ဟိုပုံးမြို့ စည်ပင်သာယာရေးမှ အမှိုက်ခွန်ကောက်ခံသော်လည်း လိုက်လံသိမ်းဆည်းမှုအားနည်း

သျှမ်းပြည် ဟိုပုံးမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ လစဉ် အမှိုက်ခွန်များ ကောက်ခံနေသော်လည်း အမှိုက်သိမ်းသည့်ကားများ ပုံမှန်မရောက်လာပဲ အမှိုက်ရှင်းလင်းမှု အားနည်းနေကြောင်း စုံစမ်းသိရသည်။

ဟိုပုံးမြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ပြည်သူများထံ လစဉ် အမှိုက်ခွန်များ ကောက်ခံထားသော်လည်း အမှိုက်သိမ်းဆည်းသည့် ကားများမှာ ပုံမှန် လာရောက်သိမ်းဆည်းမှု မလုပ်သည့်အတွက်ကြောင့် ပြည်သူများ အခက်တွေ့နေကြောင်း ဟိုပုံးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးထဲမှာ ရှုပ်ပွနေတဲ့ အမှိုက်တွေကိုတော့ လာသိမ်းသွားပါပြီ။ လှိုင်းပေါ်တွေမှာ တက်လာလို့ ထင်တယ်၊ ဒီနေ့မှ လာသိမ်းသွားတယ်။ ဒါပေမယ့် မြို့ထဲက ရပ်ကွက်ထဲမှာ အမှိုက်ကားတွေ မလာတာတော့ ကြာပြီ။ အမှိုက်တွေက အိမ်မှာ ရှိနေတာလည်း ကြာတော့ အဆင်မပြေဘူး၊ ပုပ်ပွကုန်ပြီ။ ပိုက်ဆံလည်း လတိုင်းကောက်နေတာကို” ဟု ဟိုပုံးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် ဟိုပုံးမြို့မဈေးတွင်လည်း အမှိုက်စွန့်ပစ်မှုများ ပြုလုပ်နေသည့်အတွက်ကြောင့် ဈေးရောင်းနေသည့် ပျံကျဈေးသည်များအတွက် အနံ့အသက်နှင့် ခြင်ယင်မှတဆင့် ကူးစက်နိုင်သည့် ရောဂါများဖြစ်စေကြောင်း ဟိုပုံးမြို့မဈေးအတွင်း ဈေးရောင်းနေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

“လမ်းဘေးစျေးသည်လေးတွေက ဆိုင်ခန်းမငှားနိုင်လို့ လမ်းဘေးရောင်းနေရတယ်လေ။ လမ်းဘေးစျေးသည်ကို မသနားကြဘူး၊ လူတွေက မလိုက်နာကြဘူး။ တချို့မြို့ထဲက လာပစ်တာ၊ တချို့ဈေးထဲကနေလည်း ပစ်တာပေါ့။ အဲ့လိုကြတော့ ဈေးလာရောင်းတဲ့ လူတွေအတွက် အခက်အခဲ ဖြစ်စေတာပေါ့။ ဘယ်သူကိုမှ အပြစ်မပြောပါဘူး။ အမှိုတ်ကို ဝေးဝေးမှာ ပစ်စေချင်တာပါ”ဟု ၎င်းဈေးသည် အမျိုးသမီးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဟိုပုံးမြို့ စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်အတွင်း နေအိမ်များတွင် တစ်လ ၂ သောင်းနှုန်းဖြင့် အမှိုက်ခွန်များ ကောက်ခံပြီး၊ ပျံကျဈေးသည်များထံ နေ့စဉ် တစ်ရက် ၂ ထောင် ကောက်ခံနေသော်လည်း မြို့အတွင်း စည်ပင်သာယာရေး သန့်ရှင်းရေးအပိုင်းတွင် အားနည်းမှု ရှိနေကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...