TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ မာရှယ်လောကြောင့် ဒေသခံများ ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

မန်တုံမြို့ TNLA သိမ်းပိုက်နိုင်ခဲ့

မတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်က မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာခဲ့ပြီး တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ စစ်ဆင်ရေးအတွင်း ၎င်းတို့ ထိန်းချုပ်ထားနိုင်ခဲ့သည့် မြို့ (၇)မြို့တွင် ညမထွက်ရ ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်ကြောင်း မတ်လ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းမြို့များတွင် နေထိုင်သည့် ပြည်သူများသည် TNLA တပ်ဖွဲ့၏ ညမထွက်ရ ရုတ်သိမ်းသည့် ကြေညာချက်နှင့် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး မာရှယ်လောအကြား ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

“TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ဘာတခုမှ မသေချာသေးဘူး၊ သတိထားပြီး နေရတယ်။ ပြည်သူတွေကတော့ တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်နေတယ်။ တဘက်က ရုတ်သိမ်းပြီးတော့ တဘက်က လိုက်နာရမယ်လို့ ကြေညာတော့ မြေပြင်မှာ နေတဲ့ ပြည်သူက ဘယ်သူ့ဟာ လိုက်နာရမလဲ။ ဘာဖြစ်လာဦးမလဲ ဆိုတာတော့ သူတို့ဆွေးနွေးလာတာကို နားထောင်ရဦးမှာ”ဟု နမ္မတူမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့က စစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရ အမိန့်များကို ယခုအချိန်တွင် လုံခြုံရေးစီမံချက်များ ဖော်ဆောင်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ အထိုက်အလျောက် လည်ပတ်နေခြင်းကြောင့် ၎င်းကန့်သတ်ချက်များကို ရုတ်သိမ်းကြောင်း ထုတ်ပြန်လာသည်။

အခြားတဘက်တွင် TNLA ထိန်းချုပ်ထားသည့် ၎င်းမြို့များထဲမှ ၃ မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာကာ ဒေသခံလူထုအား ထိတ်လန့်စေရန် ဆောင်ရွက်လာကြောင်း TNLA တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“မာရှယ်လောထုတ်တဲ့ သဘောကတော့ စစ်ကောင်စီက အစိုးရ မဟုတ်တော့ နယ်မြေတွေကို ခွဲပေးလို့မရဘူးပေါ့။ မာရှယ်လောထုတ်ပြီး စစ်အုပ်ချုပ်ရေးလုပ်ပြီဆိုတော့ သူတို့ပေးချင်ရင်လည်း ပေးလိုက်မှာပေါ့။ ဒီ ၃ မြို့နယ်ကို ပေးမယ်၊ တခြားမြို့နယ်တွေကိုတော့ မပေးနိုင်ဘူးဆိုတဲ့ အနေအထားမျိုး ရှိတာပေါ့။ “ဝ”နဲ့ မိုင်းလားတို့လို ပေးချင်တာလား ဆိုတာလည်း တွက်ဆလို့ရတယ်”ဟု ဒေသတွင်း နိုင်ငံရေးလေ့လာသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၁ ရက်နေ့အထိ တရုတ်နိုင်ငံ၏ စီစဉ်ပေးချက်အရ ကူမင်းမြို့၌ စတုတ္ထအကြိမ် တွေ့ဆုံပွဲတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား ဟိုင်ဂင်သဘောတူ စာချုပ်အရ သျှမ်းမြောက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားရမည်ဖြစ်ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်နိုင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

“မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ဖို့က တရုတ်ကို မလွန်ဆန်နိုင်ဘူးလို့ ထင်တယ်။ အခုတိုက်နေတာက လွတ်လပ်ရေးအတွက် တိုက်တာမဟုတ်ဘဲနဲ့ နယ်မြေရရှိဖို့ပဲ တိုက်တာဆိုရင် ညှိနှိုင်းလို့ ရမယ့်သဘောရှိတယ်။ တချို့ထင်တာကတော့ တိုက်ပွဲပြန်ဖြစ်မှာပေါ့၊ တကယ်တော့ ဒီ ၃ မြို့နယ်ကို အရင်ပေးမယ်ဆိုတာမျိုး ထင်တာပေါ့”ဟု ၎င်းဒေသတွင်း နိုင်ငံရေးလေ့လာသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့အကြား စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းမှ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ဆန်၊ မန်တုံနှင့် နမ္မတူ မြို့(၃)မြို့ မာရှယ်လော ကြေညာခံရခြင်းသည် ထူးခြားကြောင်း ၎င်းနိုင်ငံရေးလေ့လာသူက သုံးသပ်ပြောဆိုသည်။

အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ၎င်းတို့ထိန်းချုပ်ထားနိုင်သော မြို့(၃)မြို့ကို စစ်ကောင်စီမှ မာရှယ်လော ကြေညာသည့်လုပ်ရပ်သည် ဒေသတွင်း မိဘပြည်သူများအား ခြိမ်းခြောက်သည့် လုပ်ရပ်ဟု မတ်လ ၆ ရက်နေ့တွင် သဘောထား ထုတ်ပြန်လာသည်။

ထို့အပြင် စစ်ကောင်စီနှင့် ၎င်းတို့ ၃ ဖွဲ့အကြား အသိသက်သေများရှေ့တွင် လက်မှတ်ရေးထိုး သဘောတူညီထားသည့် ဟိုင်ဂင် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တုံ့ပြန်ပြောဆိုထားသည်။

လက်ရှိ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့နယ်တို့ကို ၂၀၂၃ နိုဝင်ဘာလ ၁၂ ရက်က လားရှိုး၊ သိန္နီ၊ မူဆယ်၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်တို့နှင့်အတူ စစ်ကောင်စီက အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ လွှဲအပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...