ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့တွင် ယမန်နေ့ (မတ်လ ၂၂ ရက်) က ကျရောက်သော ကမ္ဘာ့ရေနေ့ (World Water Day) အထိမ်းအမှတ်အဖြစ် မြစ်ချောင်းအနီး နေထိုင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စုပေါင်းကာ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းကြရန် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်၍ တောင်းဆိုခဲ့ကြသည်။
ထိုင်းအစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လက်ရှိတွင် အဆိပ်သင့် ညစ်ညမ်းနေသော မြစ်ချောင်းများအပေါ် အထူးအာရုံစိုက်ရန်နှင့် အထူးသဖြင့် မြစ်ကြောင်းတစ်လျှောက် လုပ်ဆောင်နေသည့် မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကို အမြန်ဆုံး ရပ်တန့်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
Photo by စိုင်းဆိုင်စင်မိန်း/ခွန်ခိင်း/SHAN

















Leave a Comments