မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။

ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို ဖြတ်တောက်ခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ ကျဆင်းသွားခဲ့သည့် တချိန်တည်းမှာပင် ထိုင်းနိုင်ငံအတွင်း၌လည်း ကမ္ဘောဒီးယားနှင့် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် လုပ်သားရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာခဲ့ရာ ယင်းအခြေအနေနှစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်းအစိုးရက မူဝါဒကို ပြောင်းလဲကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

ယခုမူဝါဒအပြောင်းအလဲအရ ထိုင်းအစိုးရသည် နယ်စပ်တလျှောက်ရှိ ယာယီခိုလှုံရာစခန်း ကိုးခုတွင် ဆယ်စုနှစ်ပေါင်းများစွာ အကူအညီများကိုသာ မှီခိုနေခဲ့ရသည့် မြန်မာဒုက္ခသည် ၈၀,၀၀၀ ခန့်ကို တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

UNHCR ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယမဟာမင်းကြီး မစ္စတာ ရောက်ဖ် (Raouf Mazou) က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတွင် “တကယ်လို့ ဒါက ဒီမှာ အောင်မြင်ခဲ့ရင် ဒေသတွင်းအပေါ် သက်ရောက်မှုရှိလာမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့ပြင်၊ ဒုက္ခသည်အမြောက်အမြားကို လက်ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားကဲ့သို့သော နိုင်ငံများအတွက် အဖိုးတန်သင်ခန်းစာ ဖြစ်လာနိုင်ကြောင်း ၎င်းကထည့်သွင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် စီမံကိန်းစတင်ခဲ့ကတည်းက ဒုက္ခသည်အလုပ်သမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အနိမ့်ဆုံးလုပ်ခလစာ (Minimum Wage) တို့ကို အပြည့်အဝရရှိစေရန် ထိုင်းအာဏာပိုင်များနှင့် အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် ဒုက္ခသည်များအား ဘဏ်အကောင့်ဖွင့်လှစ်ခြင်း၊ မိုဘိုင်းဆင်းကတ်ဝယ်ယူခြင်းနှင့် ၎င်းတို့၏ တရားဝင်အဆင့်အတန်းကို စိစစ်နိုင်မည့် အထူးသက်သေခံကတ်ပြား (Identity Cards) များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းတို့အား တရားဝင်စီးပွားရေးကဏ္ဍအတွင်းသို့ ဘေးကင်းစွာ ပေါင်းစည်းနိုင်ရန်အတွက် အလွန်အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း မစ္စတာ မာဇူးက ရှင်းပြသည်။

ကုလသမဂ္ဂအရာရှိများ၏ ခန့်မှန်းချက်အရ လာမည့်နှစ်အတွင်း ဒုက္ခသည် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ထပ်မံအလုပ်ရရှိနိုင်ကြောင်း သိရသည်။

ဆယ်စုနှစ်ပေါင်းများစွာ စခန်းတွင်း၌သာ နေထိုင်ခဲ့ရသည့် ဒုက္ခသည်များအနေဖြင့် လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ချက်အချို့ ရှိနေသေးခြင်းနှင့် စခန်းပြင်ပ လူနေမှုဘဝသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ယူရခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။

သို့သော်လည်း မစ္စတာ မာဇူးက “ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခြင်းဟာ လူတွေကို ၎င်းတို့ရဲ့ ဌာနေနိုင်ငံကို ပြန်လည်ရောက်ရှိတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေစေသလို၊ သို့မဟုတ် အခြားနေရာသစ်တစ်ခုမှာ ပြန်လည်အခြေချရင်ဖြစ်စေ၊ သို့မဟုတ် လက်ရှိရောက်နေတဲ့ လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းနေထိုင်ရရင်ဖြစ်စေ ဘယ်နေရာမှာ မဆို အထောက်အကူဖြစ်စေပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ကိုးကား – Bangkok Post

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် သြဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်

0
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အဖြစ်မှ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူထားသူ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လဆန်းပိုင်းတွင် ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်ရှိနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သမ္မတရာထူး ရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုသို့ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ်...

ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် EAOs နှင့် NSPNC တို့ကို အာဆီယံအထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

0
လက်ရှိ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇရိုသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs များနှင့် စစ်အစိုးရလက်အောက်ခံ NSPNC ကိုယ်စားလှယ်တို့ကို သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လက်ရှိ အာဆီယံဥက္ကဋ္ဌ၏...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို ID ကတ်ပြား ထုတ်ပေးသည့် အစီအစဉ် ထိုင်းအစိုးရ တရားဝင်စတင်

0
လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ယာယီခိုလှုံရာစခန်းများ၌ အထူးခွင့်ပြုချက်ဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID cards) များ စတင်ထုတ်ပေးမည့် လူဦးရေစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း Khaosod...

မြန်မာဒုက္ခသည်များ စခန်းပြင်ပ၌ နယ်ကျော် တရားဝင်အလုပ်လုပ်ကိုင်နိုင်မည့်  ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA) ထုတ်ပြန်

0
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည်များ အနေဖြင့် သတ်မှတ်ထားသော ပြည်နယ် ၄၃ ခုတွင် အစိုးရက ခွင့်ပြုထားသည်။  ထို အလုပ်အကိုင်အမျိုးအစားများ၌ တရားဝင် ထွက်ခွာလုပ်ကိုင်ခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းအုပ်ချုပ်ရေး ဦးစီးဌာန (DOPA) က တရားဝင် ရှင်းလင်းထုတ်ပြန်ကြောင်း The Nation Thailand ဖော်ပြသည်။ ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန၏ ရှင်းလင်းချက်အရ ၁၉၈၄...