ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေးဖမ်းဆီးမှုပြုလုပ်

သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ဖမ်းဆီးမှုများ အပြိုင်အဆိုင်များ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ် သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“လူငယ်တွေက သိပ်တောင် မတင်ရဲတော့ဘူး။ပန်င နားမှာနေ့တိုင်း လိုလိုကို စောင့်နေတာ။ တခြားကားတွေ ကလည်း လူကြီးတို့ အသက်ကြီးတဲ့သူ ၊ ဆေးသွားကုမယ်ဆိုရင် ပေးသွားပါတယ်။ ခုနောက်ပိုင်းတော့ လူငယ်တွေက သိပ်မသွားရဲ တော့ဘူး။ စစ်မှုထမ်းစာရင်ထဲ ပါရင်တော့ ခေါ်ထားတယ်ဆိုတဲ့ သဘောပေါ့။”ဟု ကားသမားတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ သို့သွားသော လမ်းမကြောတွင် ရပ်ကွက်၊ကျေးရွာ ထောက်ခံစာများ၊ နိုင်ငံသား မှတ်ပုံတင်များ အိမ်ထောင်စု စာရင်းများကို ယခင်ထပ်စစ်မှုများတင်းကြပ်ကာ အသက် ၁၈ နှစ်အောက် ကလေးများကို လည်း မိဘ မပါရင် သွားလာခွင့်မပြုကြောင်းနှင့် ၁၈ အထက်လူငယ်များကိုလည်း ဖမ်းဆီးမှုများ ရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သော အသက် ၃၀နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တာချီလိတ်သွားနေတာတွေကတော့ အရင်လောက်မတွေ့တော့ဘူး။ သူများလည်း သိပ်မသွားရဲတော့ဘူး။ အဓိကတော့ ဖမ်းခံရမှာစိုးရိမ်ရတာပေါ့။ တချို့တွေကလည်း ပြန်လာချင်တာလည်း မလာရဲဘူး။သ သျှမ်းစစ်သား ပဲကြောက်ရတာ မဟုတ်ဘူး။ ဗမာစစ်သားတွေကိုလည်း ကြောက်ရတယ်။ သူတို့က ‌ခေါ်သွားရင်တော့ ဘယ်ရောက် မလဲဆိုတာ မသိရဘူး။ ကြောက်ရတာပေါ့။”ဟု ၎င်းအမျိုးသမီး က ဆိုသည်။

ထို တိုင်းရင်သားလက်နက်ကိုင်များ အပြိုင်အဆိုင် စစ်မှုထမ်းခြင်း ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးနောက် ကားသမားများအတွက် အခက်အခဲများ ကြုံတွေ့လာပြီး လူငယ်များ ခရီးသည်များနည်းပါး လာသည့်အတွက် ဝင်ငွေနည်းပါးကာ စားဝတ်နေရေး အခက်အခဲလာကြောင်း ကားသမားများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူတွေ တင်ရရင်တော့ ပိုမြတ်တာပေါ့။ ပြီးတော့ အရင်လို လွတ်လွတ်လပ်လပ် မသွားရတော့ဘူး။ အဲ့လမ်းသွားတဲ့လူတွေ တော်တော်များများ ကတော့ ၁၀ ယောက်မှာ ဆိုရင်တော့ ၆ ယောက်လောက်က ထိုင်းသွားတာပေါ့။ ကားဆရာတွေ ကလည်း ဘယ်သူမှ အရင်လို သိပ်မသွားရဲ‌တော့ဘူး။ ဧည့်သည်တွေ မရှိရင်တော့ ကျနော်တို့က ခက်ခဲတာပေါ့။ ဆီဈေးတွေ ကလည်း တက်နေတာပဲလေ။ကုန်တင်ပြီး အသွားအပြန်နဲ့ဆို ဘာမှမကျန်ဘူးလေ ခုလိုမျိုးဆိုရင်။”ဟု ကားသမားတစ်ဦးက ပြောသည်။

ဖမ်းဆီးစစ်ဆေးမှုများကို မိုင်းရှူးမြို့နယ် ပန်င ကျေးရွာ လမ်းခွဲ၊ခိုလမ်၊မိုင်းပန်၊တာကော် တံတားနှင့် ကျိုင်းလွန်းလမ်းခွဲ စသည့် နေရာများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် စစ်ကောင်စီတပ်တို့ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့သူများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ နှင့် SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သျှမ်းပြည်အတွင်း နေထိုင်သည့် ဒေသခံပြည်သူများမှ နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာများကို သိမ်းဆည်းသွားမည်ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ထုတ်ပြန်ခဲ့သည်။

စစ်ရေးပဋိပက္ခ ကာလအတွင်း သျှမ်းပြည်တွင် နေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး သျှမ်းပြည်အမျိုးသားရေး တာဝန် ထမ်းဆောင်နိုင်ရန်အတွက် စစ်မှုထမ်းမူဝါဒနှင့် မြေယာမူဝါဒများကို (RCSS/SSA)ကထုတ်ပြန်လာသည်။

အလားတူ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၂)ရက်တွင်လည်း သျှမ်းပြည်‌ ကျေးသီးမြို့နယ်ရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပိတ်ပင် ဖမ်းဆီးမှု ပြုလုပ်ကာ၊ ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု SSPP က ထုတ်ပြန် ကြေညာ ထားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ရေး အဖက်ဖက်ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စတင်ကျင့်သုံး တော့မည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၃၅နှစ် မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးများ ဖြစ်လျှင် အသက် ၁၈နှစ်မှ အသက် ၂၇နှစ်မပြည့်ခင်အထိ သတ်မှတ်ထားသည်။ ထို့အပြင် အတတ်ပညာ အသက်မွေး ဝမ်းကျောင်း ပြုသည့် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသား အသက် ၁၈နှစ် မှ ၄၅နှစ် အမျိုးသမီး အသက် ၁၈နှစ်မှ ၃၅နှစ်ထိသတ်မှတ်ထားသည်။

ထိုစစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများသည် နီးစပ်ရာ နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...