တာချီလိတ် အွန်လိုင်းလောင်းကစား လူငယ် (၅၄၀) ဦး ပြန်မလွှတ်သေး

ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဖမ်းဆီးခံထားရသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် မြန်မာနိုင်ငံသားလူငယ် (၅၄၀) ဦး ရက်သတ္တ ၂ ပတ်ကြာ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။

တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးရှိ အွန်လိုင်းလုပ်ငန်းနေရာကို ဖေဖော်ဝါရီလ ၂၃ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသားအပါအဝင် မြန်မာနိုင်ငံသား လူငယ် စုစုပေါင်း (၆၈၉) ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံထားသည့် အွန်လိုင်းလောင်းကစား (၆၈၉) ဦးအနက် တရုတ်နိုင်ငံသား ၁ ဦးနှင့် ထိုင်းနိုင်ငံသား ၁၄၇ ဦးကို သက်ဆိုင်ရာ နိုင်ငံသို့ပြန်လွှဲပေးရန် စစ်ကောင်စီက စီစဉ်ထားသော်လည်း မြန်မာနိုင်ငံသားလူငယ် (၅၄၀) ဦးကိုမှု ဆက်လက်ထိန်းသိမ်းထားမည်ဟုသိရသည်။

“မြန်မာနိုင်ငံသား ၅၀၀ ကျော်ကိုတော့ ထိန်းသိမ်းထားတုန်းပဲ။ တချို့မိဘတွေကတော့ အဆောက်အဦးရှေ့မှာ သွားသွားပြီးစောင့်နေတာ။ ဒီနေ့ကို ထောင်ဝင်စာ ၂ ခေါက်သွားပို့ပြီး ဟိုနေ့လွှတ်မလိုလို၊ ဒီနေ့လွှတ်လွတ် မျှော်နေတာပေါ့ဗျာ” ဟု တာချီလိတ်မြို့ အသက် ၃၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် လူငယ်များကို တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ အဆောက် အဦးနေရာတွင်ထားရှိကြောင်း သိရသည်။

အလားတူ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်၊ စိမ်းလန်းသောတောင်အနီး တည်ရှိသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း) နေရာကို မတ်လ ၅ ရက် ညပိုင်းက စစ်ကောင်စီက ထပ်မံဝင်ရောက်စီးနင်းရာ လူတစ်ရာကျော် ဖမ်းဆီးခံရကြောင်း တာချီလိတ်မြို့ဒေသခံတစ်ဦးကပြောသည်။

“တရုတ် ၆၀ ကျော် ဖမ်းခံရတယ်ကြားတယ်။ လားဟူလူမျိုး သူဌေးပိုင်တဲ့ အဆောက်အဦးမှာ ဝမ်ဖမ်းတာပါ။ အရင်က သူတို့ရဲတွေ၊ စစ်တပ်တွေကို တော်တော်ပိုင်တယ်။ အခုအထက်က ဆင်းဖမ်းတော့မှ သူလည်းဘာမှ မတတ်နိုင်ဘူး” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်က စစ်ကောင်စီ ဥက္ကဋ္ဌနှင့် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးတို့သည် ထိုင်း-မြန်မာနယ်စပ်တလျောက် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း)များကို ပူးပေါင်းနှိမ်နှင်းသွားမည်ဟု သဘောတူညီခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ယခုကဲ့သို့ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာလျက်ရှိသည်။

တရုတ်နိုင်ငံ အစိုးရ၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီသည် နယ်စပ်တလျှောက်နှင့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း) များကို လိုက်လံဖမ်းပြီး သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ မတ်လ ၅ ရက်အထိ တရုတ်နိုင်ငံသား ၅၀,၇၇၂ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၂,၈၂၀ ဦးကို လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၆ ရက်၌ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...