ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ချက်ရုတ်သိမ်းလိုက်သည့်နှင့် ဆီဈေးခုန်တက်

ထိုင်းအစိုးရမှ စက်သုံးဆီ ဈေးနှုန်းကန့်သတ်ထားမှုကို ရုတ်သိမ်းပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ပြောင်းလဲခွင့်ပြုလိုက်သည့်အတွက် ထိုင်းတနိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ၆ ဘတ်ခန့် မြင့်တက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ (မတ်လ ၂၆) ရက်တွင် ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ထားချက်ကို ရုတ်သိမ်းလိုက်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်သည့်အတွက် ဆီတစ်လီတာလျှင် ၆ ဘတ်အထိမြှင့်တက်သွားခဲ့သည်။

“ဈေးတက်ရင်လည်း တက်ပါစေ၊ ဆီလုံးဝမရှိတာထက်စာရင် တက်တဲ့ဈေးနဲ့ဝယ်ရတာက တော်ပါသေးတယ်” ဟု ဆီတန်းစီနေသူတစ်ဦးက ပြောထားသည်။

PTT ဓာတ်ဆီဆိုင်တစ်ခု၏ ရည်ညွှန်းဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

Gasohol 95: ၄၁.၁၀ ဘတ်/လီတာ

Gasohol E20: ၃၆.၁၀ ဘတ်/လီတာ

Gasohol E85: ၃၂.၇၉ ဘတ်/လီတာ

Gasohol 91: ၄၀.၇၃ ဘတ်/လီတာ

Gasohol 95 Premium: ၅၂.၀၉ ဘတ်/လီတာ

Benzine 95: ၄၉.၆၄ ဘတ်/လီတာ

Diesel (ဒီဇယ်): ၃၈.၉၉ ဘတ်/လီတာ

Premium Diesel: ၅၄.၆၉ ဘတ်/လီတာ

ကိုးကား : The Nation Thailand

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို ID ကတ်ပြား ထုတ်ပေးသည့် အစီအစဉ် ထိုင်းအစိုးရ တရားဝင်စတင်

0
လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ယာယီခိုလှုံရာစခန်းများ၌ အထူးခွင့်ပြုချက်ဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID cards) များ စတင်ထုတ်ပေးမည့် လူဦးရေစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း Khaosod...

မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

0
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။ ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို...

ထိုင်းတွင်ဆေးလိပ်သောက်သူအသစ် လုံးဝမရှိလာစေရေး ဥပဒေပြဋ္ဌာန်းရန် အစိုးရစဉ်းစားနေ

0
ထိုင်းနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူအသစ်များ မပေါ်ပေါက်လာစေရန် သတ်မှတ်ထားသော နှစ်နောက်ပိုင်းမွေးဖွားသူ လူငယ်များအား ဆေးလိပ်နှင့် နီကိုတင်းထုတ်ကုန်များ တရားဝင်ဝယ်ယူခွင့် အပြီးတိုင်ပိတ်ပင်မည့် "နီကိုတင်းကင်းစင်သော မျိုးဆက် (Nicotine-Free Generation)" မူဝါဒကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စတင်လေ့လာသုံးသပ်နေကြောင်း The Nation Thailand တွင်ဖော်ပြသည်။ မေလ ၂၈ ရက် (ကြာသပတေးနေ့)...

ထိုင်းအစိုးရ မြစ်ချောင်း အဆိပ်သင့်ညစ်ညမ်းမှုကို အထူးအာရုံစိုက်ရန် လူထုတောင်းဆို

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့တွင် ယမန်နေ့ (မတ်လ ၂၂ ရက်) က ကျရောက်သော ကမ္ဘာ့ရေနေ့ (World Water Day) အထိမ်းအမှတ်အဖြစ် မြစ်ချောင်းအနီး နေထိုင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စုပေါင်းကာ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းကြရန် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်၍...

ထိုင်းအစိုးရဝန်ထမ်းများ အိမ်မှအလုပ်လုပ်ရန်နှင့် ပြည်ပခရီးစဉ် ရပ်ဆိုင်းထားရန် အမိန့်ထုတ်

0
လက်ရှိဖြစ်ပွားနေသည့် အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံကြား ပဋိပက္ခများကြောင့် စွမ်းအင်သုံးစွဲမှု လျော့ချရန်အတွက် အစိုးရဝန်ထမ်းများ Work from Home အိမ်မှအလုပ်လုပ်ရန် ထိုင်းအစိုးရမှ အမိန့်ထုတ်ပြန်လိုက်သည်။ ကမ္ဘာ့စွမ်းအင် အရင်းအမြစ်ဖြစ်သော အရှေ့အလယ်ပိုင်း နိုင်ငံများတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး ရေနံနှင့် စွမ်းအင်ဈေးနှုန်းများ မတည်ငြိမ်ခြင်းကြောင့် အစိုးရအေဂျင်စီများ၊ နိုင်ငံပိုင်လုပ်ငန်းများအတွက် အိမ်မှအလုပ်လုပ်ရန်...