မူဆယ်ဒေသခံများ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထံ ဆက်ကြေးပေးဆောင်ရ၊ လုံခြုံမှုမရှိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံမှုမရှိကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့

၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆက်ကြေးငွေ ပေးဆောင်ရသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး ဓားပြတိုက်၊ ပြန်ပေးဆွဲခြင်းများ မကြာခဏ ရှိလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“မြို့ပေါ်ကိုတော့ အဖွဲ့တိုင်းက တစ်နှစ်စာ အခွန်ဆိုပြီးတော့ လာကောက်ရင် ထည့်လိုက်ရတာဘဲ။ SSPP ၊ KIA ၊ TNLA လာသမျှအဖွဲ့ အကုန်ထည့်ရတယ်။ ဘယ်ရက်နောက်ဆုံးလို့ ပြောရင် မီအောင် သွားထည့်ရတာ၊ တခြားမသိတဲ့ အဖွဲ့တွေ လာရင်ကျတော့ ဘယ်သူမှ လုံခြုံရေး မယူပေးနိုင်ဘူး။ လူကို ပြန်ပေးဆွဲတာ၊ သေနတ်ပြပြီး ဓားပြတိုက်သွားတာ အများကြီးပဲ ဖြစ်လာတယ်”ဟု မူဆယ်မြို့ဒေသခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က မူဆယ်မြို့တွင် MSPDF အမည်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံ အွန်လိုင်းမှ စာပို့ခြိမ်းခြောက်ပြီး ငွေညှစ်တောင်းခံလာကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

မူဆယ်မြို့နယ်တွင် TNLA ၊ KIA နှင့် SSPP/SSA စသည့် လက်နက်ကိုင် တပ်ဖွဲ့များမှလည်း ပြည်သူလူထုထံ အခွန်ကောက်ခံသော်လည်း လုံခြုံရေး အာမခံချက် မရှိကြောင်း ဒေသခံများက ပြောသည်။

TNLA နမ့်ခမ်း

“မူဆယ်မြို့က မဟာမိတ်တပ်တွေ ဝိုင်းပတ်ထားတာတောင်မှ မသမာတဲ့လူတွေက လုပ်စားနေတုန်းပဲ။ စစ်ကောင်စီတပ်လည်း မြို့ပေါ်ကွက်ကွက်လေး ကျန်တာတောင် မထိန်းနိုင်တော့ဘူး။ ကင်းပတ်လှည့်နေလည်း ဘာလုံခြုံရေးမှ မထိရောက်ဘူး၊ သူတို့ကိုယ်တိုင် လက်နက်ကိုင်အယောင်ဆောင်ပြီး ငွေညှစ်နေတယ်လို့ ပြည်သူတွေ ယူဆနေကြတာ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ ကုန်သည်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ မတ်လ ၂ ရက် ညအချိန်ကလည်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် အလုပ်မှ ပြန်လာသည့် အရပ်သား(၂)ဦးကို စစ်ကောင်စီတပ်မှ မာရှယ်လော အကြောင်းပြ၍ ပစ်သတ်ခဲ့ပြီး အလောင်းကို ယူသွားခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“၂ ရက်နေ့က ဟိုမွန်ရပ်ကွက်ထဲ ၄၅ ကုန်းဘက်မှာ ည ၉ နာရီကျော် ပြန်လာတဲ့လူ ၂ ယောက်ကို စစ်တပ်က ပစ်သတ်လိုက်တာ။ ဆိုင်ကယ်နဲ့ လာတာဆိုတော့ ရပ်ကွက်ထဲကလူတော့ မဟုတ်ဘူး။ သေနတ်ပစ်ခံရတာက ကျား/မ မသိရဘူး၊ စစ်တပ်ကပဲ အလောင်းကောက်သွားတယ် ပြောကြတယ်”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အတွက် သေနတ်ပစ်ခတ်မှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ မန်ပြိန်းပြည်သူ့စစ် စသည်ဖြင့် လက်နက်ကိုင်ဆောင်သူများသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...