ကျောင်းသားဗီဇာကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် တင်းကြပ်မည်

ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်မည့် ကျောင်းသားများ၏ ဗီဇာအမျိုးအစားများကို စည်းမျဉ်းသစ် (၅)ချက်ဖြင့် စစ်ဆေးပြီးမှသာ ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ကျောင်းသားဗီဇာနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှုကို တားဆီးရန် ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဗီဇာအမျိုးအစားများကို စိစစ်ပြီးနောက် စည်းမျဉ်းသစ် (၅) ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အသစ်ထုတ်ပြန်လိုက်‌သော စည်းမျဉ်းသစ်များတွင် (၁) တက်ရောက်မည့် သင်တန်း၏ အမည်၊ ကြာချိန်၊ တာဝန်ခံ၊ သင်ရိုးညွှန်းတမ်း စသည့် အသေးစိတ်အချက်အလက်များ ဖော်ပြနိုင်ခြင်း၊ (၂) စောင့်ကြည့်စစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း၊ (၃) လစဉ် အစီရင်ခံတင်ပြခြင်း၊ (၄) ကြေညာချက်များကို မလိုက်နာပါက တက်ရောက်မည့် သင်တန်း အစီအစဉ်ကို ဖျက်သိမ်းနိုင်ခြင်း၊ (၅) အချက်အလက်များကို မျှဝေခြင်းနှင့် စုံစမ်းစစ်ဆေးရေးကို ပူးပေါင်း ဆောင်ရွက်ခြင်း စသည်တို့ပါဝင်ကြောင်း ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။


ထိုင်းနိုင်ငံရှိ ကျောင်းသားဗီဇာသည် တက္ကသိုလ်တွင်တက်ရောက်ရမည့် (ED Visa) နှင့် ဘွဲ့မဟုတ်သော သင်တန်းများအတွက် ဗီဇာ (Non-Degree Visa) ဟူ၍ အမျိုးအစားနှစ်ခု ရှိသည်။

ပတ်ပိုစ့်

ယခု ထုတ်ပြန်လိုက်သော စည်းမျဉ်းသစ်သည် ဘွဲ့မဟုတ်သော သင်တန်းများအတွက် ထုတ်ပေးသောဗီဇာ (Non-Degree Visa) ခွင့်ပြုမှုအပေါ် အကျုံးဝင်ကြောင်း သိရသည်။

ထိုသို့ စည်းမျဉ်းသစ် ထုတ်ပြန်လိုက်ခြင်းကြောင့် တရားမဝင် နေထိုင်မှုအပေါ် သက်ရောက်မှုရှိပြီး လက်ရှိ တရားဝင် နေထိုင်သည့် လူများအပေါ်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း ထိုင်းနိုင်ငံတွင် တက္ကသိုလ်တက်ရောက်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မြန်မာလူငယ်တွေအပါအဝင် တခြားနိုင်ငံသားတွေပါ အတော်လေးသက်ရောက်မှုရှိနိုင်တယ်။ အထူးသဖြင့် ED ဗီဇာပေါ်မူတည်တဲ့ ယုံကြည်မှု ပျက်စီးလာနိုင်ပြီး အားလုံးအတွက် ထိခိုက်မှုရှိမယ်။ … ထိုင်းလဝကရုံးမှာ၊ ဘဏ်မှာ၊ တချို့အစိုးရနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ Ed Visa သမားတွေအတွက်အရင်လောက် မလွယ်ကူတာ မျိုးတွေဖြစ်လာနိုင်တယ်” ဟု ၎င်းတက္ကသိုလ်တက်ရောက်နေသူက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် လူငယ်အများစုသည် ထိုင်းတက္ကသိုလ်များမှ ဖွင့်လှစ်သည့် ကာလတို ဘာသာစကားသင်တန်းများ တက်ရောက်ပြီး ကျောင်းသားဗီဇာအမျိုးအစားဖြင့် ထိုင်းနိုင်ငံသို့ အများအပြားဝင်ရောက်လာကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလတွင် ထိုင်းအစိုးရက ကျောင်းသား ဗီဇာဖြင့် တရားမဝင် အလုပ်လုပ်ကိုင်မှုကို တားဆီးရန် ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းကာ ဥပဒေမူဘောင်တစ်ရပ်ကို လက်မှတ်ထိုးပြီး ထိုစည်းမျဉ်းသစ်ပေါ်လာကြောင်း သိရသည်။
အလုပ်သင်သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

0
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။ ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို...

ထိုင်းတွင်ဆေးလိပ်သောက်သူအသစ် လုံးဝမရှိလာစေရေး ဥပဒေပြဋ္ဌာန်းရန် အစိုးရစဉ်းစားနေ

0
ထိုင်းနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူအသစ်များ မပေါ်ပေါက်လာစေရန် သတ်မှတ်ထားသော နှစ်နောက်ပိုင်းမွေးဖွားသူ လူငယ်များအား ဆေးလိပ်နှင့် နီကိုတင်းထုတ်ကုန်များ တရားဝင်ဝယ်ယူခွင့် အပြီးတိုင်ပိတ်ပင်မည့် "နီကိုတင်းကင်းစင်သော မျိုးဆက် (Nicotine-Free Generation)" မူဝါဒကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စတင်လေ့လာသုံးသပ်နေကြောင်း The Nation Thailand တွင်ဖော်ပြသည်။ မေလ ၂၈ ရက် (ကြာသပတေးနေ့)...

ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ချက်ရုတ်သိမ်းလိုက်သည့်နှင့် ဆီဈေးခုန်တက်

0
ထိုင်းအစိုးရမှ စက်သုံးဆီ ဈေးနှုန်းကန့်သတ်ထားမှုကို ရုတ်သိမ်းပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ပြောင်းလဲခွင့်ပြုလိုက်သည့်အတွက် ထိုင်းတနိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ၆ ဘတ်ခန့် မြင့်တက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (မတ်လ ၂၆) ရက်တွင် ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ထားချက်ကို ရုတ်သိမ်းလိုက်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်သည့်အတွက် ဆီတစ်လီတာလျှင်...

ထိုင်းအစိုးရ မြစ်ချောင်း အဆိပ်သင့်ညစ်ညမ်းမှုကို အထူးအာရုံစိုက်ရန် လူထုတောင်းဆို

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့တွင် ယမန်နေ့ (မတ်လ ၂၂ ရက်) က ကျရောက်သော ကမ္ဘာ့ရေနေ့ (World Water Day) အထိမ်းအမှတ်အဖြစ် မြစ်ချောင်းအနီး နေထိုင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စုပေါင်းကာ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းကြရန် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်၍...

ထိုင်းအစိုးရဝန်ထမ်းများ အိမ်မှအလုပ်လုပ်ရန်နှင့် ပြည်ပခရီးစဉ် ရပ်ဆိုင်းထားရန် အမိန့်ထုတ်

0
လက်ရှိဖြစ်ပွားနေသည့် အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံကြား ပဋိပက္ခများကြောင့် စွမ်းအင်သုံးစွဲမှု လျော့ချရန်အတွက် အစိုးရဝန်ထမ်းများ Work from Home အိမ်မှအလုပ်လုပ်ရန် ထိုင်းအစိုးရမှ အမိန့်ထုတ်ပြန်လိုက်သည်။ ကမ္ဘာ့စွမ်းအင် အရင်းအမြစ်ဖြစ်သော အရှေ့အလယ်ပိုင်း နိုင်ငံများတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး ရေနံနှင့် စွမ်းအင်ဈေးနှုန်းများ မတည်ငြိမ်ခြင်းကြောင့် အစိုးရအေဂျင်စီများ၊ နိုင်ငံပိုင်လုပ်ငန်းများအတွက် အိမ်မှအလုပ်လုပ်ရန်...